Tuesday, November 26, 2024

ရန်ကုန်တိုင်းအတွင်း ဖုန်းဖြင့်ဆက်သွယ်၍ငွေ ကြေးလိမ်လည်သူ(၅)ဦးကို ဖမ်းဆီးရမိခဲ့

ရန်ကုန်တိုင်းအတွင်း ဖုန်းဖြင့်ဆက်သွယ်ပြီး အယောင်ဆောင်ပြောဆိုကာ ငွေကြေးလိမ်လည်သူ (၅)ဦးအား နိုဝင်ဘာ ၁၇ ရက်ညနေပိုင်းက သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ (Zero)မိုင်တိုးဂိတ်တွင်...

ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား...

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ်(၁၄)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ကွင်းဆက်ပြစ်မှုကျူးလွန်သူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ တောင်တော်ကျေးရွာ၏ မြောက်ဘက်(၃)ဖာလုံခန့်အကွာ မြောင်းဘေးတွင် မူးယစ်ဆေးဝါးများလွှဲပြောင်းသယ်ဆောင်မည်ဖြစ်ကြောင်းသတင်းအရ...

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ကမ္ဘာ့ခေါင်းဆောင်များကကြားဝင်စေ့စပ်ပေးရေးအတွက် ပုပ်ရဟန်းမင်းကြီးအား...

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အခက်အခဲဒုက္ခမျိုးစုံနှင့်ကြုံတွေ့နေရသဖြင့် ကမ္ဘာ့ခေါင်းဆောင်များကကြားဝင်စေ့စပ်ပေးရေးအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား IBEC ဆရာတော်က တောင်းဆိုခဲ့သည်။ အီတလီနိုင်ငံ၊ ဗာတီကန်နန်းတော်တွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ...

အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် နို ဝင်ဘာ ၂၈...

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၀)ခု၌ မိုးရွာသွန်းနိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။ မိုးဇလမှ...
HomeInternationalအာဖဂန်ပြန်လည်တည်ဆောက်ရေး အမေရိက ကူညီသင့်--ရုရှား

အာဖဂန်ပြန်လည်တည်ဆောက်ရေး အမေရိက ကူညီသင့်–ရုရှား

ရုရှား၏ သြဇာကြီးမားသော လုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂီရှိုဂူက မော်စကိုသည် အာဖဂန်တွင် ရေရှည်ငြိမ်းချမ်းရေးရရှိရေးအတွက် အကူအညီပေးလိုသည်ဟု အာဖဂန်နစ္စတန်၏ တာလီဘန်ခေါင်းဆောင်များကို တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း ရုရှားသတင်းဌာနများကရေးသား ဖော်ပြကြသည်။

အာဖဂန်တွင် နှစ်ပေါင်းများစွာ စစ်ရေးပါဝင်ပတ်သက်မှုရှိခဲ့သော အမေရိက အနေဖြင့် အာဖဂန်နစ္စတန်ပြန်လည်တည်ဆောက်ရေးတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်သင့်သည်ဟုလည်း ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သည့် ရှိုဂူက ပြောကြားလိုက်သည်။

ကဘူးလ်အစိုးရကို အမေရိက၏ ပိတ်ဆို့ဒဏ်ခတ်မှု ဖိအားများမှ ပြေလျော့စေရေးအတွက် ၎င်းတို့ကို ကူညီရန် တာလီဘန်ခေါင်းဆောင်များက တောင်းဆိုခဲ့သည်ဟု ရုရှားသတင်းဌာနများက ဆိုခဲ့သည်။

ရှိုဂူခေါင်းဆောင်သော ရုရှားကိုယ်စားလှယ်အဖွဲ့သည် မြို့တော်ကဘူးလ်တွင် အာဖဂန်ဒုတိယဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးအပါအဝင် အစိုးရအကြီးတန်းအရာရှိများနှင့် ဆွေးနွေးမှုများလုပ်ခဲ့သည်။

မိမိတို့ နှစ်နိုင်ငံအကြား အပြုသဘောဆောင်သော နိုင်ငံရေးဆွေးနွေးပွဲများ ထူထောင်ရေး အသင့်ရှိနေသည်ကို အတည်ပြုလိုကြောင်းနှင့် ရည်မှန်းချက်များသည် အာဖဂန်နိုင်ငံသားများအကြား ရန်ပြေငြိမ်းရေးလုပ်ငန်းစဉ်အတွက် တွန်းအားဖြစ်စေလိမ့်မည်ဖြစ်ကြောင်း သူက ပြောဆိုခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။

၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် သမ္မတဗလာဒီမာ ပူတင်သည် အာရှနှင့် အနောက်ကမ္ဘာမဟုတ်သော နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ဦးတည်လာခဲ့သည်။

အမေရိက,က အာရှတွင် တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များ ဖြန့်ကျက်လာခဲ့ပါက ရုရှားသည်လည်း အလားတူလုပ်ဆောင်သွားရန စဉ်းစားမည်ဖြစ်သည်ဟု တနင်္လာနေ့တွင် မော်စကိုက ပြောဆိုခဲ့သည်။

Ref: တီဘီအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းအတွင်း ဖုန်းဖြင့်ဆက်သွယ်၍ငွေ ကြေးလိမ်လည်သူ(၅)ဦးကို ဖမ်းဆီးရမိခဲ့

