Saturday, November 30, 2024

မြန်မာ့ရိုးရာသင်္ကြန်ကို ကမ္ဘာ့အမွေအနှစ်ဖြစ်မဖြစ် ဒီဇင်ဘာ လဆန်းပိုင်းတွင်...

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ကမ္ဘာ့အမွေအနှစ်ဖြစ်မဖြစ် လာမည့်ဒီဇင်ဘာလဆန်းပိုင်းတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်Asunción မြို့တွင်ကျင်းပမည့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ညီလာခံဖွင့်ပွဲအခမ်းအနားကို...

လက်ဘနွန်တောင်ပိုင်းရှိ ရွာပေါင်း ၆၀ တွင်...

အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်းရှိ အရပ်သားများ သွားလာလှုပ်ရှားမှုကို တားမြစ်ထားပြီး နယ်စပ်ဒေသရှိ ကျေးရွာ ၆၀ ကျော်မှ ဒေသခံများအား နေရပ်သို့ မပြန်ရန် တားမြစ်ထားကြောင်း...

ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်ရန်...

ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများအပါအဝင် ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား (၁၀၀၀)နီးပါးကိုခေါ်ယူထားကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့မှ ထုတ်ပြန်ထားသည်။ မြန်မာသံရုံးအနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့်...

ဒီဇင်ဘာလတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် အစင်း...

လာမည့် ဒီဇင်ဘာလတွင် နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် အစင်း(၆၀)ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။ ပြည်တွင်းသို့ ယခုနှစ်၏ (၁၁)လတာကာလအတွင်း ပြည်တွင်းသို့ နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၅၇၃)စင်းဝင်ရောက်ဆိုက်ကပ်ခဲ့ပြီးဖြစ်သည်။ လအလိုက် ဝင်ရောက်မှု...
HomeNewsFootballအာဆီယံ ဘောလုံးအဖွဲ့ချုပ်ကောင်စီဝင်အဖြစ် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း...

အာဆီယံ ဘောလုံးအဖွဲ့ချုပ်ကောင်စီဝင်အဖြစ် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ ရွေးချယ်ခန့်အပ်ခံရ

လာအိုနိုင်ငံ၊ဗီယန်ကျင်းမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၃၁ ကြိမ်မြောက် အာဆီယံဘောလုံးအဖွဲ့ချုပ်ကွန်ဂရက်အခမ်းအနားတွင် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီဝင်အဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယ ဥက္ကဋ္ဌနှင့် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ ရွေးချယ်ခန့်အပ်ခြင်းခံခဲ့ရသည်။

အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီဝင်ဖြစ်လာသူ ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇသည် ယင်းတာဝန်ကို ၂၀၂၆ ခုနှစ်အထိ ဒေသတွင်းဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူဆောင်ရွက်သွားရမည် ဖြစ်သည်။

ယင်းကွန်ကရက် အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ကိုယ်စားလှယ်အဖွဲ့အဖြစ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ အထွေထွေ အတွင်းအရေးမှူး ဦးထွန်းထွန်းအောင်တို့ တက်ရောက်ခဲ့ပြီး အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီအဖွဲ့ဝင် မဲပေးရွေးချယ်ခြင်း၊ ၂၀၂၃ AFF ဘက်ဂျတ် အားအတည်ပြုခြင်း၊အာဆီယံဒေသတွင်း ဘောလုံးဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပြိုင်ပွဲများနှင့် အထွေထွေ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့ရိုးရာသင်္ကြန်ကို ကမ္ဘာ့အမွေအနှစ်ဖြစ်မဖြစ် ဒီဇင်ဘာ လဆန်းပိုင်းတွင် ဆုံးဖြတ်မည်

မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ကမ္ဘာ့အမွေအနှစ်ဖြစ်မဖြစ် လာမည့်ဒီဇင်ဘာလဆန်းပိုင်းတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်Asunción မြို့တွင်ကျင်းပမည့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ညီလာခံဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၁)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာလ (၂) ရက်နှင့် (၇) ရက်အတွင်းဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအ မွေအနှစ်ညီလာခံ အစည်းအဝေးသို့တက်ရောက်မည့်ကိုယ်စားလှယ်အဖွဲ့သည့် ယနေ့ နိုဝင်ဘာလ (၃၀) ရက်တွင် ရန်ကု န်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တဆင့်သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။ အစည်းအဝေးကို H.E. မစ္စ Nancy...

လက်ဘနွန်တောင်ပိုင်းရှိ ရွာပေါင်း ၆၀ တွင် နေထိုင်သူများကို အိမ်ပြန်ခြင်းမပြုရန် အစ္စရေးတားမြစ်ထား

အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်းရှိ အရပ်သားများ သွားလာလှုပ်ရှားမှုကို တားမြစ်ထားပြီး နယ်စပ်ဒေသရှိ ကျေးရွာ ၆၀ ကျော်မှ ဒေသခံများအား နေရပ်သို့ မပြန်ရန် တားမြစ်ထားကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောရေးဆိုခွင့်ရှိသူ Avichay Adraee က X ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်တွင် ပြောကြားခဲ့သည်။ အစ္စရေးနှင့် ကပ်လျက်နယ်စပ်ရှိ လက်ဘနွန် ဒေသ ၁၀ ခုကို ဆက်သွယ်ထားသည့် စိတ်ကူးမျဉ်း၏ တောင်ဘက်သို့ ရွှေ့ပြောင်းခြင်းမပြုရန် တားမြစ်ထားသည်။ တပ်မတော်၏ ထုတ်ပြန်ချက်အရ မျဉ်း၏ တောင်ဘက်သို့ ရွေ့ပြောင်းသူများသည် မိမိကိုယ်ကို...

ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်ရန် မြန်မာလုပ်သား (၁၀၀၀) နီးပါးခေါ်ယူ

ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများအပါအဝင် ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား (၁၀၀၀)နီးပါးကိုခေါ်ယူထားကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့မှ ထုတ်ပြန်ထားသည်။ မြန်မာသံရုံးအနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ( Demand Letter ) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပ ဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာန မှတဆင့် အလုပ်သမားဝန်ကြီးဌာနသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071