Sunday, December 1, 2024

အင်ဒိုနီးရှားတွင် ရေကြီးမြေပြို၍ လူ ၃၁...

အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမတြားပြည်နယ်တစ်ဝန်းတွင် ရက်သတ္တတစ်ပတ်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမှုပြီး မြေပြိုကာ လူ ၃၁ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု အာဏာပိုင်များက သောကြာနေ့တွင်...

ထိုင်းနှင့် မလေးရှားတွင်ရေကြီး၍ ‌ေ-သဆုံးသူ ၁၂...

ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မလေးရှားနိုင်ငံမြောက်ပိုင်းတွင် ဆယ်စုနှစ်များအတွင်း အဆိုးဝါးဆုံးရေကြီးမှုများဖြစ်နေကာ စနေနေ့တွင် ‌ေ-သဆုံးသူ ၁၂ ဦးရှိ အထိရှိလာခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။ ပြီးခဲ့သည့် သုံးရက်တာအတွင်း...

မိုင်းပန်မြို့ ရှမ်းနှစ်သစ်ကူးပွဲတော် RCSS ဥက္ကဌ...

ရှမ်း/တောင်ပိုင်း မိုင်းပန်မြို့တွင် ယနေ့ ဒီဇင်ဘာလ(၁)ရက်နေ့၌ ကျရောက်သည့် ရှမ်းသက္ကရာဇ် ၂၁၁၉ နှစ် ရှမ်းနှစ်သစ်ကူးပွဲ‌တော်အခမ်းအနားကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး...

ထိုင်းနှင့် အမေရိက တိုက်ရိုက်လေကြောင်းပြေးဆွဲမှု ပြန်စမည်

အမေရိကန်သယ်ယူပို့ဆောင်ရေးဌာန၏ ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့(FAA) က ထိုင်းနိုင်ငံ လေကြောင်းဘေးကင်းလုံခြုံမှုအဆင့်ကို အဆင့် ၂ မှ ၁ သို့ မြှင့်တင်ပေးမည့် လာမည့်နှစ် ဖေဖော်ဝါရီလလောက်တွင်...
HomeNewsLocal Newsမူဆယ်မြို့ ဆင်ဖြူဂိတ်မှ အေးခဲအသားအပါအဝင်...

မူဆယ်မြို့ ဆင်ဖြူဂိတ်မှ အေးခဲအသားအပါအဝင် အခြားလူသုံးကုန်ပစ္စည်းများ သယ်ဆောင်ခွင့်မပြု

တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ အတွင်းသို့ တရုတ်နိုင်ငံဘက်မှ မီးဖိုချောင်းသုံးအသီးအနှံနှင့် သားငါးများကို ယမန်နေ့ နိုဝင်ဘာ (၃၀)ရက်မှ စတင်၍ သယ်ဆောင်ခွင့်ပြုပြီဖြစ်‌သော်လည်း အေးခဲအသားအပါအဝင် အခြားလူသုံးကုန်ပစ္စည်းများနှင့် ကန့်သတ်ကုန်ပစ္စည်းများသယ်ဆောင်ခွင့်မပြုဘဲ စစ်ဆေးတွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း ဆင်ဖြူဂိတ် စစ်ဆေးရေးအဖွဲ့က ယနေ့တွင် အသိပေးထားသ ည်။

ယနေ့ ဒီဇင်ဘာ (၁) ရက် ဆင်ဖြူဂိတ်မှတဆင့် တရုတ်ပြည်ဘက်သို့ ဝင်ထွက်သွားလာကြမည့် ယာဉ်နှင့်ဆိုင်ကယ်များအနေဖြင့် ခွင့်ပြုမိန့်ပါရှိရမည့်အပြင် သတ်မှတ်ကုန်ပစ္စည်းများကိုသာ သယ်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

အလားတူ အိမ်စီးကား၊ လက်တွန်းလှည်းနှင့် စက်ဘီးများဖြင့် သယ်ဆောင်ခွင့်မပြုဘဲ ဆိုင်ကယ်ဖြင့်သယ်ဆောင်ရာတွင် သတ်မှတ်ကုန်ပစ္စည်းများ အရှေ့တစ်ထုတ် အနောက်တစ်ထုတ်သာ သယ်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးထားသည်။

တရုတ်နိုင်ငံဘက်မှ ပစ္စည်းသယ်ဆောင်ခွင့်အတွက် နိုဝင်ဘာ (၂၈) ရက်နှင့် (၂၉) ရက်တို့တွင် မူဆယ်မြို့ ကုန်သည်ကြီးများအသင်းရုံးတွင် စာရင်းပေးသွင်းထားရပြီး၊ စာရင်းပေးသွင်းထားသော ယာဉ်များကို အများရှေ့တွင် မဲနှိုက်၍ ဆင်ဖြူဂိတ်မှ ဝင်ရောက်ရမည့် ရက်အသီးသီးကို သတ်မှတ်ပေးထားကြောင်း မူဆယ်ကုန်သည်ကြီးများအသင်းထံက သိရသည်။

