Tuesday, November 26, 2024

အာဖဂန်ပြန်လည်တည်ဆောက်ရေး အမေရိက ကူညီသင့်–ရုရှား

ရုရှား၏ သြဇာကြီးမားသော လုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂီရှိုဂူက မော်စကိုသည် အာဖဂန်တွင် ရေရှည်ငြိမ်းချမ်းရေးရရှိရေးအတွက် အကူအညီပေးလိုသည်ဟု အာဖဂန်နစ္စတန်၏ တာလီဘန်ခေါင်းဆောင်များကို တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း ရုရှားသတင်းဌာနများကရေးသား...

မော်လမြိုင် စက်သုံးဆီဆိုင်မီးလောင်မှုမှ ထိခိုက်ဒဏ်ရာရပြီး ရန်ကုန်တွင်...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ စက်သုံးဆီဆိုင်မီးလောင်မှုမှ ထိခိုက်ဒဏ်ရာရပြီး ရန်ကုန်တွင် ဆေးကုသမှု ခံယူနေသည့် ဆီဆိုင်ပိုင်ရှင်သည် နိုဝင်ဘာလ (၂၃) ရက်က ကွယ်လွန်သွားခဲ့ကြောင်း ဘိုဘိုဝင်း...

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းသာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲရေး ရှေးမူမပျက်ပြုပြင်...

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ရှေးဟောင်းသာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲရေး ရှေးမူမပျက်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်နေကြောင်း သိရပြီး ထိုသို့ဆောင်ရွက်နေမှုများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မန္တလေးတိုင်းဒေသကြီး...

ထိုင်းနိုင်ငံ၏ လုမ္ဗဏီချန်ပီယံခါးပတ်လုပွဲတွင် ရိုးရာဖိုက်တာ ထွန်းမင်းနိုင်...

လာမည့် ဒီဇင်ဘာ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် လုမ္ဗဏီချန်ပီယံခါးပတ်လုပွဲတွင် ရိုးရာဖိုက်တာ ထွန်းမင်းနိုင်(ခ)စူလိုင်မန် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ လုမ္ဗဏီချန်ပီယံခါးပတ်သည် ထိုင်းနိုင်ငံ၏ အဆင့်မြင့်တန်း...
HomeInternationalတရုတ်၊ မက္ကဆီကိုနှင့် ကနေဒါတို့ကိုအခွန်သစ်...

တရုတ်၊ မက္ကဆီကိုနှင့် ကနေဒါတို့ကိုအခွန်သစ် စည်းကြပ်မည်–ထရမ့်ပ်

တရားမဝင် လူဝင်ရောက်မှုများနှင့် တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုများကို စိုးရိမ်ရသည်ဟုဆိုကာ သူ သမ္မတတာဝန်ထမ်းဆောင်သည့် ပထမရက်တွင်ပင် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံများမှ သွင်းကုန်အားလုံးအပေါ် အခွန်စည်းကြပ်မှု ၂၅ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ်တွင် ထပ်တိုးစည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ချမှတ်သွားမည်ဟု အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုဝင်ဘာ ၂၅ ရက်တွင် ကတိပြုလိုက်သည်။

“ဇန်နဝါရီ ၂၀ ရက်နေ့တွင် ကျွနု်ပ်၏ ပထမဆုံးသော သမ္မတအမိန့်များထဲမှ တစ်ခုအနေဖြင့် အမေရိကန်ပြည်ထောင်စုအတွင်း ဝင်ရောက်သော မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ ထုတ်ကုန်အားလုံးအပေါ် ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံသွားရန်နှင့် အဆင်ခြင်မဲ့စွာ နယ်စပ်ဖွင့်ထားမှုများကို စီမံဆောင်ရွက်ရန် လိုအပ်သော စာရွက်စာတမ်းအားလုံးကို ကျွန်တော် လက်မှတ်ရေးထိုးသွားမယ်” ဟု Truth ဆိုရှယ်မီဒီယာပေါ်တင်ခဲ့သော ပို့စ်၌ သူက ပြောဆိုခဲ့သည်။

