Monday, December 2, 2024

ပုဇွန်တောင် သီတာဆိပ်ကမ်း၌ သင်္ဘောတစ်စီးမီးလောင်

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်ရှိ သီတာဆိပ် ကမ်းတွင် ယနေ့ ဒီဇင်ဘာ ၂ ရက်နံနက် ၈ နာရီ ၅၃ မိနစ်ခန့်က သင်္ဘောတစ်စီးမီးလောင်မှုဖြစ်...

စစ်တပ် ဘတ်ဂျက်ကို သမ္မတပူတင် အတည်ပြု

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၂၀၂၅-၂၀၂၇ ခုနှစ်အတွက် စစ်ဖက်ဆိုင်ရာအသုံးစရိတ်ကို အတည်ပြုလိုက်သည်ဟု တနင်္ဂနွေနေ့က အစိုးရ၏ ဥပဒေပြုမှုဆိုင်ရာ ဝက်ဘ်ဆိုက်တွင် လွှင့်တင်ခဲ့သည့် စာရွက်စာတမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။ စစ်တပ်၏...

လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် စာရင်းသွင်း၍ ပြန်လည်နေထိုင်နိုင်ဟု...

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ် ရပ်ကွက်များ၌ ပြန်လည်နေထိုင်လိုသည့် ဒေသခံများသည် လွိုင်ကော်မြို့နယ်စီမံအုပ်ချုပ်ရေးရုံး၌ စာရင်း‌ပေးသွင်းကာ ပြန်လည်နေထိုင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ “မြို့ပေါ်က ရပ်ကွက်တွေမှာလည်း စာလိုက်ကပ်ထားတယ်၊ ရုံးမှာစာရင်းသွားပေးရမယ်၊...

နိုင်ငံတစ်ဝန်းတွင် ရထားပို့ဆောင်ရေး လုပ်ငန်းအတွက် ဘူတာရုံပေါင်း...

မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေးလုပ်ငန်းသည်အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံး ရထားပို့ဆောင်ရေးလုပ်ငန်း ဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် ဘူတာရုံပေါင်း (၉၆၂) ခုအထိ တည်ဆောက်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ရထားပို့ဆောင်ရေးလုပ်ငန်းသည် ၁၈၇၇...
HomeNewsLocal Newsပဲခူးတိုင်းအတွင်း ဘေးအန္တရာယ်ရှိသော ကုန်စည်များ...

ပဲခူးတိုင်းအတွင်း ဘေးအန္တရာယ်ရှိသော ကုန်စည်များ ရောင်းချမှု ရှိ၊ မရှိ စောင့်ကြည့် စစ်ဆေးသွားမည်

ပဲခူးတိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ရှိသော ကုန်စည်များအား ဈေးကွက်အတွင်း ရောင်းချမှု ရှိ၊ မရှိ စောင့်ကြည့် စစ်ဆေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီထံမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ကော်မတီ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၄) ကို စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် စားသုံးသူကာကွယ်ရေး လုပ်ငန်းများ၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များအား ဈေးကွက်အတွင်း ရောင်းချမှု ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ၊ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီက္ကဋ္ဌက အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ဒေသထွက်ကုန်များအပေါ် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ စားသုံးသူများ၏ ထိခိုက်နစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူတိုင်ကြားမှုများကို အမြန်ဆုံး ဖြေရှင်းပေးနိုင်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများ၊ လုပ်ငန်းများအား အဖွဲ့ဝင်များအနေဖြင့် ပူးပေါင်း ဆောင်ရွက်စေလိုကြောင်းကိုလည်း ပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ဦးတင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပုဇွန်တောင် သီတာဆိပ်ကမ်း၌ သင်္ဘောတစ်စီးမီးလောင်

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်ရှိ သီတာဆိပ် ကမ်းတွင် ယနေ့ ဒီဇင်ဘာ ၂ ရက်နံနက် ၈ နာရီ ၅၃ မိနစ်ခန့်က သင်္ဘောတစ်စီးမီးလောင်မှုဖြစ် ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ပုဇွန်တောင်မြို့နယ်၊ (၃)ရပ်ကွက်၊ အောက်ပုဇွန်တောင်လမ်းရှိ သီတာဆိပ်ကမ်းတွင် သင်္ဘောတစ်စီးမီးလောင်နေသဖြင့် တာမွေမြို့နယ်မီး သတ်စခန်း၊ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်း၊ ဒေါပုံမြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ကြသည်။ ထို့ကြောင့် နံနက် ၉ နာရီ ၄ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၉ နာရီ ၇ မိနစ်၌ မီးငြိမ်းသွားခဲ့သဖြင့် စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်...

