လူမှုကွန်ယက်စာမျက်နှာ၌ ငွေစက္ကူအတုများရမည်ဟုရေးသားပြောဆိုကာ ငွေကြေးလိမ်လည်မှုများပြုလုပ်ခဲ့သည့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနေ အသက်(၁၈)နှစ်အရွယ်အမျိုးသမီးကို နိုဝင်ဘာ ၂၄ ရက်နံနက် ၉ နာရီခွဲက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များမှ လူမှုကွန်ယက်စာမျက်နှာ၌ နိုဝင်ဘာ ၁၇ ရက်က အခေါက်ရွှေရောင်းသူဝယ်သူအမည်ပါ Facebook Group အတွင်း Amara Pan အမည်ဖြင့် Facebook အကောင့်မှ “ငွေတုရောင်းတယ် မှတ်ပုံတင်တဲ့ရောင်းပေးတယ် လူလိမ်မဟုတ်ပါ လူလိမ်ထင်ရင်မဝယ်ပါနဲ့ Viber/ 09971007328 သို့ ဆက်သွယ်ပါ” စာသား နှင့်ငွေစက္ကူအတုပုံများ Post တင်ထားမှုကို စိစစ်တွေ့ရှိခဲ့သည်။
ထို့ကြောင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာ ယင်း အကောင့်ပိုင်ရှင်ဖြစ်သူ မအေးအေးအောင်(၁၈)နှစ်အား ဒက္ခိဏသီရိမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ ၎င်း၏နေအိမ်တွင် VIVO Y 83 အမျိုးအစား အနီရောင်ဖုန်း ၁ နှင့်အတူဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးချက်များအရ ၎င်းသည် ပို့စ်တင်မှုများပြုလုပ်ပြီးချိန်တွင် Viber မှတစ်ဆင့် ငွေစက္ကူအ တုဝယ်ယူရန် ဆက်သွယ်လာသူများအား ငွေစ က္ကူအစစ် ၁ ဆလျှင် ငွေစက္ကူအတု ၈ ဆရမည်၊ မြင်းခြံမြို့မှဆိုပါက အိမ်အရောက်ငွေချေပြုလုပ်၍ရမည်၊ ကျန်မြို့များအား စရံတစ်ဝက်ပေးချေ၍ ငွေစက္ကူအတုရရှိမှသာ ကျန်ငွေတစ် ဝက်အားဝယ်ယူ၍ရမည်ဟုပြောဆိုကာ Hnin Mya Wave pay အကောင့်အတွင်းသို့ ငွေလွှဲခိုင်းပြီး ငွေလွှဲရောက်ရှိပါက Viber အကောင့်အား Block ၍ ငွေကြေးများကို လိမ်လည်ရယူခဲ့ကြောင်းအား ဖော်ထုတ်သိရှိခဲ့ရသည်။
ထို့ကြောင့် မအေးအေးအောင်အား ဧည့်ဂေဟာနယ်မြေရဲစခန်းက (ပ)၆၈/၂၀၂၄၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ)ဖြင့်အမှုဖွင့်ကာ တရားစွဲ ဆိုနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။