Tuesday, November 26, 2024

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ကမ္ဘာ့ခေါင်းဆောင်များကကြားဝင်စေ့စပ်ပေးရေးအတွက် ပုပ်ရဟန်းမင်းကြီးအား...

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အခက်အခဲဒုက္ခမျိုးစုံနှင့်ကြုံတွေ့နေရသဖြင့် ကမ္ဘာ့ခေါင်းဆောင်များကကြားဝင်စေ့စပ်ပေးရေးအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား IBEC ဆရာတော်က တောင်းဆိုခဲ့သည်။ အီတလီနိုင်ငံ၊ ဗာတီကန်နန်းတော်တွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ...

အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် နို ဝင်ဘာ ၂၈...

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၀)ခု၌ မိုးရွာသွန်းနိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။ မိုးဇလမှ...

ညောင်ဦးမြို့နယ်၌ စတုတ္ထအကြိမ်မြောက် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကျင်းပမည်

မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် စတုတ္ထအကြိမ်မြောက် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြင်းစီးအားကစားပွဲတော်ကို ၂၀၂၄ နှစ်...

အမျိုးသားအားကစားပွဲတော်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်းမာရေးဝန်ကြီးဌာနအပြင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့်...

ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်းမာရေးဝန်ကြီးဌာနအပြင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ပူးပေါင်း၍...
HomeNewsLocal Newsငါးရိက္ခာဖူလုံစေရေးအတွက် ထန်းတပင်မြို့နယ်တွင် ငါးနှင့်...

ငါးရိက္ခာဖူလုံစေရေးအတွက် ထန်းတပင်မြို့နယ်တွင် ငါးနှင့် ပုစွန် မွေးမြူရေးကန် ဧရိယာ တိုးချဲ့ထား

ငါးထုတ်လုပ်သည့်လုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ငါးရိက္ခာ ဖူလုံစေရေးအတွက် ငါးမွေးမြူရာတွင် ထန်းတပင်မြို့နယ်၌ ငါးနှင့် ပုစွန်မွေးမြူရေးကန်ဧရိယာ (၁၈၅၃ဝ ဒသမ ၃၈) ဧကအထိတိုးချဲ့ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ပုဂ္ဂလိကငါးမွေးမြူရေးလုပ်ငန်းရှင် (၂၇၀) ဦးရှိပြီး ငါးကန်ဧရိယာ (၁၇၆၃၂ ဒသမ ၆) ဧက ၊ ပုစွန်မွေးမြူရေးလုပ်ငန်းရှင် (၄၈) ဦးနှင့် ပုစွန်ကန်ဧရိယာ (၈၉၇ ဒသမ ၇၈)ဧကရှိကြောင်း သိရသည်။

ထို့ပြင် ငါး မွေးမြူရာတွင်လည်း ငါးမြစ်ချင်းမျိုးများကိုသာ အဓိကထားမွေးမြူလျက်ရှိပြီး ငါးတန်၊ ငါးကြင်းနှင့် ငါးခေါင်းပွမျိုးများကို အနည်းငယ်သာထည့်သွင်းမွေးမြူလျက်ရှိကြောင်း သိရသည်။

နှစ်စဉ် မတ်လ၊ ဇွန်လ၊ ဇူလိုင်လ၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ငါးကန်များ၌ ငါးမျိုးများကိုထည့်သွင်းမွေးမြူလျက်ရှိပြီး တစ်နှစ်လျှင် တစ်ကြိမ်နှုန်းဖြင့် ငါးကန်ဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွ က်လျက်ရှိကြောင်း သိရသည်။

ကန်ဖော်သည့်အချိန်တွင် ငါးမြစ်ချင်း တစ်ကောင်လျှင် (၇၀) ကျပ်သားခန့်၊ ငါးကြင်းတစ် ကောင်လျှင် (၅၀) ကျ ပ်သားခန့်၊ ငါးတန် တစ်ကောင်လျှင် (၇၀) ကျပ်သားခန့်နှင့် ငါးခေါင်းပွ တစ်ကောင်လျှင် (၅၀) ကျပ်သား ခန့်အရွ ယ်ရှိကြောင်း သိရသည်။

