Tuesday, November 26, 2024

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ကမ္ဘာ့ခေါင်းဆောင်များကကြားဝင်စေ့စပ်ပေးရေးအတွက် ပုပ်ရဟန်းမင်းကြီးအား...

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အခက်အခဲဒုက္ခမျိုးစုံနှင့်ကြုံတွေ့နေရသဖြင့် ကမ္ဘာ့ခေါင်းဆောင်များကကြားဝင်စေ့စပ်ပေးရေးအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား IBEC ဆရာတော်က တောင်းဆိုခဲ့သည်။ အီတလီနိုင်ငံ၊ ဗာတီကန်နန်းတော်တွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ...

အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် နို ဝင်ဘာ ၂၈...

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၀)ခု၌ မိုးရွာသွန်းနိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။ မိုးဇလမှ...

ညောင်ဦးမြို့နယ်၌ စတုတ္ထအကြိမ်မြောက် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကျင်းပမည်

မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် စတုတ္ထအကြိမ်မြောက် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြင်းစီးအားကစားပွဲတော်ကို ၂၀၂၄ နှစ်...

အမျိုးသားအားကစားပွဲတော်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်းမာရေးဝန်ကြီးဌာနအပြင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့်...

ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်းမာရေးဝန်ကြီးဌာနအပြင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ပူးပေါင်း၍...
HomeNewsLocal Newsထိုင်းနိုင်ငံ၏ လုမ္ဗဏီချန်ပီယံခါးပတ်လုပွဲတွင် ရိုးရာဖိုက်တာ...

ထိုင်းနိုင်ငံ၏ လုမ္ဗဏီချန်ပီယံခါးပတ်လုပွဲတွင် ရိုးရာဖိုက်တာ ထွန်းမင်းနိုင် (ခ)စူလိုင်မန် ဝင်ရောက်ယှဉ်ပြိုင်မည်

လာမည့် ဒီဇင်ဘာ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် လုမ္ဗဏီချန်ပီယံခါးပတ်လုပွဲတွင် ရိုးရာဖိုက်တာ ထွန်းမင်းနိုင်(ခ)စူလိုင်မန် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

လုမ္ဗဏီချန်ပီယံခါးပတ်သည် ထိုင်းနိုင်ငံ၏ အဆင့်မြင့်တန်း ချန်ပီယံ ခါးပတ်ဖြစ်ပြီး၊ ဆန်ချိုင်း၊ ဘူခေါင်၊ ရော့ထန် ကဲ့သို့သော မွေထိုင်းလက်ဝှေ့ကျော်များကိုမွေးထုတ်ပေးခဲ့သည့် ပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။

လက်ရှိ ကျင်းပပြုလုပ်နေသော ONE ပြိုင်ပွဲများတွင်လည်း လုမ္ဗဏီချန်ပီယံခါးပတ်ရရှိသူများ၏ အမည်များ ကြေညာပေးလျက်ရှိကာ၊ ယင်းချန်ပီယံခါးပတ်သည် ထိုင်းနိုင်ငံ မွေထိုင်းကစားသမားများ အလိုချင်ဆုံးသော ချန်ပီယံခါးပတ်တစ်ခုလည်းဖြစ်သည်။

ထွန်းမင်းနိုင်(ခ)စူလိုင်မန်သည် ONE၏ ပွဲစဉ်များအတွင်း နိုင်ပွဲများ ဆက်တိုက်ရရှိထားရာမှ မလေးရှားဖိုက်တာ ဂျလီဗန်ကို (၂ )ပွဲ ဆက်တိုက်ရှုံးနိမ့်ထားသူဖြစ်သည်။

ထို့နောက် ဂျပန်ဖိုက်တာ ဆာတိုကို အနိုင်ရရှိပြီးနောက် ကရင်နွယ်ဖွား ထိုင်းဖိုက်တာ ကော့ဖိုင်နှင့် ဆက်လက်ယှဉ် ပြိုင်ထိုးသ-တ်ရာ သတိလစ်သည်အထိ ထိုးသ-တ်ခံရပြီးနောက် ONE ၏ ပွဲစဉ်များဖြင့် ကင်းကွာခဲ့ရသည်။

