Monday, December 2, 2024

အားကစားနည်း(၂၁)မျိုးကိုဝင်ရောက်ယှဥ်ပြိုင်မည့် စစ်ကိုင်းတိုင်းကိုယ်စားပြုအားကစားအဖွဲ့

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲ တော်အား နေပြည်တော်၌ကျင်းပမည်ဖြစ်ရာ စစ်ကိုင်းတိုင်းကိုယ်စားပြုအားကစားအဖွဲ့မှ အားကစားနည်း(၂၁)မျိုးကို ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် အုပ်ချုပ်၊ နည်းပြ၊ ဒိုင်၊ အားကစားသမား(၄၄၃)ဦးအား...

ဆိုက်ကလုန်းဖန်ဂယ်ကြောင့် အိန္ဒိယနှင့်သီရိလင်္ကာတို့တွင် လူ ၁၉...

နူးဒေလီ၊ဒီဇင်ဘာ ၁ ဆိုက်ကလုန်းမုန်တိုင်းဖန်ဂယ်ကြောင့် အိန္ဒိယနှင့်သီရိလင်္ကာတို့တွင် လူ ၁၉ ဦး‌ေ-သဆုံးခဲ့ပြီး တမီနာဒူးလ်ပြည်နယ်နှင့် ပါဒစ်ချရီဒေသများသို့လည်းဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့သည်ဟုလည်းသိရသည်။ ပါဒစ်ချရီသည် နှစ်ပေါင်း ၃၀ အတွင်း အပြင်းထန်ဆုံးမိုးသည်းထန်စွာရွာသွန်းမှုနှင့်ကြုံတွေ့ခဲ့ရပြီး...

မြန်မာ့အရေးအလွတ်သဘောဆွေးနွေးမည်

ဗီယန်ကျင်း၊ဒီဇင်ဘာ ၁ ယခုလအတွင်း ဘန်ကောက်၌ကျင်းပရန်လျာထားသည့် မြန်မာ့အရေးအတွက် အလွတ်သဘောတွေ့ဆုံဆွေးနွေးမည့်ကိစ္စသည် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်ပတ်သက်၍ အဆင်ပြေအထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်ကြောင်း လာအိုအကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။ လာအိုနိုင်ငံ၌ မကြာသေးမီကကျင်းပခဲ့သည့် ရှစ်ကြိမ်မြောက်အာဆီယံမီဒီယာဖိုရမ်၌ လာအိုအာဆီယံဌာနညွှန်ကြားရေးမှူးချုပ်က...

ပုဇွန်တောင် သီတာဆိပ်ကမ်း၌ သင်္ဘောတစ်စီးမီးလောင်

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်ရှိ သီတာဆိပ် ကမ်းတွင် ယနေ့ ဒီဇင်ဘာ ၂ ရက်နံနက် ၈ နာရီ ၅၃ မိနစ်ခန့်က သင်္ဘောတစ်စီးမီးလောင်မှုဖြစ်...
HomeNewsLocal Newsကမ္ဘာတစ်ဝန်းမှ အကူအညီလိုအပ်နေသည့် ကလေ-းသူငယ်များအား...

ကမ္ဘာတစ်ဝန်းမှ အကူအညီလိုအပ်နေသည့် ကလေ-းသူငယ်များအား လှူဒါန်းနိုင်ရန် မြန်မာ့ရိုးရာ လက်မှုပစ္စည်းများကို အပြည်ပြည်ဆိုင်ရာ ဈေးရောင်းပွဲတော်တွင် ပါဝင်ရောင်းချခဲ့

