Wednesday, November 27, 2024

ပုံမှန်ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် တရုတ်သို့ မြန်မာ့နာနတ်သီး...

နှစ်ပေါင်းများစွာ ညှိနှိုင်းဆွေးနွေးပြီးနောက် ယခုအခါတွင် မြန်မာနိုင်ငံမှ နာနတ်သီးများကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရန် နောက်ဆုံးတွင် ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီးများကို...

ဒဏ်ကြေးမဆောင်သဖြင့် ကေပေါ့ပ် Psy ၏...

ခရိုင်ရုံးက ချမှတ်ခဲ့သော စီမံခန့်ခွဲမှုဒဏ်ကြေးကို ပေးဆောင်ရန် ပျက်ကွက်ခဲ့မှုကြောင့် အဆိုတော် Psy ၏ ဆိုးမြို့တော်ရှိ နေအိမ်ကို အာဏာပိုင်များက ယာယီသိမ်းဆည်းမှုလုပ်ခဲ့သည်ဟု ဒေသတွင်းမီဒီယာများက...

မူးယစ်ဆေးဝါးအကြောင်းပြ၍ အခွန်စည်းကြပ်မည့် ထရမ့်ပ်ကို တရုတ်နိုင်ငံပိုင်မီဒီယာ...

တရုတ်ကုန်စည်များအပေါ် ထပ်တိုးအခွန်ကောက်ခံမှု ချမှတ်မည်ဆိုသည့် အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ပြောကြားချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၂၆ ရက်တွင် အယ်ဒီတာ့အာ‌ဘော်များမှတဆင့်...

တရုတ်နှင့်စင်္ကာပူပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ရှီက လီရှန်လွန်းကိုပြော

ပေကျင်း၊နိုဝင်ဘာ ၂၆ တရုတ်သမ္မတရှီကျင့်ဖျင်သည် စင်္ကာပူဝန်ကြီးချုပ်ဟောင်း မစ္စတာလီရှန်လွန်းနှင့်တွေ့ဆုံစဉ် နှစ်ဘက်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာမူဝါဒများပေါင်းစပ်ညှိနှိုင်းရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆက်ဆံရေးပိုမိုမြှင့်တင်ရန် ပြောကြားခဲ့သည်ဟုသိရသည်။ ယင်းနောက်သမ္မတရှီက မစ္စတာလီရှန်လွန်း ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ရန်ကာလတစ်လျှောက် စင်္ကာပူ၏ထူးထူးခြားခြားအောင်မြင်မှုများကို ချီးကျူးဂုဏ်ပြုစကားဆိုခဲ့ပြီး ၎င်းတာဝန်ယူထားစဉ်ကာလတစ်လျှောက် တရုတ်...
HomeNewsLocal Newsတစ်ပွဲရှုံးခဲ့သည့် ရလဒ်အပေါ် အပျက်သဘောဆောင်...

တစ်ပွဲရှုံးခဲ့သည့် ရလဒ်အပေါ် အပျက်သဘောဆောင် ဝေဖန်ဆဲဆိုမှုများကြောင့် လက်ဝှေ့လောကမှ တစ်နှစ် အနားယူမည်ဟု ရိုးရာလက်ဝှေ့ဖိုက်တာ နီဂရိုး ရင်ဖွင့်ပြောဆို

ထိုင်းနိုင်ငံအတွင်း ၉ ပွဲထိုး ၈ ပွဲနိုင် ၁ ပွဲရှုံးရလဒ်အပေါ် အပျက်သဘောဆောင် ဝေဖန်ဆဲဆိုမှုများကြောင့် လက်ဝှေ့လောကမှ တစ်နှစ် ရွာပြန်အနားယူမည်ဟု ရိုးရာလက်ဝှေ့ဖိုက်တာ မွန်ဂျစ်(ခ) နီဂရိုး က ပြောကြားထားသည်။

၎င်းအနေဖြင့် ထိုးကြေးထက် နိုင်ငံဂုဏ်ဆောင်သူ တစ်ဦးဖြစ်လိုပြီး၊ ရိုးရာလက်ဝှေ့ပရိတ်သတ်များအကြား “နီဂရိုး”ဟု အားပေးသံကိုသာ မျှော်လင့်မိကြောင်း ရင်ဖွင့်ပြောဆိုထားသည်။

“ပွဲထိုးရင်း လက်ထိခိုက်ခဲ့တဲ့ဒဏ်ရာထက် အပျက်သဘောဆောင်ဝေဖန်ဆဲဆိုခဲ့ကြတဲ့ ဒဏ်ရာတွေကိုပါ ကုစားဖို့ တစ်နှစ်လောက်ကျွန်တော် ရွာပြန်ပြီး နားပါ့မယ်။ လူကျန်းမာ၊ စိတ်ကျန်းမာအောင်ကုစားပြီး ကျွန်တော်ပြန်လာခဲ့ပါမယ် ခင်ဗျာ။ ကျွန်တော့်ကို ညီရင်းအစ်ကိုသဖွယ် ဖေးမစောင့်ရှောက်ပေးခဲ့တဲ့ ထွန်းမင်းနိုင်နဲ့ Looksuan ကလပ်သားအားလုံးကို ကျေးဇူးတင်ပါတယ်”ဟု နီဂရိုး က ဆိုသည်။

ထို့အပြင် အပြုသဘောဆောင် ကရုဏာ ဒေါသဖြင့် ထောက်ပြဝေဖန်ပေးကြသည့် ပရိသက်များအားလုံးကို ကျေးဇူးတင်ကြောင်း ဆိုထားသည်။

