Wednesday, November 27, 2024

အမျိုးသား အားကစားပွဲတော်ကို ရန်ကုန်တိုင်းမှ ကစားသမား...

ဒီဇင်ဘာလအတွင်း ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်အားကစားသမားပေါင်း (၄၆၇) ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲကို အားကစားနည်း (၂၄)နည်းဖြင့် ပြိုင်ပွဲဝင်အားကစားသမား...

တစ်ပွဲရှုံးခဲ့သည့် ရလဒ်အပေါ် အပျက်သဘောဆောင် ဝေဖန်ဆဲဆိုမှုများကြောင့်...

ထိုင်းနိုင်ငံအတွင်း ၉ ပွဲထိုး ၈ ပွဲနိုင် ၁ ပွဲရှုံးရလဒ်အပေါ် အပျက်သဘောဆောင် ဝေဖန်ဆဲဆိုမှုများကြောင့် လက်ဝှေ့လောကမှ တစ်နှစ် ရွာပြန်အနားယူမည်ဟု ရိုးရာလက်ဝှေ့ဖိုက်တာ...

AFF Mitsubishi Electric Cup...

AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲအတွက် ထိုင်းလက်ရွေးစင်အသင်းက ပဏာမ ကစားသမား ၂၆ ဦးစာရင်းကို အသိပေးထုတ်ပြန်လိုက်ပြီဖြစ်ကာအဆိုပါ စာရင်းတွင်...

ကလောဒေသကို ခရီးသွားမြို့တော် ဖြစ်ပေါ်လာစေရေး ဆောင်ရွက်လျက်ရှိ

ရှမ်းပြည်နယ် တောင်ပိုင်းရှိ ကလောဒေသကို ခရီးသွားမြို့တော် ဖြစ်ပေါ်လာစေရေး ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၏ ပြောကြားချက်အရ သိရသည်။ ကလောမြို့ရှိ Mya Yar...
HomeNewsLocal Newsလယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ...

လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်းပေါင်း (၂၇၅၀) ကျော်ရရှိ

၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလ (၂၅) ရက်အထိ ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်းပေါင်း (၂၇၅၀) ကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ယင်းတွင် ပင်လယ်ရေကြောင်း တင်ပို့မှုမှ အမေရိကန်ဒေါ် လာ သန်းပေါင်း (၂၃၁၇) သန်းကျော်နှင့် နယ်စပ်တင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်းပေါင်း (၄၆၆) သန်းကျော်တင်ပို့ထားပြီး တရုတ်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံ အစရှိသည့် နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

ပြည်ပသို့တင်ပို့ခဲ့သည့် လယ်ယာထွက်ကုန်ပစ္စည်းများအနေဖြင့် ဆန်၊ ဆန်ကွဲ၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်း၊ ဝဥ၊ ပန်းနှမ်း၊ ဝါး၊ ချင်း၊ ကြက်သွန်နီ၊ ဖရဲ၊ သခွားမွှေး အစရှိသ ည့် ပစ္စည်းများကိုတင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ လယ်ယာထွက် ကုန်ပစ္စည်းများအပြင် သစ်တောထွက် ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် အ ခြားပို့ကုန်ပစ္စည်းများ တင်ပို့လျက်ရှိပြီး ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန် ပစ္စည်းနှင့် CMP တို့ကို ပြန်လည် တင်သွင်းကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမျိုးသား အားကစားပွဲတော်ကို ရန်ကုန်တိုင်းမှ ကစားသမား လေးရာကျော် ပါဝင်ယှဉ်ပြိုင်မည်

ဒီဇင်ဘာလအတွင်း ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်အားကစားသမားပေါင်း (၄၆၇) ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲကို အားကစားနည်း (၂၄)နည်းဖြင့် ပြိုင်ပွဲဝင်အားကစားသမား (၄၆၇) ဦး၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များအင်အား (၁၅၃)ဦး၊ စုစုပေါင်းအင်အား (၆၂၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲဝင် အားကစားသမားများကို ယခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်တွင် ထူးချွန်ဆုရ လက်ရွေးစင်အားကစားသမားများဖြစ်ပြီး ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန်အောက်တိုဘာလ (၁)ရက်မှ နိုဝင်ဘာလ(၁)ရက်အထိ တစ်လကြာစခန်းသွင်း လေ့ကျင့်သင်ကြားပေးထားကြောင်းလည်း သိရသည်။ ကျင်းပတော့မည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်...

