Wednesday, November 27, 2024

မုံရွာမြို့တွင် ကုန်စိမ်းဈေးရုံနှင့် ကုန်စိမ်းပွဲရုံသစ်တည်ဆောက်လျက်ရှိ

မုံရွာမြို့တွင် အနယ်နယ်အရပ်ရပ်မှ ရာသီပေါ်သီးနှံများရောင်းချသည့် ကုန်စိမ်းဈေးသည်များအတွက် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြေဧက (၃.၈)ဧက ပေါ်တွင် ကုန်စိမ်းဈေးရုံနှင့် ကုန်စိမ်းပွဲရုံသစ်ကြီး တည်ဆောက်လျက်ရှိကြောင်းသိရသည်။ "မုံရွာမြို့၊ မြို့အင်္ဂါရပ်နဲ့...

ကြက်သွန်နီအဟောင်းများအညှောင့်ထွက်ကာလဖြစ်၍ ပြည်တွင်းဈေးကွက်သာ အားထားနေရ

မုံရွာ ကြက်သွန်နီဈေးကွက်တွင် အဟောင်းများအညှောင့်ထွက်ကာလဖြစ်၍ ပြည်တွင်းဈေးကွက်ကိုသာ အားထားတင်ပို့ပေးနေရကြောင်း မုံရွာမြို့ရှိ ကြက်သွန်နီ ပွဲရုံပိုင်ရှင်များထံမှ သိရသည်။ "အခုကအဟောင်းတွေ အညှောင့်ထွက်တော့ မြန်မာနိုင်ငံပြည်တွင်းဘဲပို့တော့တာပါ။တရုတ်နဲ့မလေးရှားကိုမပို့ရတော့ပါဘူး။ချင်းတွင်းမြစ်ကနေ မော်တော်တွေနဲ့ ဦးစားပေးတင်ပို့တယ်။...

မယ်ဆိုင်-မယ်ဟောက်ချောင်းဘေးရှိ မြန်မာနိုင်ငံဘက်မှ ကျူးကျော်အဆောက်အအုံများကိုစတင်ဖယ်ရှား

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ မယ်ဆိုင်- မယ်ဟောက်ချောင်းဘေးရှိ မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံဘက်သို့ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံများကို ယနေ့ နိုဝင်ဘာ ၂၇ ရက်မှစတင်ကာ ဖယ်ရှားမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ တာချီလိတ်မြို့ရှိ...

ပြည်တွင်းကုန်သည်များသာ ဝယ်ယူနိုင်သည့် အုပ်စု (စီ)...

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့တွင် ပြည်တွင်းကုန်သည်များသာ ဝယ်ယူနိုင်သည့် အုပ်စု (စီ) မှ ကျောက်စိမ်းအတွဲပေါင်း (၆၉၄) တွဲ ရောင်းချနိုင်ခဲ့ကြောင်း...
HomeInternationalသူလျှိုလုပ်သည်ဟု စွပ်စွဲကာ ဗြိတိန်သံတမန်ကို...

သူလျှိုလုပ်သည်ဟု စွပ်စွဲကာ ဗြိတိန်သံတမန်ကို ရုရှားက နှင်ထုတ်

ရုရှားနိုင်ငံအတွင်းပိုင်းအထိ တိုက်ခိုက်ရာတွင် ဗြိတိန်၏လက်နက်များကို ယူကရိန်းကို အသုံးပြုခွင့် ပေးခဲ့၍ လန်ဒန်နှင့် မော်စကိုအကြား တင်းမာမှုမြင့်တက်နေစဉ် သူလျှိုလုပ်မှုကြောင့်ဟုဆိုကာ ရုရှားက ဗြိတိန်သံတမန်တစ်ဦးကို နိုင်ငံမှ နှင်ထုတ်လိုက်သည်။

နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်သည့် ထောက်လှမ်းမှု နှင့် အဖျက်အမှောင့်လုပ်ရပ်များတွင် ပါဝင်နေသည့်အထောက်အထား စာရွက်စာတမ်းများ ကို တွေ့ရှိမှု တို့ဖြင့် ဗြိတိန်သံတမန်တစ်ဦးကို အရေးယူဆောင်ရွက်ခဲ့သည်ဟု ရုရှား၏ ပြည်တွင်းလုံခြုံရေးအေဂျင်စီ FSB က ကြေညာခဲ့သည်။

