Tuesday, November 26, 2024

တရုတ်၊ မက္ကဆီကိုနှင့် ကနေဒါတို့ကိုအခွန်သစ် စည်းကြပ်မည်–ထရမ့်ပ်

တရားမဝင် လူဝင်ရောက်မှုများနှင့် တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုများကို စိုးရိမ်ရသည်ဟုဆိုကာ သူ သမ္မတတာဝန်ထမ်းဆောင်သည့် ပထမရက်တွင်ပင် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံများမှ သွင်းကုန်အားလုံးအပေါ် အခွန်စည်းကြပ်မှု...

ထိုင်းနိုင်ငံက စပါးတောင်သူများအတွက် ဘတ် ၃၈...

ဘန်ကောက်၊နိုဝင်ဘာ ၂၅ ထိုင်းနိုင်ငံစိုက်ပျိုးရေးဝန်ကြီးက နိုင်ငံ၏ဆန်စပါးစိုက်တောင်သူများအတွက် ဘတ်ငွေ ၃၈ ဘီလျံ (ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ) ကို အကူအညီပေးမည့်...

AFF Mitsubishi Electric Cup...

AFF Mitsubishi Electric Cup 2024ပြိုင်ပွဲတွင် မြန်မာအသင်းနှင့်တစ်အုပ်စုတည်းကျရောက်နေသည့် ဗီယက်နမ်အသင်းမှာ ကိုရီးယားနိုင်ငံတွင် စတင်လေ့ကျင်ပြင်ဆင်မှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ ဗီယက်နမ်အသင်းအနေဖြင့် ကိုရီးယားနိုင်ငံ၏ အဆင့်အမြင့်ဆုံးလေ့ကျင့်ရေးစင်တာတစ်ခုဖြစ်သည့် Smart...

“ဝ” တောင်ပိုင်းအတွင်းရှိ UWSA စခန်း...

"ဝ"တောင်ပိုင်း ၁၇၁ ဧရိယာအတွင်းရှိ UWSA စခန်း ၉ ခုကို ထိုင်းစစ်တပ်က ဖယ်ရှားခိုင်း‌သည့်အပေါ် ယင်းကိစ္စရပ်သည် နိုင်ငံတော်အဆင့် ဆွေးနွေးရမည့်ကိစ္စဖြစ်သဖြင့် နိုင်ငံခေါင်းဆောင်များထံ...
HomeNewsLocal Newsရှမ်းလက်နက်ကိုင် ၂ ဖွဲ့...

ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ အပစ်ရပ် ပေါင်းစည်းရေးဆွေးနွေးနေချိန် တိုက်ပွဲပြန်လည်ဖြစ်ပွားဟု ဆို

ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့ ယမန်နေ့ နိုဝင်ဘာ ၂၅ ရက် နံနက်အ‌စောပိုင်းက တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့၊ တုံလောကျေးရွာအုပ်စု၊ ပန်ပွဲကျေးရွာအနီးရှိ SSPP/SSA တပ်စခန်းငယ်နှစ်ခုကို RCSS/SSA အဖွဲ့ အင်အား ၁၀၀ ကျော်က စစ်ကြောင်း သုံးကြောင်းခွဲ၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု SSPP/SSAက အသိပေးထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း SSPP/SSA တပ်ဖွဲ့ဝင် ၈ ဦးဖမ်းဆီးခံခဲ့ရပြီး စခန်းတွင်းရှိ ဆိုင်ကယ် ၄ စီး၊ မော်တော်ယာဉ် တစ်စီးတို့ကို မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဆိုသည်။

ထို့အပြင် RCSS/SSA အဖွဲ့များက ဒေသတွင်းရှိ လူနေအိမ်အချို့ကိုလည်း ဝင်ရောက်ရှာဖွေခဲ့သလို ကျေးရွာကော်မတီဝင်တစ်ဦးသည်လည်း ပ-စ်ခတ်ခံရမှုကြောင့် ‌ေ-သဆုံးခဲ့ရသည်ဟု ဆိုသည်။

SSPP/SSA ၏ အသိပေးထုတ်ပြန်မှုတွင် ၎င်းတို့ ရှမ်းတပ် နှစ်ဖွဲ့ အပစ်ရပ်၍ ပေါင်းစည်းနိုင်ရန် နှစ်ဖက်တပ် တွေ့ဆုံ ညှိနှိုင်းရေးလုပ်ဆောင်နေစဥ်ကာလဖြစ်ကြောင်း၊ တပ်နှစ်ဖွဲ့ပေါင်းစည်းနိုင်ရေးအတွက် နှစ်ဖက်တိုက်ပွဲများမဖြစ်ပွားစေရန် ထိန်းသိမ်းခဲ့ခြင်းကို RCSS တပ်ဖွဲ့မှ အခွင့်ကောင်းအဖြစ် အသုံးချကာ တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ရှမ်းတပ်ဖွဲ့ နှစ်ခု တိုက်ပွဲဖြစ်ပွားခဲ့ခြင်းအပေါ် RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး အုမ်ခေးထံ ပေါ်ပြူ လာနယူးစ်က ဆက်သွယ်မေးမြန်းရန် ကြိုးစားနေဆဲဖြစ်သည်။