ကမ္ဘာတစ်ဝန်းမှ အကူအညီလိုအပ်နေသည့် ကလေ-းသူငယ်များအား လှူဒါန်းနိုင်ရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာဈေးရောင်းပွဲတော်တွင် မြန်မာ့ရိုးရာ အဝတ်အထည်များနှင့် လက်မှုပစ္စည်းများကို ပါဝင်ရောင်းချခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဗီယင်နာအခြေစိုက် ကုလသမဂ္ဂအမျိုးသမီးများအသင်း (UNWG)က ကြီးမှူးကာ နိုဝင်ဘာ (၃၀)ရက်က ဩစတြီးယားစင်တာ၌ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ဈေးရောင်းပွဲတော်တွင် ဗီယင်နာမြို့ရှိ မြန်မာသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းပွဲတော်တွင် မြန်မာသံရုံး/အဖွဲ့ရုံးသည် ဗီယင်နာမြို့အခြေစိုက် အခြားအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများနှင့် အဖွဲ့အစည်းများနှင့်အတူ ကမ္ဘာ့တစ်ဝန်းရှိ အကူအညီ လိုအပ်နေသည့် ကလေ-းသူငယ်များအား လှူဒါန်းနိုင်ရန်အတွက် မြန်မာ့ရိုးရာ အဝတ်အထည်များနှင့် လက်မှု ပစ္စည်းများကို ရောင်းချခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံများအလိုက် ကမ္ဘာ့ဝတ်စား ဆင်ယင်မှုပြပွဲနှင့်ရိုးရာအကဖျော်ဖြေပွဲများတွင်လည်း ပါဝင်တင်ဆက်ပြသခဲ့ကြောင်း သိရသည်။

UNWG သည် ကမ္ဘာတစ်ဝန်းရှိ အကူအညီလိုအပ်နေသည့် အမျိုးသမီးနှင့် ကလေ-းသူငယ်များအား အကူအညီပေးအပ်ရေး အစီအစဉ်များ၊ ပညာရေးနှင့် မရှိမဖြစ်လိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန် ရန်ပုံငွေ ရှာဖွေပေးသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့မှ ဩစတြီးယားနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်ပူးပေါင်း၍ ဒေသတွင်းနှင့် ကမ္ဘာ့အရပ်ရပ်ရှိ လှူဒါန်းမှုများကို ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အားကစားနည်း(၂၁)မျိုးကိုဝင်ရောက်ယှဥ်ပြိုင်မည့် စစ်ကိုင်းတိုင်းကိုယ်စားပြုအားကစားအဖွဲ့

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲ တော်အား နေပြည်တော်၌ကျင်းပမည်ဖြစ်ရာ စစ်ကိုင်းတိုင်းကိုယ်စားပြုအားကစားအဖွဲ့မှ အားကစားနည်း(၂၁)မျိုးကို ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် အုပ်ချုပ်၊ နည်းပြ၊ ဒိုင်၊ အားကစားသမား(၄၄၃)ဦးအား နိုဝင်ဘာ ၂၈ ရက်မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး အောင်နိုင်ရေးအလံပေးအပ်ခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားအနေဖြင့် အားကစားနည်းများအလိုက် အနိုင်မခံအရှုံးမပေးစိတ်ဓာတ် မလျှော့သောဇွဲ၊ လုံ့လ၊ ကြိုးစားမှုများဖြင့် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ရန်မှာကြားခဲ့သည်။ " အခုပြိုင်ပွဲကြီးဟာ အားကစားမောင်မယ်များတွေနဲ့ မိမိတို့တိုင်းအတွက် အားကစားလူချွန်လူ ကောင်းတွေဖြစ်ကြောင်းပြသနိုင်မယ့် အခွင့်အ လမ်းကောင်းတစ်ရပ်ဖြစ်သလို နိုင်ငံ့လက်ရွေး စင်အဆင့်ရွေးချယ်ခံရမယ့် အခွင့်အလမ်းလည်းဖြစ်တာကြောင့် ရရှိလာတဲ့ အခြေအနေအချိန်...