ဗြိတိန်သံတမန်သည် ရုရှားနိုင်ငံသို့ ပြည်ဝင်ခွင့်လျှောက်ထားရာတွင် အချက်အလက်အမှားများကို ရည်ရွယ်ချက်ချက်ရှိရှိ ပေးခဲ့ခြင်းဖြင့် ရုရှားနိုင်ငံ ဥပဒေကို ချိုးဖောက်ခဲ့သည်ဟု FSB အခိုင်အမာပြောဆိုသည်။ အဆိုပါ သံတမန်ကို နိုင်ငံတွင်းမှ ထွက်သွားရန် ရက်သတ္တနှစ်ပတ် အချိန်ပေးထားသည်ဟု ရုရှားမီဒီယာက ဖော်ပြသည်။

FSB ၏ အဆိုအရ ရုရှားရုပ်သံသတင်းများတွင် ဓါတ်ပုံနှင့်တကွ ဖော်ပြခံရသည့် ဗြိတိန်သံတမန်သည် သြဂုတ်လအတွင်းက နှင်ထုတ်ခံခဲ့ရသည့် ဗြိတိန်သံတမန် ခြောက်ဦးအနက် တစ်ဦး၏နေရာကို အစားထိုးတာဝန်ပေးခဲ့ခြင်းဟုဆိုသည်။ ယင်းသံတမန်ခြောက်ဦးကိုလည်း သူလျှိုလုပ်မှုစွဲချက်ဖြင့် တိုင်းပြည်မှ နှင်ထုတ်ခဲ့ခြင်းဖြစ်ပြီး စွပ်စွဲချက်သည် အခြေအမြစ်မရှိဟု ဗြိတိန်နိုင်ငံခြားရေးဌာန၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး(FCDO) က ယင်းအချိန်က ပြောဆိုခဲ့သည်။

မော်စကိုရှိ ဗြိတိန်သံအမတ် နီဂျယ် ကာဆီကို ဆင့်ခေါ်ခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။ ယခုကိစ္စနှင့် ပတ်သက်၍ FCDO က လတ်တလောတွင် မှတ်ချက်ပြု ပြောဆိုခြင်း မရှိသေးပေ။

Ref: သည်ဂါးဒီးယန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့တွင် ကုန်စိမ်းဈေးရုံနှင့် ကုန်စိမ်းပွဲရုံသစ်တည်ဆောက်လျက်ရှိ

မုံရွာမြို့တွင် အနယ်နယ်အရပ်ရပ်မှ ရာသီပေါ်သီးနှံများရောင်းချသည့် ကုန်စိမ်းဈေးသည်များအတွက် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြေဧက (၃.၈)ဧက ပေါ်တွင် ကုန်စိမ်းဈေးရုံနှင့် ကုန်စိမ်းပွဲရုံသစ်ကြီး တည်ဆောက်လျက်ရှိကြောင်းသိရသည်။ "မုံရွာမြို့၊ မြို့အင်္ဂါရပ်နဲ့ အညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလမ်းမကြီးတလျှောက် ရောင်းဝယ်ဖောက်ကားလျှက်ရှိတဲ့ ကုန်စိမ်းဈေးသည်တွေစနစ်တကျ ရောင်းဝယ် ဖောက်ကားနိုင်ဖို့နဲ့ လမ်းမကြီးတလျှောက် ယာဉ်အန္တရာယ် ကင်းရှင်းရေးတို့အတွက် ကုန်စိမ်းဈေးရုံနှင့် ကုန်စိမ်းပွဲရုံသစ်ကြီးကို တည်ဆောက်နေပါတယ်"ဟု မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းကပြောသည်။ ကုန်စိမ်းဈေးရုံ တည်ဆောက်ရာတွင်ပေ(၈၀×၆၀)အတိုင်း အတာရှိ ဈေးရုံ (၁၂)ရုံအား လှရတီ၊ ဘုန်းကံတိုး၊ ကံမြတ်ထွန်းကျော်၊ မြမြင့်မိုရ်အရာတော် ကုမ္ပဏီတို့မှ တည်ဆောက်လျှက်ရှိပြီး...

