၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ၊ ဧပြီလမှ အောက်တိုဘာလ (၂၅) ရက်အထိ ပြည်ပသို့ ပို့ကုန်၊ သွင်းကုန် ဆောင်ရွက်မှုအနေဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ(၁၅၄၈၃)သန်းခန့် ဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်း၊သတ္တုတွင်းထွက်ပစ္စည်း ၊ သစ်တောထွက်ပစ္စည်းနှင့် အခြားပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်းပေါင်း (၈၅၁၆) သန်းကျော်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပို့ကုန်များကို တရုတ်၊ထိုင်း၊ဖိလစ်ပိုင်၊ ဗီယက်နမ်၊မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် ၊ ဂျာမနီ၊ နယ်သာလန်၊ ပိုလန်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ ဗြိတိန်၊ အမေရိကန်အစရှိသည့် နိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သိရသည်။
ထို့ပြင် သွင်းကုန်များဖြစ်သည့် မော်တော်ယာဉ်နှင့်မော်တော် ယာဉ်ပစ္စည်း၊ မီးရထားနှင့် မီးရထားပစ္စည်း၊ စက်နှင့်စက်ပစ္စည်း၊ သံ၊ သံမဏိနှင့် ဆောက်လုပ်ရေးပစ္စည်း၊ ရေနံထွက်ပစ္စည်း၊ ဓာတုပစ္စည်း၊ ဓာတ်မြေဩဇာ၊ ပလက်စတစ်ကုန်ကြမ်းပစ္စည်း၊ စက်သုံးဆီ၊ စားအုန်းဆီနှင့် ဆေးဝါးစသည့် ကုန်ပစ္စ ည်းများကို အမေရိကန်ဒေါ်လာ သန်းပေါင်း (၆၉၆၆) သန်းကျော်ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။