Thursday, November 28, 2024

ငွေစက္ကူအတုများရမည်ဟုပြောဆိုကာ ငွေကြေးလိမ်လည်သည့် ဒက္ခိဏသီရိမြို့နယ်မှ အသက်...

လူမှုကွန်ယက်စာမျက်နှာ၌ ငွေစက္ကူအတုများရမည်ဟုရေးသားပြောဆိုကာ ငွေကြေးလိမ်လည်မှုများပြုလုပ်ခဲ့သည့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနေ အသက်(၁၈)နှစ်အရွယ်အမျိုးသမီးကို နိုဝင်ဘာ ၂၄ ရက်နံနက် ၉ နာရီခွဲက ဖမ်းဆီးရမိခဲ့ကြောင်း...

မြန်မာ – ထိုင်း နယ်စပ်ဒေသ...

မြန်မာ - ထိုင်း နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး အပါအဝင် ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှု တိုးမြှင့်ရေးတို့ကို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန...

ပြည်တွင်း၌ ဆန်ပြတ်လပ်မှု မဖြစ်ပေါ်နိုင်ဟု ဆန်စပါးအသင်းချုပ်...

ပြည်တွင်းရှိ ဈေးကွက်အတွင်း ဆန်ပြတ်လပ်မှု မပေါ်နိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။ နိုဝင်ဘာ (၂၇) ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက...

ထိုင်းနိုင်ငံအတွင်း နေထိုင်သည့် အထောက်အထားမဲ့ နိုင်ငံခြားသားများကို...

ထိုင်းနိုင်ငံအတွင်း နေထိုင်သည့် အထောက်အထားမဲ့ နိုင်ငံခြားသားများကို ဒီဇင်ဘာလ ၃၁ ရက်မှစတင်၍ တရားဝင်နေထိုင်ခွင့် (ဘတ်ကတ်) ပြုလုပ်ပေးမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ နိုင်ငံအတွင်း...
HomeNewsLocal Newsမြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ၂၀၂၄ ကို...

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ၂၀၂၄ ကို YCC ၌ သုံးရက်တိုင်တိုင် ပြုလုပ်သွားမည်

မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ၂၀၂၄ကို ဒီဇင်ဘာ ၆၊ ၇၊ ၈ ရက်တို့တွင် သုံးရက်တိုင်တိုင် Inya Lake Hotel, Yangon Convention Center (YCC) ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲကို တရုတ်နိုင်ငံ၊ Zhejiang ပြည်နယ်မှကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၏ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် Chinese Textile & Garment Association In Myanmar (CTGA) တို့ပူးပေါင်းကာ တရုတ်-မြန်မာ နှစ်နိုင်ငံ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများ၊ အလားအလာရှိသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရေရှည်ပြုလုပ်နိုင်ရန်နှင့် မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍဖွံ့ဖြိုးတိုးတတ်ရန် ရည်ရွယ်ကာ ပြုလုပ်ခြင်းဖြစ်ကာ၊ မြန်မာနိုင်ငံရှိ ပြင်ပအထည်ချုပ်လုပ်ငန်းရှင်အသင်းများဖြစ်သော Korea Garment Association In Myanmar (KOGAM) , Hong Kong Myanmar Manufactures’ Association Limited (HKMMA) တို့မှလည်း ပြခန်းများပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် တရုတ်နိုင်ငံမှ ကုန်ထုတ်လုပ်သူ ၁၀၀ ကျော်သည် အမှတ်တံဆိပ်ပေါင်း ၂၀ ခန့်အား လာရောက်ပြသမည့်အပြင် Made in Myanmar များကိုလည်း ပြသမည်ဖြစ်သဖြင့် ပြည်တွင်း SME လုပ်ငန်းများအား အရောင်းမြှင့်တင်ခြင်း၊ မိတ်ဆက်ခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံနိုင်ငံများမှ အထည်ချုပ်လုပ်ငန်းရှင်များအသင်းအဖွဲ့ဖြစ်သော ASEAN Federation of Textile (AFTEX) ကိုယ်စားလှယ်များမှ အာဆီယံနိုင်ငံများ၏ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍတို့၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် Sustainable Development Sector အဖြစ်တိုးမြှင့်ဆောင်ရွက်နိုင်ရန်အလားအလာများကို Panel Discussion များဖြင့် မျှဝေခြင်း၊ AFTEX Delegates များမှ အာဆီယံနိုင်ငံများ၏ ရိုးရာဝတ်စုံများဝတ်ဆင်ကာ ပြသမည့်အပြင် Made in Myanmar ထုတ်ကုန်များကိုပြသမည့် Fashion Show , Business Matching နှင့် Garment related industried များ၏ကဏ္ဍများကို Seminar များတွင် ဆွေးနွေးခြင်းများပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“မြန်မာ့အထည်ချုပ်လုပ်ငန်းမှ ထုတ်ကုန်များအတွက် ဈေးကွက်အသစ်များရရှိစေရန် တက်ကြွစွာဆောင်ရွက်လျက်ရှိရာမှာ ကုန်စည်ပြပွဲများ၊ စီးပွားရေးမိတ်ဖက်များနှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးခြင်းနှင့် အပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲများတွင် ဝင်ရောက်ပြသခြင်းဖြင့် ယခုလို အထည်အလိပ်နှင့် စက်ပစ္စည်းများပြပွဲမှ မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍ၏ လုပ်ကိုင်နိုင်စွမ်းကို တစ်ကမ္ဘာလုံးမှ ဝယ်လက်များ သိအောင်ပြသနိုင်မှာဖြစ်ပါတယ်။ ပြည်တွင်းထုတ်ကုန်အမှတ်တံဆိပ်များတိုးတိုက်မှုကို ပံ့ပိုးပေးခြင်းသည် အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်နိုင်ရုံမက ပြည်တွင်းစွန့်ဦးတီထွင်လုပ်ငန်းရှင်များကို အားပေးခြင်းနှင့် ဒေသထွက်အထည်ချုပ် အမှတ်တံဆိပ်များ တိုးချဲ့ခြင်းသည် စီးပွားရေးဖူလုံမှုကို မြှင့်တင်ပေးကာ ကမ္ဘာ့ဈေးကွက်တွင် မတူခြားနားသည့် ပြည်တွင်းထုတ်ကုန်အထည်ချုပ်ကုန်အမှတ်တံဆိပ်များ ဖြစ်ပေါ်လာရေးကို အထောက်အကူဖြစ်လာမည်ဖြစ်သည်” ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမြင့်စိုးမှ ပြောသည်။