စစ်တပ် ဘတ်ဂျက်ကို သမ္မတပူတင် အတည်ပြု

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၂၀၂၅-၂၀၂၇ ခုနှစ်အတွက် စစ်ဖက်ဆိုင်ရာအသုံးစရိတ်ကို အတည်ပြုလိုက်သည်ဟု တနင်္ဂနွေနေ့က အစိုးရ၏ ဥပဒေပြုမှုဆိုင်ရာ ဝက်ဘ်ဆိုက်တွင် လွှင့်တင်ခဲ့သည့် စာရွက်စာတမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။ စစ်တပ်၏ အသုံးစရိတ်ကို ၂၅ ရာခိုင်နှုန်းတိုးမြှင့်ထားခြင်း ပါဝင်သော လာမည့်နှစ်အတွက် နိုင်ငံတော်အသုံးစရိတ်သည် ဆိုဗီယက်ခေတ်လွန်သမိုင်းတွင် လျှို့ဝှက်မှုအရှိဆုံးဖြစ်ပြီး အသုံးစရိတ်အားလုံး၏ သုံးပုံတစ်ပုံနီးပါးကို အများသူငှာက စိစစ်နိုင်ခြင်းမရှိပေ။ မော်စကိုက ယူကရိန်း အထူးစစ်ဆင်ရေးဟု သုံးနှုန်းသော စစ်ဆင်ရေးနှင့် စစ်တပ်အတွက် ထောက်ပံ့မှုလိုအပ်ချက်များကြောင့် လူမှုရေးလိုအပ်ချက်များနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်အတူ ဘတ်ဂျက်ဦးစားပေးအဖြစ် ဆက်ရှိနေမည်ဖြစ်သည်ဟု အစိုးရက ပြောကြားခဲ့သည်။ ဟန်ချက်ညီ ဘတ်ဂျက်မူကြမ်းအဖြစ် အစိုးရက...

လွိုင်ကော်မြို့ပေါ် ရပ်ကွက်များတွင် စာရင်းသွင်း၍ ပြန်လည်နေထိုင်နိုင်ဟု ဆို

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ် ရပ်ကွက်များ၌ ပြန်လည်နေထိုင်လိုသည့် ဒေသခံများသည် လွိုင်ကော်မြို့နယ်စီမံအုပ်ချုပ်ရေးရုံး၌ စာရင်း‌ပေးသွင်းကာ ပြန်လည်နေထိုင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ “မြို့ပေါ်က ရပ်ကွက်တွေမှာလည်း စာလိုက်ကပ်ထားတယ်၊ ရုံးမှာစာရင်းသွားပေးရမယ်၊ နေဖို့ဆိုရင်၊ အခြေအနေ ကြည့်နေကြတုန်းပါ” ဟု ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။ နေထိုင်နိုင်သည့် မြို့ပေါ် (၅)ရပ်ကွက်သည် နောင်ယား (က) ရပ်ကွက်၊ နောင်ယား (ခ) ရပ်ကွက်၊ မိုင်းလုံးရပ်ကွက်၊ ထေးသမ ရပ်ကွက်နှင့် ဒေါဥခူရပ်ကွက်များ ဖြစ်ကြသည်။ ယင်းရပ်ကွက်များသည် ပြီးခဲ့သည့် ကာလအတွင်းက နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွါးခဲ့ဖူးသည့် နေရာများဖြစ်သည်။ လက်ရှိတွင် မြို့တွင်း၌လည်း လျှပ်စစ်မီး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071