စပိန်နိုင်ငံ၊ Cáceres မြို့တွင်တည်ဆောက်မည့် ဥရောပတိုက်၏အကြီးဆုံး လုမ္ဗိနီဗုဒ္ဓဥယျာဉ်တော်စီမံကိန်းမြေနေရာအား IBEC ဆရာတော်မှ နိုဝင်ဘာ ၃၀ ရက်နေ့လည်ပိုင်းတွင် ကြွရောက်ကြည့်ရှုတော်မူခဲ့ကြောင်း သိရသည်။
ထိုသို့ ကြွရောက်ကြည့်ရှုတော်မူပြီးနောက် စပိန်နိုင်ငံ၊ Cáceres မြို့၏ လုမ္ဗိနီဥယျာဉ်စီမံကိန်းတာဝန်ရှိသူနှင့်တွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် စီမံကိန်းမြေနေရာ၌ မေတ္တာပို့သခြင်း၊ ပရိတ်ရွတ်ဖတ်ခြင်း၊ မြင်အပ်မမြင်အပ်သတ္တဝါများအားအမျှအတမ်းပေးဝေခြင်းများကို ဆောင်ရွက်ပေးတော်မူခဲ့ကြောင်း သိရသည်။
ယင်း စီမံကိန်းမူလမြေနေရာသည် စပိန်အစိုးရ၏ သဘာဝပတ်ဝန်းကျင်ဥပဒေကြောင့်တည်ဆောက်ခွင့်မရသဖြင့် မြေနေရာအသစ်အားထပ်မံရွေးချယ်ထားရခြင်းဖြစ်ပြီး လက်ရှိအချိန်၌ စပိန်အစိုးရမှတည်ဆောက်ခွင့်လိုင်စင်ခွင့်ပြုပေးခဲ့သဖြင့် လုမ္ဗိနီဗုဒ္ဓဥယျာဉ်တော်စီမံကိန်းအား ဒီဇိုင်းအသစ်ရေးဆွဲ၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဥရောပတိုက်၏အကြီးဆုံး လုမ္ဗိနီဗုဒ္ဓဘာသာဥယျာဉ်တော်စီမံကိန်းသည် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာ၊ တရုတ်၊ ဟောင်ကောင်၊ နီပေါ၊ ဘူတန်၊ ထိုင်ဝမ်နိုင်ငံတို့ရှိ ဗုဒ္ဓဘာ သာကိုယ်စားပြုအဖြစ်တည်ဆောက်မည်ဖြစ်ကာ Buddhist Studies ဌာနအဖြစ် IBSC (Thailand) (SSBU, SIBA , IBEC -Myanmar)တို့က ဗုဒ္ဓဘာသာအဆင့်မြင့်တက္ကသိုလ်ပညာရေးအစီအစဉ်အားဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
IBEC ဆရာတော်သည် လုမ္ဗိနီဗုဒ္ဓဥယျာဉ်တော်စီ မံကိန်း၏ဒါရိုက်တာအဖွဲ့ဝင်ဖြစ်ကာ စီမံကိန်းတွင်ပါဝင်သည့် The Embassy of Myanmar Temple မြန်မာသံတမန်ကျောင်းတော်နှင့်ရွှေတိဂုံစေတီတည်ထားနိုင်ငံရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။