Thursday, November 28, 2024

နိုင်ငံဖြတ်ကျော် ခရီးသွားအရင်းအမြစ်များ မျှဝေခြင်း လုပ်ငန်းစဉ်များကို...

လန်ချန်း-မဲခေါင်နိုင်ငံများအကြား ခရီးသွားလုပ်ငန်းများနှင့် နိုင်ငံဖြတ်ကျော်ခရီးသွားအရင်းအမြစ်များ မျှဝေခြင်း လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြသည့် ၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်ဆွေးနွေးပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ်...

မြန်မာ့စက်မှုဆိပ်ကမ်း (MIP) နှင့် The...

မြန်မာ - ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုကို ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှုပြုလုပ်ခဲ့ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) နှင့် The Myanmar Terminal (TMT)...

ကျပ်သန်း (၁၅၀၀) နှင့် အမေရိကန်ဒေါ်လာ...

စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုငွေကျပ်သန်း (၁၅၀၀) နှင့် အမေရိကန်ဒေါ်လာ (၇.၆၉) သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှအတည်ပြုပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏...

နေတန်ယာဟုကို ဝရမ်းထုတ်သည့်အတွက် ထရမ့်ပ်နှင့် ကွန်ဂရက်က...

နိုင်ငံတကာ ရာဇဝတ်တရားရုံး(အိုင်စီစီ) သည် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီးဟောင်းတို့ကို ဖမ်းဝရမ်းထုတ်ရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် တရားရုံးကို အမေရိက သည် ပိတ်ဆို့ဒဏ်ခတ်မည်ဟု ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်တွင်...
HomeNewsLocal NewsOnline လိမ်လည်များတွင်ပါဝင်ပတ်သက်နေသူများ၊ နောက်ကွယ်မှကြိုးကိုင်နေသူများကို...

Online လိမ်လည်များတွင်ပါဝင်ပတ်သက်နေသူများ၊ နောက်ကွယ်မှကြိုးကိုင်နေသူများကို ဖော်ထုတ်ဖမ်းဆီး၍ ပြင်းပြင်းထန်ထန်အရေးယူသွားမည်

Online လိမ်လည်များတွင်ပါဝင်ပတ်သက်နေသူများ၊ နောက်ကွယ်မှကြိုးကိုင်နေသူများကို ဖော်ထုတ်ဖမ်းဆီး၍ ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး ဗိုလ်ချုပ်တိုးရီကပြောသည်။

မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များ နိုဝင်ဘာ ၂၇ ရက်မွန်းလွဲပိုင်းကတွေ့ဆုံစဉ် ဗိုလ်ချုပ်တိုးရီကပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး Online မှတစ်ဆင့် လိမ်လည်မှုလုပ်ငန်းများတွင်လုပ်ကိုင်နေကြသော နိုင်ငံခြားသားများအား နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု၊ လူသားချင်းစာနာထောက်ထားမှုတို့အပေါ်အခြေခံ၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းနိုင်ရန် စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။

ထို့ပြင်အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ တာဝန်ရှိအဖွဲ့အစည်းများပူးပေါင်းကာ တားဆီးနှိမ်နင်းလျက်ရှိ၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်အထိ မြန်မာနိုင်ငံအတွင်း အခက်အခဲများကြုံတွေ့နေရသဖြင့် ရှာဖွေကူညီကယ်တင်ပေးခဲ့သည့် နိုင်ငံ ခြားသားပေါင်း(၁၂၄၂)ဦးရှိပြီး ၎င်းတို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာနိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးခဲ့သည်ဟု ဗိုလ်ချုပ်တိုးရီက ပြောကြားခဲ့သည်။

ထို့နောက် ကြီးကြပ်ရေးလုပ်ငန်းကော်မတီအဖွဲ့များနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များသည် နိုင်ငံခြားသားများအား ရှာဖွေကူညီကယ်တင်ခြင်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်လွှဲပြောင်းခြင်းတို့ဆောင်ရွက်ရာ၌ ရင်ဆိုင်ကြုံတွေ့နေရသည့်အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံဖြတ်ကျော် ခရီးသွားအရင်းအမြစ်များ မျှဝေခြင်း လုပ်ငန်းစဉ်များကို လန်ချန်း-မဲခေါင် ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

လန်ချန်း-မဲခေါင်နိုင်ငံများအကြား ခရီးသွားလုပ်ငန်းများနှင့် နိုင်ငံဖြတ်ကျော်ခရီးသွားအရင်းအမြစ်များ မျှဝေခြင်း လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြသည့် ၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်ဆွေးနွေးပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ ၂၀၂၄ ခုနှစ် လန်ချန်း-မဲခေါင် ခရီးသွားမြို့များ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်ဆွေးနွေးပွဲကို ချုံချင့်မြို့၊ Jinyuan ဟိုတယ်၌ နိုဝင်ဘာ (၂၇)ရက်က တရုတ်နိုင်ငံ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ချုံချင့်မြူနီစီပယ်အစိုးရ ယဉ်ကျေးမှုနှင့် ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်မှ ဦးစီးကျင်းပခဲ့ခြင်းဖြစ်သည်။ ၎င်းဆွေးနွေးပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းက...

မြန်မာ့စက်မှုဆိပ်ကမ်း (MIP) နှင့် The Myanmar Terminal (TMT) ဆိပ်ကမ်းများမှတဆင့် မြန်မာ – ထိုင်းနှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ခဲ့

မြန်မာ - ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုကို ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှုပြုလုပ်ခဲ့ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) နှင့် The Myanmar Terminal (TMT) ဆိပ်ကမ်း များမှတဆင့် တင်ပို့မှုနှင့် တင်သွင်းမှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်းကုန် သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ (၄/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။ နယ်စပ်ကုန်သွယ်မှုနည်းလမ်း (Bor-der Trade Method) ဖြင့် (ရန်ကုန် - ကော့သောင်း - ရနောင်း) နှင့် (ရနောင်း - ကော့သောင်း-ရန်ကုန်) သို့ ကွန်တိန်နာ...

ကျပ်သန်း (၁၅၀၀) နှင့် အမေရိကန်ဒေါ်လာ (၇.၆၉) သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၉)ခု ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအတည်ပြု

စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုငွေကျပ်သန်း (၁၅၀၀) နှင့် အမေရိကန်ဒေါ်လာ (၇.၆၉) သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၉)ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှအတည်ပြုပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၁/၂ ၀၂၄) ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှုလုပ်ငန်း(၁)ခုနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်း (၈) ခုတို့ကို အတည်ပြုခဲ့ပေးခြင်းဖြစ်သည်။ ထိုသို့ အတည်ပြုခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်း၌ ရာခိုင်နှုန်းပြည့်ရောင်းချမည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ (NS...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071