Monday, December 2, 2024

စစ်တပ် ဘတ်ဂျက်ကို သမ္မတပူတင် အတည်ပြု

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၂၀၂၅-၂၀၂၇ ခုနှစ်အတွက် စစ်ဖက်ဆိုင်ရာအသုံးစရိတ်ကို အတည်ပြုလိုက်သည်ဟု တနင်္ဂနွေနေ့က အစိုးရ၏ ဥပဒေပြုမှုဆိုင်ရာ ဝက်ဘ်ဆိုက်တွင် လွှင့်တင်ခဲ့သည့် စာရွက်စာတမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။ စစ်တပ်၏...

လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် စာရင်းသွင်း၍ ပြန်လည်နေထိုင်နိုင်ဟု...

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ် ရပ်ကွက်များ၌ ပြန်လည်နေထိုင်လိုသည့် ဒေသခံများသည် လွိုင်ကော်မြို့နယ်စီမံအုပ်ချုပ်ရေးရုံး၌ စာရင်း‌ပေးသွင်းကာ ပြန်လည်နေထိုင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ “မြို့ပေါ်က ရပ်ကွက်တွေမှာလည်း စာလိုက်ကပ်ထားတယ်၊ ရုံးမှာစာရင်းသွားပေးရမယ်၊...

နိုင်ငံတစ်ဝန်းတွင် ရထားပို့ဆောင်ရေး လုပ်ငန်းအတွက် ဘူတာရုံပေါင်း...

မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေးလုပ်ငန်းသည်အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံး ရထားပို့ဆောင်ရေးလုပ်ငန်း ဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် ဘူတာရုံပေါင်း (၉၆၂) ခုအထိ တည်ဆောက်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ရထားပို့ဆောင်ရေးလုပ်ငန်းသည် ၁၈၇၇...

ကမ္ဘာတစ်ဝန်းမှ အကူအညီလိုအပ်နေသည့် ကလေ-းသူငယ်များအား လှူဒါန်းနိုင်ရန်...

ကမ္ဘာတစ်ဝန်းမှ အကူအညီလိုအပ်နေသည့် ကလေ-းသူငယ်များအား လှူဒါန်းနိုင်ရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာဈေးရောင်းပွဲတော်တွင် မြန်မာ့ရိုးရာ အဝတ်အထည်များနှင့် လက်မှုပစ္စည်းများကို ပါဝင်ရောင်းချခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဗီယင်နာအခြေစိုက် ကုလသမဂ္ဂအမျိုးသမီးများအသင်း...
HomeNewsLocal Newsကချင်ပြည်နယ်အတွင်း စက်သုံးဆီအခက်အခဲကြောင့် ပရဟိတအဖွဲ့များ...

ကချင်ပြည်နယ်အတွင်း စက်သုံးဆီအခက်အခဲကြောင့် ပရဟိတအဖွဲ့များ အခက်အခဲကြုံတွေ့နေရဟု ဆို

ကချင်ပြည်နယ်အတွင်း စက်သုံးဆီဈေးမြင့်တက်လာသည့်အပြင် လိုသလောက်ဝယ်ယူ၍ မရသည့်အခြေအနေများကြောင့် လူမှုကူညီရေး ပရဟိတအဖွဲ့များ အခက်အခဲကြုံတွေ့နေကြရကြောင်း ဒေသခံ ပရဟိတအဖွဲ့များထံက သိရသည်။

လက်ရှိ ကချင်ပြည်နယ်တွင်စက်သုံးဆီ တစ်ဂါလံလျှင် (၁၆,၀၀၀)ကျပ်ဖြင့် ဝယ်ယူနေကြရပြီး၊ ဆီဆိုင်အများစု ပိတ်သိမ်းလာခြင်းကြောင့် လူနာတင်လမ်းကြောင်းများအတွက် အဆင်မပြေမှုများစွာဖြစ်ပေါ်နေရသည်ဟု ဆိုသည်။

“ဆီက အခုထိတော့ဝယ်လို့ရသေးပေမယ့် ဈေးတွေအဆမတန်မြင့်လာတော့ ရံ‌ပုံငွေအခြေအနေနဲ့က အဆင်မပြေဖြ စ်လာတယ်။ လူနာလမ်းကြောင်းတွေကူညီဖို့ရှိနေပေမယ့် စက်သုံးဆီက မလောက်တော့ လျော့ချပစ်နေရတယ်။ အတတ်နိုင်ဆုံးတော့ နိုင်သလောက် ကူညီဖို့လုပ်နေရင်း စိတ်ဓာတ်တွေပါ ကျတယ်ဗျာ။ ဒီပုံအတိုင်းဆို ဆီဈေးက ထပ်တက်ဖို့ဘဲရှိတယ်” ဟု ဖားကန့်ဒေသ အခြေစိုက် ပရဟိတအဖွဲ့ တာဝန်ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်း လိုအပ်နေသည့် စက်သုံးဆီကို စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နှင့်အင်းတော်မြို့နယ်မှတဆင့် ဆိုင်ကယ်များဖြင့်သယ်ယူ၍ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံးသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း စက်သုံးဆီခွဲတမ်း( Purchase Order – PO)ကို မြစ်ကြီးနားမြို့တစ်ခုတည်းကိုသာ ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ကျန်မြို့များကို တင်သွင်းခွင့်မပြုဟု နိုဝင်ဘာ (၁၇) ရက်၌ စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်တပ် ဘတ်ဂျက်ကို သမ္မတပူတင် အတည်ပြု

