Friday, November 29, 2024

အစ္စရေးနှင့်‌ ဟေဇ်ဘိုလာတို့၏အပစ်အခတ်ရပ်စဲရေး တရုတ်ကြိုဆို

ပေကျင်း၊နိုဝင်ဘာ ၂၇ တရုတ်နိုင်ငံသည် လက်ဘနွန်နှင့် အစ္စရေး အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှရရှိထားသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက လက်ဘနွန်၌...

တောင်ကိုရီးယား၌ဆီးနှင်းထူထပ်စွာကျ၍ လူလေးဦး ‌ေ-သဆုံး

တောင်ကိုရီးယားနိုင်ငံတွင် ပြင်းထန်သောဆောင်းရာသီကာ၌ ဒုတိယမြောက်နေ့အဖြစ် နိုဝင်ဘာ ၂၈ ရက်က ဆီးနှင်းများ ဆက်လက်၍ထူထပ်စွာကျဆင်းခဲ့ပြီး လေကြောင်းခရီးစဉ်များကို ဒါဇင်နှင့်ချီ၍ ဖျက်သိမ်းခဲ့ရကာ ဖယ်ရီပို့ဆောင်မှုများလည်း ရပ်ဆိုင်းသွားခဲ့ပြီး...

စီးပွားရေးပညာကို စွမ်းဆောင်ရည်ပြည့်ဝစွာ လက်တွေ့အသုံးချတတ်မှုသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင်...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည့် ယနေ့ နိုဝင်ဘာ ၂၈ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံ“စီးပွားရေးပညာနှစ်(၁၀၀)”ရာပြည့်အထိမ်းအမှတ်အခမ်းအနား၌ စီးပွားရေး အတတ်ပညာ၏ အရေးပါမှုကို ထည့်သွင်းပြောကြားခဲ့သည်။ ကမ္ဘာ့ပထဝီနိုင်ငံရေး၊...

နိုင်ငံ့ဝန်ထမ်းများအပါအဝင် သိပ္ပံဘွဲ့ရရှိထားသူများ သွားတုလုပ်ငန်းကျွမ်းကျင်မှု ဒီပလိုမာ(၂)နှစ်သင်တန်းတက်ရောက်လိုက...

တက္ကသိုလ်တစ်ခုခုမှ သိပ္ပံဘွဲ့ရရှိသူများအနေဖြင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)၏ သွားတုလုပ်ငန်းကျွမ်းကျင်မှုသင်တန်း ဌာနတွင်ဖွင့်လှစ်မည့် သွားတုလုပ်ငန်းကျွမ်းကျင်မှု ဒီပလိုမာ(၂)နှစ်သင်တန်းတက်ရောက်နိုင်ကြောင်း သိရသည်။ သင်တန်းတက်ရောက်လိုသူများသည် မြန်မာနိုင်ငံသား အသက်(၂၇)နှစ်ထက်မကျော်လွန်ဘဲ တက္ကသိုလ်တစ်ခုခုမှ သိပ္ပံဘွဲ့ရရှိသူဖြစ်ရမည်ဖြစ်ကာ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက...
HomeNewsLocal Newsကန့်သတ်မှုမျိုးစုံကြုံတွေ့နေရသဖြင့် ပြည်ပပို့ကုန်အား ၂...

ကန့်သတ်မှုမျိုးစုံကြုံတွေ့နေရသဖြင့် ပြည်ပပို့ကုန်အား ၂ ဆ တိုးမြှင့်တင်ပို့နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူရမည်

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ပြည်ပပို့ကုန်များတိုးမြှင့်တင်ပို့ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၂၈ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံ“စီးပွားရေးပညာနှစ် (၁၀၀)”ရာပြည့်အထိမ်းအမှတ်အခမ်းအနား၌ ထည့်သွင်းပြောကြားခဲ့သည်။

ဖွံ့ဖြိုးဆဲတိုင်းပြည်တစ်ခုသည် ဈေးကွက်ဝင်သည့် ကုန်ထုတ်လုပ်မှုမြင့်မားရန်အလွန်အရေး ကြီးကာ အကြောင်းအမျိုးမျိုးပြ၍ ကန့်သတ်မှုမျိုးစုံကြုံတွေ့နေရသော မြန်မာနိုင်ငံအနေဖြင့် လက်ရှိပြည်ပပို့ကုန်ကို ၂ ဆတိုးမြှင့်ပို့နိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူရမည်ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၄၁ ရာခိုင်နှုန်းသည် လယ်ယာ၊ သား ငါး၊ သစ်တောကဏ္ဍများတွင် လုပ်ကိုင်နေသူများဖြစ်ကာ အဓိကကုန်ထုတ်လုပ်ငန်းသည် လယ်ယာထုတ်ကုန် နှင့် မွေးမြူရေးထုတ်ကုန်များသာ ဖြစ်သည့်အတွက် အလေးထား ဆောင်ရွက်သင့်သည်ဆိုသည်မှာ ပေါ်လွင်နေသည်ဟု ဆိုသည်။