ကြက်သွန်နီအဟောင်းများအညှောင့်ထွက်ကာလဖြစ်၍ ပြည်တွင်းဈေးကွက်သာ အားထားနေရ

မုံရွာ ကြက်သွန်နီဈေးကွက်တွင် အဟောင်းများအညှောင့်ထွက်ကာလဖြစ်၍ ပြည်တွင်းဈေးကွက်ကိုသာ အားထားတင်ပို့ပေးနေရကြောင်း မုံရွာမြို့ရှိ ကြက်သွန်နီ ပွဲရုံပိုင်ရှင်များထံမှ သိရသည်။ "အခုကအဟောင်းတွေ အညှောင့်ထွက်တော့ မြန်မာနိုင်ငံပြည်တွင်းဘဲပို့တော့တာပါ။တရုတ်နဲ့မလေးရှားကိုမပို့ရတော့ပါဘူး။ချင်းတွင်းမြစ်ကနေ မော်တော်တွေနဲ့ ဦးစားပေးတင်ပို့တယ်။ မော်လမြိုင်၊ရန်ကုန်၊ မန္တလေးဈေးကွက်တွေဦးစားပေးပို့ပါတယ်။ အညှောင့်ထွက်ချိန်ဆိုတော့ပြည်ပတင်ဖို့က အဆင်မပြေတော့ဘူး။ စောစောလတွေကပြည်ပတရုတ်ကို တင်ရတာပေါ့။အခုက ပြည်တွင်းပဲပို့ရပါတယ်"ဟု ဓူဝံကြက်သွန်နီ ပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းဌေးကပြောသည်။ ကြက်သွန်နီဈေးနှုန်းသည် ယခုနှစ်အစောပိုင်းကဈေးနှုန်းအေးခဲ့ရာ တစ်ပိသာ (၁၆၀၀) ကျပ် - (၁၇၀၀) ကျပ်ဈေးမှ ကျပ် (၃၀၀၀)ကျော် ဈေးအထိဖြစ်လာခဲ့ပြီးယခုတွင် ဈေးကွက်အေးသွားကြောင်း သိရသည်။ လာမည့်လများအတွင်း ကြက်သွန်နီဈေးလာနိုင်ချေရှိကြောင်း ကြက်သွန်နီရောင်းသူများထံက သိရသည်။ "မုံရွာမြို့ဝန်းကျင်ကျေးရွာတွေက ကြက်သွန်နီတွေဝင်ပါတယ်။လာပို့တာရှိသလို...

မယ်ဆိုင်-မယ်ဟောက်ချောင်းဘေးရှိ မြန်မာနိုင်ငံဘက်မှ ကျူးကျော်အဆောက်အအုံများကိုစတင်ဖယ်ရှား

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ မယ်ဆိုင်- မယ်ဟောက်ချောင်းဘေးရှိ မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံဘက်သို့ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံများကို ယနေ့ နိုဝင်ဘာ ၂၇ ရက်မှစတင်ကာ ဖယ်ရှားမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ တာချီလိတ်မြို့ရှိ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်နှင့် ရန်အောင်မြေရပ်ကွက်များတွင် ထိုင်းနိုင်ငံဘက်သို့ ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံများ၊ အုတ်တံတိုင်းများကို စတင်ဖယ်ရှားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ဖယ်ရှားခြင်းမပြုမီ တာဝန်ရှိသူများက ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံများနှင့် အုတ်တံတိုင်းပိုင်ရှင်များကိုတွေ့ဆုံ၍ အသိပေးအကြောင်းကြားမှုများပြုလုပ်ပြီးနောက် စက်ယန္တရားများဖြင့် ဖယ်ရှားခဲ့ကြကြောင်း သိရသည်။ မယ်ဆိုင်-မယ်ဟောက်ချောင်းတစ်လျှောက်တွင် မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံဘက်သို့ ကျူးကျော်ဆောက်လုပ်ထားသည့် RC (၁)ထပ်၊ (၂) ထပ်အဆောက်အအုံ၊ သစ်သားအိမ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071