အဆိုပါ အခွန်းစည်းကြပ်မှုသည် အထူးသဖြင့် ဖန်တာနိုင်းမူးယစ်ဆေးဝါးများနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော် လူဝင်ရောက်မှုများကို ယင်းနှစ်နိုင်ငံက မနှိမ်နင်းမချင်း ပြဌာန်းထားမည်ဖြစ်သည်ဟု ထရမ့်ပ်ကပြောကြားခဲ့သည်။

မက္ကဆီကိုနှင့် ကနေဒါတို့သည် အမေရိကန်ပြည်ထောင်စု၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံများဖြစ်ကြပြီး ၂၀၂၃ ခုနှစ်တွင် မက္ကဆီကို ပို့ကုန်များ၏ ၈၃ ရာခိုင်နှုန်းကျော် သည် အမေရိကသို့ တင်ပို့ခဲ့ခြင်းဖြစ်သကဲ့သို့ ကနေဒါ ပို့ကုန်များ၏ ၇၅ ရာခိုင်နှုန်းသည် အမေရိကသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

တရုတ်နှင့် ပတ်သက်၍မူ ပေကျင်းသည် မက္ကဆီကိုမှ အမေရိကသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်သော တရားမဝင် မူးယစ်ဆေးဝါးများ စီးဝင်မှုကို တားဆီးရန် လုံလောက်သည့် ထိရောက်သော အရေးယူဆောင်ရွက်မှုမရှိဟု ရွေးကောက်ခံသမ္မတက စွပ်စွဲသည်။

အဆိုပါဖြစ်စဉ်ကို အရေးယူတားမြစ်မှုမလုပ်မချင်း အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်သည့် ၎င်းတို့၏ ကုန်ပစ္စည်း အားလုံးအပေါ် မည်သည့်ထပ်လောင်းအခွန်းစည်းကြပ်မှုများထက်မဆိုမြင့်မားသော နောက်တိုးအခွန်စည်းကြပ်မှု ၁၀ ရာခိုင်နှုန်း တရုတ်ကို ကောက်ခံသွားမည်ဖြစ်သည်ဟု ထရမ့်ပ်က ပြောဆိုခဲ့သည်။

ကုန်သွယ်ရေးစစ်ပွဲတစ်ခုတွင် အမေရိကလည်း နိုင်မည်မဟုတ်သကဲ့သို့ တရုတ်လည်း နိုင်မည်မဟုတ်ဟု ဝါရှင်တန်ရှိ တရုတ်သံရုံးက နိုဝင်ဘာ ၂၅ ရက်တွင် ပြောဆိုခဲ့သည်။

“တရုတ်အပေါ် အမေရိကရဲ့ အခွန်စည်းကြပ်မှုကိစ္စနဲ့ပတ်သက်လို့တော့ တရုတ်-အမေရိက စီးပွားရေးနဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ သဘာဝအားဖြင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုရှိတယ်လို့ တရုတ်နိုင်ငံက ယုံကြည်ပါတယ်” ဟု တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူ Liu Pengyu က သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဖဂန်ပြန်လည်တည်ဆောက်ရေး အမေရိက ကူညီသင့်–ရုရှား