” နိုင်ငံတစ်နိုင်ငံရဲ့ အဓိကမောင်းနှင်အားဟာ စီးပွားရေးပဲဖြစ်ပါတယ်။ ဒါကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံတဲ့ ကုန်ထုတ်လုပ်မှုကို ယခုလက်ရှိအခြေအနေထက် တိုးတက်အောင် ဆောင်ကြဉ်းပေးရန်လိုပါတယ် ” ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ပြန်လည်ရရှိနိုင်သည့် သဘာဝကုန်ကြမ်းကိုအခြေခံသော ကုန်ထုတ်လုပ်မှုများကို အားပေးကြရန်၊ ကိန်းဂဏန်းများအရ တိုးတက်မှုသာမက လက်တွေ့ကျကျတိုးတက်အောင် ဆောင်ရွက်ကြရန်နှင့် အဓိကကျသည့် စိုက်ပျိုးရေးကဏ္ဍအနေဖြင့် အထွက်နှုန်းကောင်းမွန်ရေး ဆောင်ရွက်‌ပေးနိုင်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အစ္စရေးနှင့်‌ ဟေဇ်ဘိုလာတို့၏အပစ်အခတ်ရပ်စဲရေး တရုတ်ကြိုဆို

ပေကျင်း၊နိုဝင်ဘာ ၂၇ တရုတ်နိုင်ငံသည် လက်ဘနွန်နှင့် အစ္စရေး အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှရရှိထားသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက လက်ဘနွန်၌ အပစ်အခတ်ရပ်စဲရေးကို အစ္စရေးလုံခြုံရေးအဖွဲ့က အတည်ပြုလိုက်ပြီဟု အင်္ဂါနေ့ကကြေငြာခဲ့သကဲ့သို့ လက်ဘနွန်အစိုးရကလည်း ယခုဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆိုခဲ့သည်။ ယခုကိစ္စနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏သဘောထားကိုမေးမြန်းရာ၌ တရုတ်နိုင်ငံသည် လက်ဘနွန်နှင့် အစ္စရေးတို့၏ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ကို လိုက်နာရန် သက်ဆိုင်ရာ အဖွဲ့အားလုံးကို တစိုက်မတ်မတ်တောင်းဆိုခဲ့သည်ဟုပြန်လည်ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲရေး ကို မဖော်ဆောင်နိုင်ခြင်းကလည်း အရှေ့အလယ်ပိုင်းတွင်...

တောင်ကိုရီးယား၌ဆီးနှင်းထူထပ်စွာကျ၍ လူလေးဦး ‌ေ-သဆုံး

တောင်ကိုရီးယားနိုင်ငံတွင် ပြင်းထန်သောဆောင်းရာသီကာ၌ ဒုတိယမြောက်နေ့အဖြစ် နိုဝင်ဘာ ၂၈ ရက်က ဆီးနှင်းများ ဆက်လက်၍ထူထပ်စွာကျဆင်းခဲ့ပြီး လေကြောင်းခရီးစဉ်များကို ဒါဇင်နှင့်ချီ၍ ဖျက်သိမ်းခဲ့ရကာ ဖယ်ရီပို့ဆောင်မှုများလည်း ရပ်ဆိုင်းသွားခဲ့ပြီး ‌ေ-သဆုံးသူ လေးဦးထက်မနည်း ရှိခဲ့သည်။ သို့သော်လည်း အဆိုပါရာသီဥတုအခြေအနေသည် လျော့ပါးသက်သာစပြုလာသည့် လက္ခဏာများပြသလာသည်ဟု သိရသည်။ မြို့တော်၏ ရာသီဥတုဆိုင်ရာ အချက်လက်များအရ ဆိုးမြို့တော်တွင် ဆောင်းရာသီ ဆီးနှင်းကျဆင်းမှုသည် ၁၉၀၇ ခုနှစ်ကစသော မှတ်တမ်းတင်ခဲ့မှုများ၌ တတိယမြောက်အပြင်းထန်ဆုံး နှင်းကျဆင်းမှုဖြစ်သည်ဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။ ဆိုးလ်မြို့၏ ဆိပ်ကမ်းများတွင် နံနက် ၈ နာရီခန့်အထိ ဆီးနှင်းကျဆင်းမှုသည် ၄၀...

စီးပွားရေးပညာကို စွမ်းဆောင်ရည်ပြည့်ဝစွာ လက်တွေ့အသုံးချတတ်မှုသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့်အခန်းကဏ္ဍမှပါဝင်ဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည့် ယနေ့ နိုဝင်ဘာ ၂၈ ရက်နံနက်ပိုင်းကကျင်းပသည့် မြန်မာနိုင်ငံ“စီးပွားရေးပညာနှစ်(၁၀၀)”ရာပြည့်အထိမ်းအမှတ်အခမ်းအနား၌ စီးပွားရေး အတတ်ပညာ၏ အရေးပါမှုကို ထည့်သွင်းပြောကြားခဲ့သည်။ ကမ္ဘာ့ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးတို့၏ အားပြိုင်မှုများကို မြန်မာနိုင်ငံအနေဖြင့် အနည်း နှင့်အများသက်ရောက်ခံစားကြရကာ နစက မှ နိုင်ငံတော်တာဝန်စယူချိန်ကပင် စီးပွားရေးနှင့် ပတ်သက်၍ အဖျက်အမှောင့်၊ ပိတ်ဆို့ဟန့်တားမှုများစွာ၊ အကြပ်အတည်းများစွာကိုကျော်လွှားနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သည်ဟု ပြောသည်။ နစက အနေဖြင့် နိုင်ငံ‌တွင်းရှိ ဒေသအားလုံးဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံတိုင်းရင်းသားအားလုံး၏ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ တန်းတူညီမျှရှိစေရေး၊ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးနိုင်ရေးတို့အတွက် အလေးထား အကောင်အထည်ဖော်ပေးနေသည်ကိုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071