ဓာတ်ပုံ-CJ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်ဒိုနီးရှားတွင် ရေကြီးမြေပြို၍ လူ ၃၁ ဦး ‌ေ-သဆုံး

အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမတြားပြည်နယ်တစ်ဝန်းတွင် ရက်သတ္တတစ်ပတ်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမှုပြီး မြေပြိုကာ လူ ၃၁ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု အာဏာပိုင်များက သောကြာနေ့တွင် ပြောကြားခဲ့သည်။ သဘာဝဘေးသည် Midan မှသည် Sibolangit၊ Sayur နှင့် Matinggi ကဲ့သို့ ကျေးလက်ဧရိယာများပါဝင်သော ခရိုင်လေးခုတွင် ကြုံတွေ့ခဲ့ရပြီး ယင်းဒေသများတွင် မြေပြိုကာ လမ်းများပိတ်ဆို့ကုန်သည့်အတွက် အဆက်အသွယ်များ ဆိုးဝါးစွာ ပြတ်တောက်ခဲ့သည်ဟု အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအေဂျင်စီက ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးသမားများသည် လမ်းကြောင်းပြန်ပွင့်ရန်နှင့် ပျောက်ဆုံးနေသူများကို ရှာဖွေနိုင်ရေးအတွက် အန္တရာယ်များသော အခြေအနေများဖြင့် အလုပ်လုပ်နေရစဉ်...

ထိုင်းနှင့် မလေးရှားတွင်ရေကြီး၍ ‌ေ-သဆုံးသူ ၁၂ ဦး ရှိလာ

ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မလေးရှားနိုင်ငံမြောက်ပိုင်းတွင် ဆယ်စုနှစ်များအတွင်း အဆိုးဝါးဆုံးရေကြီးမှုများဖြစ်နေကာ စနေနေ့တွင် ‌ေ-သဆုံးသူ ၁၂ ဦးရှိ အထိရှိလာခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။ ပြီးခဲ့သည့် သုံးရက်တာအတွင်း မြစ်ရေမြင့်တက်သဖြင့် လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ ထိုင်း နိုင်ငံတောင်ပိုင်းတွင် အိမ်ထောင်စုပေါင်း ၅၃၄,၀၀၀ နီးပါး ရေဘေးဒဏ်ခံခဲ့ရပြီး သောကြာနေ့အထိ ‌ေ-သဆုံးသူ လေးဦးသာရှိခဲ့ရာမှ စနေနေ့တွင် ၉ ဦးသို့ မြင့်တက်ခဲ့ကြောင်းနှင့် ရေဘေးသင့်ဧရိယာများတွင် ထူထောင်ထားသည့် ယာယီခိုလှုံရေးစခန်း ၂၀၀ တွင် လူထောင်နှင့်ချီ၍ နေရာချထားရကြောင်း သဘာဝဘေးတားဆီးလျှော့ချရေးဌာနက ပြောဆိုခဲ့သည်။ ဆွန်ခလာပြည်နယ်...

မိုင်းပန်မြို့ ရှမ်းနှစ်သစ်ကူးပွဲတော် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်

ရှမ်း/တောင်ပိုင်း မိုင်းပန်မြို့တွင် ယနေ့ ဒီဇင်ဘာလ(၁)ရက်နေ့၌ ကျရောက်သည့် ရှမ်းသက္ကရာဇ် ၂၁၁၉ နှစ် ရှမ်းနှစ်သစ်ကူးပွဲ‌တော်အခမ်းအနားကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်ကြောင်းသိရသည်။ အဆိုပါ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်တွင် စတင်ကျင်းပခဲ့ပြီး RCSS ဥက္ကဌမှ သဘာပတိ (၃)ဦးအဖြစ် ပအိုဝ်း၊ လီဆူနှင့် သျှမ်းတိုင်းရင်းသားတို့အား ရွေးချယ်တင်မြောက်ကာ တက်ရောက်လာသူက ရှမ်းပြည်အလံက်ု အလေးပြုခဲ့ကြကြောင်း သိရသည်။ ထို့နောက် ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် တာဝန်ရှိသူများက နှစ်သစ်မင်္ဂလာစကားများ အသီးသီးပြောကြားသွားခဲ့သည်။ ယ‌မန်နေ့ နိုဝင်ဘာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071