တစ်ပွဲရှုံးခဲ့သည့် ရလဒ်အပေါ် အပျက်သဘောဆောင် ဝေဖန်ဆဲဆိုမှုများကြောင့် လက်ဝှေ့လောကမှ တစ်နှစ် အနားယူမည်ဟု ရိုးရာလက်ဝှေ့ဖိုက်တာ နီဂရိုး ရင်ဖွင့်ပြောဆို

ထိုင်းနိုင်ငံအတွင်း ၉ ပွဲထိုး ၈ ပွဲနိုင် ၁ ပွဲရှုံးရလဒ်အပေါ် အပျက်သဘောဆောင် ဝေဖန်ဆဲဆိုမှုများကြောင့် လက်ဝှေ့လောကမှ တစ်နှစ် ရွာပြန်အနားယူမည်ဟု ရိုးရာလက်ဝှေ့ဖိုက်တာ မွန်ဂျစ်(ခ) နီဂရိုး က ပြောကြားထားသည်။ ၎င်းအနေဖြင့် ထိုးကြေးထက် နိုင်ငံဂုဏ်ဆောင်သူ တစ်ဦးဖြစ်လိုပြီး၊ ရိုးရာလက်ဝှေ့ပရိတ်သတ်များအကြား "နီဂရိုး"ဟု အားပေးသံကိုသာ မျှော်လင့်မိကြောင်း ရင်ဖွင့်ပြောဆိုထားသည်။ "ပွဲထိုးရင်း လက်ထိခိုက်ခဲ့တဲ့ဒဏ်ရာထက် အပျက်သဘောဆောင်ဝေဖန်ဆဲဆိုခဲ့ကြတဲ့ ဒဏ်ရာတွေကိုပါ ကုစားဖို့ တစ်နှစ်လောက်ကျွန်တော် ရွာပြန်ပြီး နားပါ့မယ်။ လူကျန်းမာ၊ စိတ်ကျန်းမာအောင်ကုစားပြီး ကျွန်တော်ပြန်လာခဲ့ပါမယ် ခင်ဗျာ။ ကျွန်တော့်ကို ညီရင်းအစ်ကိုသဖွယ် ဖေးမစောင့်ရှောက်ပေးခဲ့တဲ့...

AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲ ဝါရင့်ကစားသမားအချို့မပါဝင်သည့် ထိုင်းလက်ရွေးစင်အသင်း

AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲအတွက် ထိုင်းလက်ရွေးစင်အသင်းက ပဏာမ ကစားသမား ၂၆ ဦးစာရင်းကို အသိပေးထုတ်ပြန်လိုက်ပြီဖြစ်ကာအဆိုပါ စာရင်းတွင် ထိုင်းဝါရင့် ကစားသမားများ မပါဝင်လာသည်ကိုတွေ့ရသည်။ မြန်မာပရိသတ်များဖြင့် ရင်းနှီးသည့် ကစားသမားများဖြစ်သော ချာနာသစ်၊ တီယာဆေးလ်၊ သီယာသွန်၊ ဆက်ရှ် တို့မပါဝင်လာသော်လည်း ပြည်ပအခြေ စိုက်ကစားသမားဖြစ်သည့် ဒိန်းမတ်ကလပ် အိုဒန်စီ ကစားသမား နီကိုလပ်စ်မိုက်ကယ်ဆန်၊ ဂျေလိဂ်ကလပ် ဆာပေါ်ရိုကစားသမား ဆူပါချော့ပ်၊ အူဝါရာရတ်ကစားသမား ပန်ရ၊ ဂျေလိဂ်-၃ကလပ် နာရာအက်ဖ်စီကစားသမား ပက်ထရစ်ဂူစတက်ဆင် တို့ ပါဝင်လာသည်ကိုတွေ့ရသည်။ ထိုင်းလက်ရွေးစင်အသင်းအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071