ရန်ကုန်တိုင်းအတွင်း ဖုန်းဖြင့်ဆက်သွယ်ပြီး အယောင်ဆောင်ပြောဆိုကာ ငွေကြေးလိမ်လည်သူ (၅)ဦးအား နိုဝင်ဘာ ၁၇ ရက်ညနေပိုင်းက သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ (Zero)မိုင်တိုးဂိတ်တွင် မကွေးတိုင်းမှ ရန်ကုန် တိုင်းသို့ပြေးဆွဲနေသည့် “နန်းထိုက်တော်ဝင်” ခရီးသည်တင်ကားပေါ်မှ ပြစ်မှုကျူးလွန်သူများဖြစ်သည့် သက်ပိုင်(ခ)သက်ခိုင်(ခ)ဇော်သက်ပိုင်(၂၃)နှစ်၊ စိုးရာဇာဟိန်း(ခ)အောင်ထိုက်(ခ)လင်းမြတ်စံ(ခ) ကိုလင်း(၃၆)နှစ်၊ ဘိုဘိုထွန်း(၂၀)နှစ်၊ အောင်ဇာနည်ဖြိုး(၂၀)နှစ်၊ စိုးသီဟ(ခ)ဖြိုးသီဟဇော်(၃၂) နှစ်တို့ ၅ ဦးအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့နှင့်အတူ ဖုန်းမျိုးစုံ(၆)လုံး၊ နှင်းမောင်မောင်လွင်၊ အောင်ထိုက်၊ ဘိုဘိုထွန်း၊ အောင်ဇာနည်ဖြိုးနှင့် စိုးသီဟ အမည်များပါရှိသည့် မှတ်ပုံတင် (၅)...

ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ကွင်းဆက်ပြစ်မှုကျူးလွန်သူများနှင့်အတူဖမ်းမိခဲ့

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ်(၁၄)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ကွင်းဆက်ပြစ်မှုကျူးလွန်သူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ တောင်တော်ကျေးရွာ၏ မြောက်ဘက်(၃)ဖာလုံခန့်အကွာ မြောင်းဘေးတွင် မူးယစ်ဆေးဝါးများလွှဲပြောင်းသယ်ဆောင်မည်ဖြစ်ကြောင်းသတင်းအရ နိုဝင်ဘာ ၁၇ ရက်နေ့လည် ၃ နာရီခန့်က စစ်ဆေးရာ စိုင်းဝဏ္ဏထွန်း(ခ)ဝဏ္ဏနှင့် စိုးမြင့်ထွန်းတို့အား ကားနှစ်စီး၊ ဆိုင်ကယ်တစ်စီး၊ ဘိန်းဖြူပါ ဆပ်ပြာခွက်(၂၂၀)ခွက်စီပါ ဆာလာအိတ်(၆၇)အိတ်အတွင်းမှ ဘိန်းဖြူ(၁၄၇ ဒသမ ၄ ကီလို)၊ ဆာလာ အိတ်(၂၀)အိတ်အတွင်းမှ စိတ်ကြွဆေးပြား(၄၁ ဒသမ ၄၈ သိန်း)ပြားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်အရ မူးယစ်ဆေးဝါးသယ်ဆောင်ရာလမ်းတစ်လျှောက်...

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ကမ္ဘာ့ခေါင်းဆောင်များကကြားဝင်စေ့စပ်ပေးရေးအတွက် ပုပ်ရဟန်းမင်းကြီးအား IBEC ဆရာတော်တောင်းဆို

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အခက်အခဲဒုက္ခမျိုးစုံနှင့်ကြုံတွေ့နေရသဖြင့် ကမ္ဘာ့ခေါင်းဆောင်များကကြားဝင်စေ့စပ်ပေးရေးအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား IBEC ဆရာတော်က တောင်းဆိုခဲ့သည်။ အီတလီနိုင်ငံ၊ ဗာတီကန်နန်းတော်တွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ ငြိမ်း ချမ်းရေးဆိုင်ရာကိစ္စရပ်များတွေ့ဆုံဆွေးနွေးပွဲတက်ရောက်ခဲ့သည့် IBEC ဆရာတော်မှ ပုပ်ရ ဟန်းမင်းကြီးနှင့်တွေ့ဆုံစဥ် မြန်မာနိုင်ငံအကြောင်းတင်ပြဆွေးနွေးချိန်၌ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအခက်အခဲများကြုံတွေ့နေရသဖြင့် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် ရွှေ့ပြောင်းနေထိုင်သူများမှာ နိုင်ငံတ ကာအကူအညီများ၊ အာဟာရချို့တဲ့မှု၊ ကျန်းမာ ရေးစောင့်ရှောက်မှုမလုံလောက်ခြင်း၊ ပညာရေးအနှောင့်အယှက်များနှင့်ကြုံတွေ့နေရသော က -လေးများအတွက် လူသားချင်းစာနာထောက် ထားမှုအကူအညီများလိုအပ်နေသည်ဟု တောင်းဆိုခဲ့သည်။ ထို့ပြင် စစ်ဘက်-အရပ်ဖက်အဖွဲ့အစည်းများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071