ဆိုက်ကလုန်းဖန်ဂယ်ကြောင့် အိန္ဒိယနှင့်သီရိလင်္ကာတို့တွင် လူ ၁၉ ဦး‌ေ-သဆုံးခဲ့

နူးဒေလီ၊ဒီဇင်ဘာ ၁ ဆိုက်ကလုန်းမုန်တိုင်းဖန်ဂယ်ကြောင့် အိန္ဒိယနှင့်သီရိလင်္ကာတို့တွင် လူ ၁၉ ဦး‌ေ-သဆုံးခဲ့ပြီး တမီနာဒူးလ်ပြည်နယ်နှင့် ပါဒစ်ချရီဒေသများသို့လည်းဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့သည်ဟုလည်းသိရသည်။ ပါဒစ်ချရီသည် နှစ်ပေါင်း ၃၀ အတွင်း အပြင်းထန်ဆုံးမိုးသည်းထန်စွာရွာသွန်းမှုနှင့်ကြုံတွေ့ခဲ့ရပြီး ၂၄ နာရီပတ်လုံးမိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းလည်းဖြစ်သည်ဟုသိရသည်။ ယင်းနောက် အိန္ဒိယတောင်ပိုင်း ချန်နိုင်းမြို့၏အစိတ်အပိုင်းများတွင်လည်း ရေလွှမ်းမိုးခဲ့ပြီး လေကြောင်းခရီးစဉ်များကိုယာယီရပ်နားထားခဲ့သော်လည်း တနင်္ဂနွေနံနက်အစောပိုင်းက ခရီးစဉ်များကိုပြန်လည်စတင်ခဲ့ကြောင်းအိန္ဒိယနိုင်ငံလေဆိပ်အာဏာပိုင်များကပြောကြားခဲ့သည်။ ပြည်တွင်းမီဒီယာများ၏ဖော်ပြချက်အရ လေပြင်းတိုက်ခတ်မှုများနှင့်မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် လမ်းများလည်းရေနစ်မြုပ်နေပြီး လူများကိုကယ်ဆယ်ရေးအတွက် စက်လှေများကိုပါအသုံးပြုနေရသည်ဟုလည်းသိရသည်။ သီရိလင်္ကာ၌လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိသားစုပေါင်း ၁၃၈,၉၄၄ စုထိခိုက်ခံစားခဲ့ရပြီး လူ ၁၆ ဦး‌ေ-သဆုံးခဲ့ကြောင်း ကိုလံဘိုမြို့ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက သတင်း ထုတ်ပြန်ကြေငြာခဲ့သည်။ Source : ရိုက်တာ/အာရ်ဂျေ

မြန်မာ့အရေးအလွတ်သဘောဆွေးနွေးမည်

ဗီယန်ကျင်း၊ဒီဇင်ဘာ ၁ ယခုလအတွင်း ဘန်ကောက်၌ကျင်းပရန်လျာထားသည့် မြန်မာ့အရေးအတွက် အလွတ်သဘောတွေ့ဆုံဆွေးနွေးမည့်ကိစ္စသည် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်ပတ်သက်၍ အဆင်ပြေအထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်ကြောင်း လာအိုအကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။ လာအိုနိုင်ငံ၌ မကြာသေးမီကကျင်းပခဲ့သည့် ရှစ်ကြိမ်မြောက်အာဆီယံမီဒီယာဖိုရမ်၌ လာအိုအာဆီယံဌာနညွှန်ကြားရေးမှူးချုပ်က အဆိုပါဆွေးနွေးပွဲတွင် ယခင်၊လက်ရှိနှင့်လာမည့်အာဆီယံအလှည့်ကျဥက္ကဌများပါဝင်မည်ဖြစ်ကြောင်းသိရသည်။ ယခုဆွေးနွေးပွဲအတွင်း အင်ဒိုနီးရှားက အာဆီယံဥက္ကဌအဖြစ်တာဝန်ယူထားချိန်၌ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်မည်ဖြစ်သည်ဟုလည်းသိရသည်။ အင်ဒိုနီးရှားသည် ယခင်က အာဆီယံဥက္ကဌဖြစ်ခဲ့ပြီး လာအိုသည်လက်ရှိအာဆီယံဥက္ကဌဖြစ်ကာ မလေးရှားသည်လာမည့်နှစ်တွင် အာဆီယံဥက္ကဌအဖြစ်တာဝန်ယူမည်ဖြစ်ကြောင်းလည်းသိရသည်။ အာဆီယံဘုံသဘောတူညီချက်ငါးရပ်တွင် နိုင်ငံတွင်းအကြမ်းဖက်နေမှုများကိုချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်သူများအားလုံးပါဝင်ဆွေးနွေးရန်၊မြန်မာ့အရေးအတွက် အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ရန်၊ မြန်မာသို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ခြင်းအပါအဝင် မြန်မာနိုင်ငံရှိ သက်ဆိုင်သူများအားလုံးနှင့် အာဆီယံအထူးကိုယ်စားလှယ်တို့အားတွေ့ဆုံခွင့်ပေးရန်စသည်တို့ပါဝင်သည်။ Source : ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071