ဆောင်းသီးနှံ ဧက (၅)သိန်းခွဲကျော်ကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နာဂဒေသ အပါအဝင် ခရိုင် (၁၃) ခရိုင်တွင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးစိုက် ပျိုးရေး ဦးစီးဌာန မှ သိရသည်။
“ဆောင်းနှမ်း (၅၅၇၉၃၅) ဧက စိုက်ဖို့လျာထားပြီး အခုနှစ် အောက်တိုဘာလ ပထမပတ်က စတင်စိုက်ပျိုးခဲ့တာ နိုဝင်ဘာလ (၂၈)ရက်အထိ ဆောင်းနှမ်း (၅၃၅၆၄၉) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတာဝန်ရှိသူက ပြောသည်။
ပြည်တွင်းစားသုံးဆီဖူလုံစေရန်နှင့် တောင်သူများ သီးနှံဝင် ငွေတိုးပွားစေရန် ရည်ရွယ်ပြီး ဆင်းရတနာ-၃၊ သိပ္ပံနှမ်းနက်၊ ရိုးစိမ်း၊ ရှပ်ကလေး နှမ်းမျိုးများကို အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များ စိုက်ပျိုးပြီး တောင်သူလယ်သမားများဆောင်းနှမ်းစိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြ စ်ထွန်းရေးအတွက်စီစဥ်ဆောင်ရွက်ပေးနေကြောင်းသိရသည်။
“လိုအပ်တဲ့ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊သွင်းအားစုများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ခြင်းများကို တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက အနီးကပ်ကြီးကြပ်လမ်းညွှန်မှုနဲ့ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတွေက ကူညီထောက်ပံ့ဆောင်ရွက်လျက်ရှိပါတယ်” ဟုစိုက်ပျိုးရေးဝန်ထမ်းတစ်ဦးက ပြောသည်။
ဆောင်းနှမ်းများကို စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်တွင် (၁၄) ဧက၊ နာဂဒေသတွင် ဧက(၂၀)၊ မော်လိုက်ခရိုင်တွင် (၁၅၁၁) ဧက၊ တမူးခရိုင်တွင် (၂၄၁၁) ဧက၊ ကလေးခရိုင်တွင် (၆၀၉၃) ဧက၊ မုံရွာခရိုင်တွင် (၆၆၉၉၁)ဧက၊ ယင်းမာပင်ခရိုင်တွင် (၇၇၉၈၀)ဧက၊ ရွှေဘိုခရိုင်တွင် (၉၆၄၅၀) ဧက၊ ရေဦးခရိုင်တွင် (၂၂၃၇၅) ဧက၊ ကန့်ဘလူခရိုင်တွင် (၁ ၁၀၇၄၉) ဧက၊ စစ်ကိုင်းခရိုင်တွင် (၉၆၈၀၃) ဧက၊ ကသာခရိုင်တွင် (၄၆၇၇၁)ဧက၊ ကောလင်းခရိုင်တွင် (၂၉၇၆၇) ဧက၊ စုစုပေါင်း (၅၅၇၉၃၅) ဧကကို လျာထားစိုက်ပျိုးလျက်ရှိကြောင်းသိရသည်။