အသက် ၃၂ နှစ်အရွယ် မြန်မာပြည်ဖွား မွန်လူမျိုး နီဂရိုးသည် ထိုင်းနိုင်ငံအတွင်း ယခုနှစ် ဩဂုတ်လ၌ ပြုလုပ်ခဲ့သည့် မွေထိုင်းထိပ်တန်းပြိုင်ပွဲတစ်ခုဖြစ်‌သော RWS 24 ပွဲစဉ်အတွင်း မွေထိုင်းဖိုက်တာကို ပထမအချီ၌ပင် အလဲထိုးဖြင့်အနိုင်ယူကာ လူသိများလာခဲ့ခြင်းဖြစ်ကာ ONE က ပြုလုပ်သည့်ပွဲစဉ်များအထိ ဖိတ်ခေါ် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သူဖြစ်သည်။

၎င်း၏ ပွဲထွက်လာသည့် ဆောက်လုပ်ရေးလုပ်သားဝတ်စုံကြောင့်လည်း ထိုင်းမီဒီယာနှင့် ပရိတ်သတ်တို့အကြား ရေပန်း စားလာခဲ့သူတစ်ဦးလည်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း အသက်မွေးဝမ်းကျောင်း အလုပ်လုပ်ကိုင်နေရာမှ ဝါသနာပါရာ လက်ဝှေ့ထိုးသူနှစ်ဦးအနက် ထွန်းမင်းနိုင်မှာ ပလာတာရောင်းသူအဖြစ် ပွဲထွက်လာခဲ့သလို၊ နီဂရိုးမှာလည်း ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ရင်း ကြိုးဝိုင်းပေါ်သို့ အရောက်လှမ်းနိုင်ခဲ့ကြသူများဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပုံမှန်ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် တရုတ်သို့ မြန်မာ့နာနတ်သီး တင်ပို့မည်

နှစ်ပေါင်းများစွာ ညှိနှိုင်းဆွေးနွေးပြီးနောက် ယခုအခါတွင် မြန်မာနိုင်ငံမှ နာနတ်သီးများကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရန် နောက်ဆုံးတွင် ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဟု တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC)က နိုဝင်ဘာလ (၁၁) ရက်တွင် ၎င်း၏ ဝက်ဘ်ဆိုက်မှတဆင့် ကြေညာထားသည်။ မြန်မာနိုင်ငံ၏ နာနတ်သီး အဓိကစိုက်ပျိုးသည့်ဒေသသည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင်တည်ရှိပြီး နာနတ်သီးများကို ပုံမှန်အားဖြင့် ဇွန်လမှ စက်တင်ဘာလ အတွင်း ခူးဆွတ်လေ့ရှိကြောင်း၊ ယခင်က...

ဒဏ်ကြေးမဆောင်သဖြင့် ကေပေါ့ပ် Psy ၏ နေအိမ် ယာယီသိမ်းဆည်းခံရ

ခရိုင်ရုံးက ချမှတ်ခဲ့သော စီမံခန့်ခွဲမှုဒဏ်ကြေးကို ပေးဆောင်ရန် ပျက်ကွက်ခဲ့မှုကြောင့် အဆိုတော် Psy ၏ ဆိုးမြို့တော်ရှိ နေအိမ်ကို အာဏာပိုင်များက ယာယီသိမ်းဆည်းမှုလုပ်ခဲ့သည်ဟု ဒေသတွင်းမီဒီယာများက နိုဝင်ဘာ ၂၅ ရက်တွင် ဖော်ပြသည်။ Biz Hankook သတင်းဌာနက ဖော်ပြသည့် သတင်းအရ အသက် ၄၆ နှစ်အရွယ် ပေါပ့်ကြယ်ပွင့်၏ Yongsan-gu ရှိ နေအိမ်တွင် တရားမဝင် မွမ်းမံပြင်ဆင်မှုလုပ်ခဲ့ခြင်းအတွက် ခရိုင်ရုံးသို့ တိုင်ကြားခံခဲ့ရသည်ဟု ဆိုခဲ့သည်။ အဆိုပါနေအိမ်သည် ချမ်းသာကြွယ်ဝသော Hannam-dong ခရိုင်ရှိ ဇိမ်ခံတိုက်ခန်းအဆောက်အအုံမှ တိုက်ခန်းတစ်ခုဖြစ်ပြီး ယင်းတွင်...

မူးယစ်ဆေးဝါးအကြောင်းပြ၍ အခွန်စည်းကြပ်မည့် ထရမ့်ပ်ကို တရုတ်နိုင်ငံပိုင်မီဒီယာ တုန့်ပြန်ချေပ

တရုတ်ကုန်စည်များအပေါ် ထပ်တိုးအခွန်ကောက်ခံမှု ချမှတ်မည်ဆိုသည့် အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ပြောကြားချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၂၆ ရက်တွင် အယ်ဒီတာ့အာ‌ဘော်များမှတဆင့် တုန့်ပြန်ချေပခဲ့ရာ၌ ဖန်တာနိုင်းမူးယစ်ဆေးပြသနာကို အမေရိက,က ဖြေရှင်းရန် ပျက်ကွက်မှုအတွက် သမ္မတဟောင်းသည် တရုတ်ကို အပြစ်ပုံချနေသည်ဟု စွပ်စွဲခဲ့သည်။ ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတတာဝန်ထမ်းဆောင်မည့် ထရမ့်ပ်က နိုဝင်ဘာ ၂၅ ရက်နေ့တွင် ပြောဆိုခဲ့ရာ၌ တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် ထပ်တိုးစည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဟု ဆိုခဲ့သည်။ တရုတ်ကုန်စည်များအပေါ် အခွန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071