ထို့ကြောင့် ယခု ထိုင်းနိုင်ငံ၏ မွေထိုင်းလက်‌ဝှေ့ပြိုင်ပွဲတစ်ခုဖြစ်သည့် LUI Muay Thai ပွဲစဉ်အတွင်း ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်နေရာမှ လုမ္ဗဏီချန်ပီယံခါးပတ်လုပွဲတွင် ပါဝင်ယှဉ်ပြိုင်လာခဲ့ပြီဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ကမ္ဘာ့ခေါင်းဆောင်များကကြားဝင်စေ့စပ်ပေးရေးအတွက် ပုပ်ရဟန်းမင်းကြီးအား IBEC ဆရာတော်တောင်းဆို

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အခက်အခဲဒုက္ခမျိုးစုံနှင့်ကြုံတွေ့နေရသဖြင့် ကမ္ဘာ့ခေါင်းဆောင်များကကြားဝင်စေ့စပ်ပေးရေးအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား IBEC ဆရာတော်က တောင်းဆိုခဲ့သည်။ အီတလီနိုင်ငံ၊ ဗာတီကန်နန်းတော်တွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ ငြိမ်း ချမ်းရေးဆိုင်ရာကိစ္စရပ်များတွေ့ဆုံဆွေးနွေးပွဲတက်ရောက်ခဲ့သည့် IBEC ဆရာတော်မှ ပုပ်ရ ဟန်းမင်းကြီးနှင့်တွေ့ဆုံစဥ် မြန်မာနိုင်ငံအကြောင်းတင်ပြဆွေးနွေးချိန်၌ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအခက်အခဲများကြုံတွေ့နေရသဖြင့် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် ရွှေ့ပြောင်းနေထိုင်သူများမှာ နိုင်ငံတ ကာအကူအညီများ၊ အာဟာရချို့တဲ့မှု၊ ကျန်းမာ ရေးစောင့်ရှောက်မှုမလုံလောက်ခြင်း၊ ပညာရေးအနှောင့်အယှက်များနှင့်ကြုံတွေ့နေရသော က -လေးများအတွက် လူသားချင်းစာနာထောက် ထားမှုအကူအညီများလိုအပ်နေသည်ဟု တောင်းဆိုခဲ့သည်။ ထို့ပြင် စစ်ဘက်-အရပ်ဖက်အဖွဲ့အစည်းများကို...

အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် နို ဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခု၌ မိုးရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၀)ခု၌ မိုးရွာသွန်းနိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။ မိုးဇလမှ ယနေ့ နိုဝင်ဘာ ၂၆ ရက်ည ၇ နာရီက အားကောင်းသောမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၅/၂၀၂၄)အဖြစ် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အားကောင်းသော မုန်တိုင်းငယ်သည် ဘင်္ဂလားပင်လယ်အော် မြောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင်(၇၇၀)မိုင်ခန့်ကို ဗဟိုပြုနေကာ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်(၃၅)မိုင်နှုန်းခန့်ဖြစ်ပြီး လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားသည်ဟု မိုးဇလကအသိပေးခဲ့သည်။ ထိုသို့ မြန်မာနိုင်ငံဘက်သို့ရောက်ရှိနိုင်ခြင်းမရှိသော်လည်း အားကောင်းသောမုန်တိုင်းငယ်အ ရှိန်ကြောင့်...

ညောင်ဦးမြို့နယ်၌ စတုတ္ထအကြိမ်မြောက် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကျင်းပမည်

မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် စတုတ္ထအကြိမ်မြောက် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြင်းစီးအားကစားပွဲတော်ကို ၂၀၂၄ နှစ် ဒီဇင်ဘာလ (၃၀)ရက်တွင် TUYIN VALLEY ECO-FARM (တုရင်တောင်ခြေ)၌ကျင်းပမည်ဖြစ်၍ ပြိုင်ပွဲဝင်အားကစားသမားနှင့် မြင်းသည် ဒီဇင်ဘာလ (၂၀) ရက်တွင် ရောက်ရှိရမည်ဖြစ်သည်။ ပြိုင်ပွဲဝင်တစ်ဦးလျှင် ပြိုင်ပွဲဝင်ကြေး တစ်သိန်းကျပ် တိတိနှင့်အတူ ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာတွင် အချက်အလက်များအားဖြည့်စွက်၍ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သို့ ဒီဇင်ဘာ (၁၀) ရက် နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ပြီး အရည်အချင်းစစ်ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်များ ပြည့်မီရန်လည်းလိုအပ်မည်ဖြစ်သည်။ ထို့ပြင် ပြိုင်ပွဲဝင်မြင်းများအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071