Home News Local News “ဝ” တောင်ပိုင်းအတွင်းရှိ UWSA စခန်း ၉ ခုကို ထိုင်းစစ်တပ်က ဖယ်ရှားခိုင်း၊ နိုင်ငံတော်အဆင့်ဆွေးနွေးရမည့်ကိစ္စဖြစ်သဖြင့် UWSA က နိုင်ငံခေါင်းဆောင်များထံ...

“ဝ” တောင်ပိုင်းအတွင်းရှိ UWSA စခန်း ၉ ခုကို ထိုင်းစစ်တပ်က ဖယ်ရှားခိုင်း၊ နိုင်ငံတော်အဆင့်ဆွေးနွေးရမည့်ကိစ္စဖြစ်သဖြင့် UWSA က နိုင်ငံခေါင်းဆောင်များထံ သတင်းပို့ထားဟု ဆို

0
82

“ဝ”တောင်ပိုင်း ၁၇၁ ဧရိယာအတွင်းရှိ UWSA စခန်း ၉ ခုကို ထိုင်းစစ်တပ်က ဖယ်ရှားခိုင်း‌သည့်အပေါ် ယင်းကိစ္စရပ်သည် နိုင်ငံတော်အဆင့် ဆွေးနွေးရမည့်ကိစ္စဖြစ်သဖြင့် နိုင်ငံခေါင်းဆောင်များထံ သတင်းပို့ထားသည်ဟု UWSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြောကြားထားသည်။

အဆိုပါ ၁၇၁ စစ်ဒေသသည် ရှမ်းပြည်နယ်အရှေ့ပိုင်း ပန်ဆန်းမြို့ ဗဟိုပြု “ဝ” ဒေသနှင့် မိုင်းဆတ်ကြားရှိ ထိုင်း- မြန်မာနယ်စပ်ကျိုင်းတုံ၊ တာချီလိတ်အတွင်း တည်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

“ဝ” ပြည်တောင်ပိုင်း ၁၇၁ ဒေသဧရိယာအတွင်း တပ်စခန်း ၉ ခုဖယ်ခိုင်းတာ မှန်ပါတယ်။ ဒီလိုကိစ္စမျိုးက ကျွန်တော်တို့နဲ့မပြီးဘူး။ နိုင်ငံတော်အချင်းချင်းဆွေးနွေးရမယ့် ကိစ္စရပ်ဖြစ်တယ်။ နိုင်ငံတော် ခေါင်းဆောင်ပိုင်းကိုလည်း သတင်းပို့ပြီးပါပြီ။ ထိုင်းဖက်က အင်အားတိုးတယ်လို့သိရပြီး ကျနော်တို့ဖက်ကတော့ပုံမှန်အခြေအနေပါပဲ” ဟု ဦးညီရမ်းက ၀‌ဒေသအခြေစိုက် မီဒီယာတစ်ခုကိုဖြေကြားထားသည်။

ထိုင်းသတင်းဌာန‌များကလည်း ထိုင်းတော်ဝင်စစ်တပ်၏ ထုတ်ပြန်ချက်ဖြစ်သည့် UWSA စစ်တပ်စခန်း ၉ ခုကို လာမည့် ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှား‌ပေးရန် ထုတ်ပြန်ချက်ကို ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်တွင် ဖော်ပြထားကြောင်း တွေ့ရသည်။

ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်တွင် UWSA အနေဖြင့် ဖယ်ရှားခိုင်းသည့် နယ်မြေများသည် ထိုင်းနိုင်ငံပိုင်နက် မဟုတ်သည့်အတွက် ပယ်ချခဲ့ပြီး၊ နိုင်ငံအချုပ် အခြာအာဏာကို ကာကွယ်ခြင်းဖြစ်သဖြင့် ထိုင်းစစ်တပ်ဘက်က ကျူးကျော်လာပါက လက်တုံ့ပြန်မည်ဟု သတိပေးထားကြောင်း ဖော်ပြထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here