RCSS/SSA အဖွဲ့သည် လက်ရှိ တပ်မတော်နှင့်ဆက်ဆံကောင်းများ တည်ဆောက်ထားနိုင်သည့် ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ကာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်၊ မက္ကဆီကိုနှင့် ကနေဒါတို့ကိုအခွန်သစ် စည်းကြပ်မည်–ထရမ့်ပ်

တရားမဝင် လူဝင်ရောက်မှုများနှင့် တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုများကို စိုးရိမ်ရသည်ဟုဆိုကာ သူ သမ္မတတာဝန်ထမ်းဆောင်သည့် ပထမရက်တွင်ပင် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံများမှ သွင်းကုန်အားလုံးအပေါ် အခွန်စည်းကြပ်မှု ၂၅ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ်တွင် ထပ်တိုးစည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ချမှတ်သွားမည်ဟု အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုဝင်ဘာ ၂၅ ရက်တွင် ကတိပြုလိုက်သည်။ “ဇန်နဝါရီ ၂၀ ရက်နေ့တွင် ကျွနု်ပ်၏ ပထမဆုံးသော သမ္မတအမိန့်များထဲမှ တစ်ခုအနေဖြင့် အမေရိကန်ပြည်ထောင်စုအတွင်း ဝင်ရောက်သော မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ ထုတ်ကုန်အားလုံးအပေါ် ၂၅...

ထိုင်းနိုင်ငံက စပါးတောင်သူများအတွက် ဘတ် ၃၈ ဘီလျံကူညီမည်

ဘန်ကောက်၊နိုဝင်ဘာ ၂၅ ထိုင်းနိုင်ငံစိုက်ပျိုးရေးဝန်ကြီးက နိုင်ငံ၏ဆန်စပါးစိုက်တောင်သူများအတွက် ဘတ်ငွေ ၃၈ ဘီလျံ (ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ) ကို အကူအညီပေးမည့် အစီအစဉ်ကို ကြေညာခဲ့ပြီး ကုန်ထုတ်စွမ်းအားမြှင့်တင်ရန်ရည်ရွယ်သည်ဟု‌ေပြာကြားခဲ့သည်။ စိုက်ပျိုးရေး၀န်ကြီးကမူ ၎င်းအ‌နေဖြင့် လာမည့်သောကြာနေ့အစည်းအဝေးတွင် အစိုးရအဖွဲ့ထံ ဘတ် ငွေ ၃၈ ဘီလျံ (ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ) ပေးမည့် အစီအစဉ်ကို တင်ပြမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ အဆိုပါအစီအစဉ်အရ စပါးစိုက်တောင်သူများသည် တစ်ရိုင်လျှင် ဘတ် ၁,၀၀၀ (၂၉ ဒေါ်လာ) ရရှိမည်ဖြစ်ပြီး တောင်သူတစ်ဦးလျှင်...

AFF Mitsubishi Electric Cup 2024ပြိုင်ပွဲတွင် မြန်မာအသင်းနှင့်တစ်အုပ်စုတည်းကျရောက်နေသည့် ဗီယက်နမ်အသင်း ကိုရီးယားနိုင်ငံတွင် စတင်လေ့ကျင်ပြင်ဆင်

AFF Mitsubishi Electric Cup 2024ပြိုင်ပွဲတွင် မြန်မာအသင်းနှင့်တစ်အုပ်စုတည်းကျရောက်နေသည့် ဗီယက်နမ်အသင်းမှာ ကိုရီးယားနိုင်ငံတွင် စတင်လေ့ကျင်ပြင်ဆင်မှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ ဗီယက်နမ်အသင်းအနေဖြင့် ကိုရီးယားနိုင်ငံ၏ အဆင့်အမြင့်ဆုံးလေ့ကျင့်ရေးစင်တာတစ်ခုဖြစ်သည့် Smart Air Dome Gyeongju ၌ နာမည်ကျော် ကိုရီးယားဂန္တဝင်ဂိုးသမားကြီး လီဝန်ဂျေးက ဂိုးနည်းပြအဖြစ် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။ ဗီယက်နမ်အသင်းကို နည်းပြချုပ်အဖြစ် ကိုရီးယားလူမျိုးနည်းပြ ကင်မ်ဆန်ဆစ်က တာဝန်ယူကိုင်တွယ်နေပြီး မစ်ဆူဘီရှီဖလားပြိုင်ပွဲ၌ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ လာအို အသင်းတို့တစ်အုပ်စုတည်းကျရောက်နေခြင်းဖြစ်သည်။ AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲကို လာမည့်ဒီဇင်ဘာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071