မကွေးတိုင်း၊ မကွေးမြို့၊ မြင်သာရပ်ကွက်ရှိ ရွှေအရောင်းဆိုင်တစ်ဆိုင်၌ ရွှေဆိုင်ပိုင်ရှင်အားေ-သနတ်ဖြင့်ပစ်ခတ်၍ ရွှေထည်ပစ္စည်းများကိုလုယက်ယူဆောင်သွားခဲ့မှု ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့လည် ၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မကွေးမြို့၊ မြင်သာရပ်ကွက်၊ မဲထီးလမ်းနှင့်သုခိကာလမ်းထောင့်ရှိ ချိုချိုရတနာ အာမခံရွှေဆိုင်သို့ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသား(၂)ဦးရောက်ရှိလာကာ အသင့်ပါလာသည့် ေ-သနတ်များဖြင့် ရွှေဆိုင်ပိုင်ရှင်အားပစ်ခတ်ပြီးနောက် မှန်ဘောင်များကိုထုဖြင့်ရိုက်ခွဲကာ မှန်ဘောင်အတွင်းရှိ ရွှေထည်ပစ္စည်းများကို လုယက်ယူဆောင်ပြီးထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်၌ ေ-သနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ရွှေဆိုင်ပိုင်ရှင်ဖြစ်သူတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် တာဝန်ရှိသူများက မကွေးမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် လုံခြုံရေးအဖွဲ့ဝင်များက အခင်းဖြစ်ရွှေဆိုင်၌စစ်ဆေးမှုများပြုလုပ်ပြီးနောက် ပြစ်မှုကျူးလွန်သူ(၂)ဦးအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။