ထို့ပြင် ပုစွန်မွေးမြူရာတွင်လည်း ရေချိုပုစွန်ကိုသာ အ ဓိကထား မွေးမြူလျက်ရှိပြီး နှစ်စဉ် မိုးဦးကာလတွင် ပု စွန်မွေးမြူရေး လုပ်ငန်းများဆောင်ရွက်ကာ တစ်နှစ်လျှင် နှစ်ကြိမ်ကန်ဖော်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ကမ္ဘာ့ခေါင်းဆောင်များကကြားဝင်စေ့စပ်ပေးရေးအတွက် ပုပ်ရဟန်းမင်းကြီးအား IBEC ဆရာတော်တောင်းဆို

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အခက်အခဲဒုက္ခမျိုးစုံနှင့်ကြုံတွေ့နေရသဖြင့် ကမ္ဘာ့ခေါင်းဆောင်များကကြားဝင်စေ့စပ်ပေးရေးအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား IBEC ဆရာတော်က တောင်းဆိုခဲ့သည်။ အီတလီနိုင်ငံ၊ ဗာတီကန်နန်းတော်တွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ ငြိမ်း ချမ်းရေးဆိုင်ရာကိစ္စရပ်များတွေ့ဆုံဆွေးနွေးပွဲတက်ရောက်ခဲ့သည့် IBEC ဆရာတော်မှ ပုပ်ရ ဟန်းမင်းကြီးနှင့်တွေ့ဆုံစဥ် မြန်မာနိုင်ငံအကြောင်းတင်ပြဆွေးနွေးချိန်၌ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအခက်အခဲများကြုံတွေ့နေရသဖြင့် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် ရွှေ့ပြောင်းနေထိုင်သူများမှာ နိုင်ငံတ ကာအကူအညီများ၊ အာဟာရချို့တဲ့မှု၊ ကျန်းမာ ရေးစောင့်ရှောက်မှုမလုံလောက်ခြင်း၊ ပညာရေးအနှောင့်အယှက်များနှင့်ကြုံတွေ့နေရသော က -လေးများအတွက် လူသားချင်းစာနာထောက် ထားမှုအကူအညီများလိုအပ်နေသည်ဟု တောင်းဆိုခဲ့သည်။ ထို့ပြင် စစ်ဘက်-အရပ်ဖက်အဖွဲ့အစည်းများကို...

အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် နို ဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခု၌ မိုးရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၀)ခု၌ မိုးရွာသွန်းနိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။ မိုးဇလမှ ယနေ့ နိုဝင်ဘာ ၂၆ ရက်ည ၇ နာရီက အားကောင်းသောမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၅/၂၀၂၄)အဖြစ် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အားကောင်းသော မုန်တိုင်းငယ်သည် ဘင်္ဂလားပင်လယ်အော် မြောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင်(၇၇၀)မိုင်ခန့်ကို ဗဟိုပြုနေကာ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်(၃၅)မိုင်နှုန်းခန့်ဖြစ်ပြီး လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားသည်ဟု မိုးဇလကအသိပေးခဲ့သည်။ ထိုသို့ မြန်မာနိုင်ငံဘက်သို့ရောက်ရှိနိုင်ခြင်းမရှိသော်လည်း အားကောင်းသောမုန်တိုင်းငယ်အ ရှိန်ကြောင့်...

ညောင်ဦးမြို့နယ်၌ စတုတ္ထအကြိမ်မြောက် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကျင်းပမည်

မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် စတုတ္ထအကြိမ်မြောက် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြင်းစီးအားကစားပွဲတော်ကို ၂၀၂၄ နှစ် ဒီဇင်ဘာလ (၃၀)ရက်တွင် TUYIN VALLEY ECO-FARM (တုရင်တောင်ခြေ)၌ကျင်းပမည်ဖြစ်၍ ပြိုင်ပွဲဝင်အားကစားသမားနှင့် မြင်းသည် ဒီဇင်ဘာလ (၂၀) ရက်တွင် ရောက်ရှိရမည်ဖြစ်သည်။ ပြိုင်ပွဲဝင်တစ်ဦးလျှင် ပြိုင်ပွဲဝင်ကြေး တစ်သိန်းကျပ် တိတိနှင့်အတူ ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာတွင် အချက်အလက်များအားဖြည့်စွက်၍ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သို့ ဒီဇင်ဘာ (၁၀) ရက် နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ပြီး အရည်အချင်းစစ်ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်များ ပြည့်မီရန်လည်းလိုအပ်မည်ဖြစ်သည်။ ထို့ပြင် ပြိုင်ပွဲဝင်မြင်းများအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071