ရုရှား၏ သြဇာကြီးမားသော လုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂီရှိုဂူက မော်စကိုသည် အာဖဂန်တွင် ရေရှည်ငြိမ်းချမ်းရေးရရှိရေးအတွက် အကူအညီပေးလိုသည်ဟု အာဖဂန်နစ္စတန်၏ တာလီဘန်ခေါင်းဆောင်များကို တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း ရုရှားသတင်းဌာနများကရေးသား ဖော်ပြကြသည်။ အာဖဂန်တွင် နှစ်ပေါင်းများစွာ စစ်ရေးပါဝင်ပတ်သက်မှုရှိခဲ့သော အမေရိက အနေဖြင့် အာဖဂန်နစ္စတန်ပြန်လည်တည်ဆောက်ရေးတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်သင့်သည်ဟုလည်း ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သည့် ရှိုဂူက ပြောကြားလိုက်သည်။ ကဘူးလ်အစိုးရကို အမေရိက၏ ပိတ်ဆို့ဒဏ်ခတ်မှု ဖိအားများမှ ပြေလျော့စေရေးအတွက် ၎င်းတို့ကို ကူညီရန် တာလီဘန်ခေါင်းဆောင်များက တောင်းဆိုခဲ့သည်ဟု ရုရှားသတင်းဌာနများက ဆိုခဲ့သည်။ ရှိုဂူခေါင်းဆောင်သော ရုရှားကိုယ်စားလှယ်အဖွဲ့သည် မြို့တော်ကဘူးလ်တွင် အာဖဂန်ဒုတိယဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးအပါအဝင်...

မော်လမြိုင် စက်သုံးဆီဆိုင်မီးလောင်မှုမှ ထိခိုက်ဒဏ်ရာရပြီး ရန်ကုန်တွင် ဆေးကုသမှု ခံယူနေသည့် ဆီဆိုင်ပိုင်ရှင် အသက်ဆုံးရှုံးခဲ့ရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ စက်သုံးဆီဆိုင်မီးလောင်မှုမှ ထိခိုက်ဒဏ်ရာရပြီး ရန်ကုန်တွင် ဆေးကုသမှု ခံယူနေသည့် ဆီဆိုင်ပိုင်ရှင်သည် နိုဝင်ဘာလ (၂၃) ရက်က ကွယ်လွန်သွားခဲ့ကြောင်း ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။ နိုဝင်ဘာ (၇)ရက် ညနေပိုင်းက ဆီဘောက်ယာဉ်မှ ဆီထည့်နေစဉ် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဆီဆိုင်ပိုင်ရှင်ဖြစ်သူမှာ ဒဏ်ရာပြင်းထန်သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရာမှ နိုဝင်ဘာ (၂၃)ရက်တွင် အသ-က်ဆုံရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်ကြောင့် မော်လမြိုင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ကျန်(၅)ဦးတွင် မီးသတ်တပ်ဖွဲ့ဝင် (၂)ဦး ဒဏ်ရာသက်သာ၍ နိုဝင်ဘာ (၂၆)ရက်က ဆေးရုံဆင်းခွင့်ရခဲ့ပြီးလ က်ရှိတွင် မော်လမြိုင်ဆေးရုံကြီး၌...

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းသာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲရေး ရှေးမူမပျက်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိ

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ရှေးဟောင်းသာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲရေး ရှေးမူမပျက်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်နေကြောင်း သိရပြီး ထိုသို့ဆောင်ရွက်နေမှုများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် နိုဝင်ဘာ (၂၄) ရက်နှင့် (၂၅)ရက်က လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။ ထို့သို့လိုက်လံကြည့်ရှုရာတွင် အမရပူရမြို့နယ်ရှိ ရတနာပုဏ္ဏဝရဒါဌာဓာတု စေတိယ စွယ်တော်မြတ်စေတီတော် ပရိဝုဏ်သန့်ရှင်းသပ်ရပ် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ နန်းမြို့ရိုးအနောက်ဘက် စည်ရှည်တံခါးပေါက်နှင့် မြို့ရိုးများကြံ့ခိုင်မှုရှိစေရန် ပြုပြင်ထိန်းသိမ်းနေမှု၊ ပြာသာဒ်ကြီး၊ ပြာသာဒ်ငယ်အဆောင်များ ပြုပြင်ထိန်းသိမ်းနေမှု၊ နန်းမြို့ရိုးတောင်ဘက်နှင့် အနောက်ဘက်များတွင် ဆွေးမြည့်နေသည့် အုတ်များပြုပြင်နေမှု၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071