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၂၀၂၅-၂၀၂၇ ခုနှစ်အတွက် စစ်ဖက်ဆိုင်ရာအသုံးစရိတ်ကို အတည်ပြုလိုက်သည်ဟု တနင်္ဂနွေနေ့က အစိုးရ၏ ဥပဒေပြုမှုဆိုင်ရာ ဝက်ဘ်ဆိုက်တွင် လွှင့်တင်ခဲ့သည့် စာရွက်စာတမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။ စစ်တပ်၏ အသုံးစရိတ်ကို ၂၅ ရာခိုင်နှုန်းတိုးမြှင့်ထားခြင်း ပါဝင်သော လာမည့်နှစ်အတွက် နိုင်ငံတော်အသုံးစရိတ်သည် ဆိုဗီယက်ခေတ်လွန်သမိုင်းတွင် လျှို့ဝှက်မှုအရှိဆုံးဖြစ်ပြီး အသုံးစရိတ်အားလုံး၏ သုံးပုံတစ်ပုံနီးပါးကို အများသူငှာက စိစစ်နိုင်ခြင်းမရှိပေ။ မော်စကိုက ယူကရိန်း အထူးစစ်ဆင်ရေးဟု သုံးနှုန်းသော စစ်ဆင်ရေးနှင့် စစ်တပ်အတွက် ထောက်ပံ့မှုလိုအပ်ချက်များကြောင့် လူမှုရေးလိုအပ်ချက်များနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်အတူ ဘတ်ဂျက်ဦးစားပေးအဖြစ် ဆက်ရှိနေမည်ဖြစ်သည်ဟု အစိုးရက ပြောကြားခဲ့သည်။ ဟန်ချက်ညီ ဘတ်ဂျက်မူကြမ်းအဖြစ် အစိုးရက...

လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် စာရင်းသွင်း၍ ပြန်လည်နေထိုင်နိုင်ဟု ဆို

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ် ရပ်ကွက်များ၌ ပြန်လည်နေထိုင်လိုသည့် ဒေသခံများသည် လွိုင်ကော်မြို့နယ်စီမံအုပ်ချုပ်ရေးရုံး၌ စာရင်း‌ပေးသွင်းကာ ပြန်လည်နေထိုင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ “မြို့ပေါ်က ရပ်ကွက်တွေမှာလည်း စာလိုက်ကပ်ထားတယ်၊ ရုံးမှာစာရင်းသွားပေးရမယ်၊ နေဖို့ဆိုရင်၊ အခြေအနေ ကြည့်နေကြတုန်းပါ” ဟု ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။ နေထိုင်နိုင်သည့် မြို့ပေါ် (၅)ရပ်ကွက်သည် နောင်ယား (က) ရပ်ကွက်၊ နောင်ယား (ခ) ရပ်ကွက်၊ မိုင်းလုံးရပ်ကွက်၊ ထေးသမ ရပ်ကွက်နှင့် ဒေါဥခူရပ်ကွက်များ ဖြစ်ကြသည်။ ယင်းရပ်ကွက်များသည် ပြီးခဲ့သည့် ကာလအတွင်းက နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွါးခဲ့ဖူးသည့် နေရာများဖြစ်သည်။ လက်ရှိတွင် မြို့တွင်း၌လည်း လျှပ်စစ်မီး၊...

နိုင်ငံတစ်ဝန်းတွင် ရထားပို့ဆောင်ရေး လုပ်ငန်းအတွက် ဘူတာရုံပေါင်း (၉၀၀)ကျော် တည်ဆောက်ထား

မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေးလုပ်ငန်းသည်အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံး ရထားပို့ဆောင်ရေးလုပ်ငန်း ဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် ဘူတာရုံပေါင်း (၉၆၂) ခုအထိ တည်ဆောက်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ရထားပို့ဆောင်ရေးလုပ်ငန်းသည် ၁၈၇၇ ခုနှစ်၊ မေလ (၁) ရက် တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်-ပြည် ရထားလမ်းပိုင်း (၁၆၁)မိုင်ခရီးကို ရန်ကုန်ဘူတာကြီးမှ စတင်ဖောက်လုပ်ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းသစ်များဖြင့် နိုဝင်ဘာ (၂၉) ရက်တွင် စတင်ပြေးဆွဲနေပြီဖြစ်ကာ ယခင်က မြို့ပတ်ရထားပြေးဆွဲမှု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071