အဆိုပါ Made In Myanmar ပြပွဲကို ၂၀၂၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ရာ ပြပွဲကိုလာ‌ေရာက်ကြည့်ရှုသူပေါင်း ၁၅၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငွေစက္ကူအတုများရမည်ဟုပြောဆိုကာ ငွေကြေးလိမ်လည်သည့် ဒက္ခိဏသီရိမြို့နယ်မှ အသက် (၁၈)နှစ်အရွယ် အမျိုးသမီးကိုဖမ်းမိ

လူမှုကွန်ယက်စာမျက်နှာ၌ ငွေစက္ကူအတုများရမည်ဟုရေးသားပြောဆိုကာ ငွေကြေးလိမ်လည်မှုများပြုလုပ်ခဲ့သည့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနေ အသက်(၁၈)နှစ်အရွယ်အမျိုးသမီးကို နိုဝင်ဘာ ၂၄ ရက်နံနက် ၉ နာရီခွဲက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ လူမှုကွန်ယက်စာမျက်နှာ၌ နိုဝင်ဘာ ၁၇ ရက်က အခေါက်ရွှေရောင်းသူဝယ်သူအမည်ပါ Facebook Group အတွင်း Amara Pan အမည်ဖြင့် Facebook အကောင့်မှ “ငွေတုရောင်းတယ် မှတ်ပုံတင်တဲ့ရောင်းပေးတယ် လူလိမ်မဟုတ်ပါ လူလိမ်ထင်ရင်မဝယ်ပါနဲ့ Viber/ 09971007328 သို့ ဆက်သွယ်ပါ" စာသား နှင့်ငွေစက္ကူအတုပုံများ Post တင်ထားမှုကို...

မြန်မာ – ထိုင်း နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး အပါအဝင် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးတို့ ဆွေးနွေး

မြန်မာ - ထိုင်း နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး အပါအဝင် ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှု တိုးမြှင့်ရေးတို့ကို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဒူးစစ် မေနဖန်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ ယမန်နေ့ နိုဝင်ဘာ (၂၇)ရက်က လက်ခံတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရေးအပေါ်...

ပြည်တွင်း၌ ဆန်ပြတ်လပ်မှု မဖြစ်ပေါ်နိုင်ဟု ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ပြော

ပြည်တွင်းရှိ ဈေးကွက်အတွင်း ဆန်ပြတ်လပ်မှု မပေါ်နိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။ နိုဝင်ဘာ (၂၇) ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါ အတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " ဆန်ပြတ်လပ်မှုက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီအပေါ်မှာလည်း ဂရုစိုက်ပြီးတော့ ဆောင်ရွက်ပါတယ်။ အစိုးရကလည်း မူချပေးပါတယ်။ ပြည်တွင်းဆန်ဈေးကြီးလာတယ်ဆိုရင် ပြည်တွင်းဈေးကွက်တည်ငြိမ်အောင် ဆောင်ရွက်ဖို့အတွက် ပထမဦးစားပေးဖြစ်ပါတယ်။ ကျွန်တော်တို့ ထိန်းဖို့ခက်ခဲတာက ဘာလဲဆိုရင် သိုလှောင် ဈေးကစားတဲ့သူတွေ။ သိုလှောင်ဈေးကစားတဲ့သူတွေက အများကြီးပဲ ဈေးကွက်ထဲမှာ။ သိုလှောင်ပြီးတော့ ဈေးကစားတဲ့သူတွေကြောင့် ဆန်ဈေးနှုန်းမတည်မငြိမ်ဖြစ်ရတယ်။ ဒါကြောင့်မို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071