Monday, December 2, 2024

ဒေါ်လာ ၆၇ ဘီလျံတန် အမြန်ရထားလမ်းစီမံကိန်းကို...

နိုင်ငံစီးပွားရေး တိုးတက်မှု ရည်မှန်းချက်များကို အထောက်အကူပြုမည့် အရေးပါသော အခြေခံအဆောက်အဦစီမံကိန်းများဆိုင်ရာ အစိုးရအစီအစဉ်များအရ ဗီယက်နမ်သည် ၂၀၂၇ ခုနှစ်တွင် နိုင်ငံတောင်ပိုင်းနှင့် မြောက်ပိုင်းကို ချိတ်ဆက်ပေးမည့်...

အားကစားနည်း(၂၁)မျိုးကိုဝင်ရောက်ယှဥ်ပြိုင်မည့် စစ်ကိုင်းတိုင်းကိုယ်စားပြုအားကစားအဖွဲ့

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲ တော်အား နေပြည်တော်၌ကျင်းပမည်ဖြစ်ရာ စစ်ကိုင်းတိုင်းကိုယ်စားပြုအားကစားအဖွဲ့မှ အားကစားနည်း(၂၁)မျိုးကို ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် အုပ်ချုပ်၊ နည်းပြ၊ ဒိုင်၊ အားကစားသမား(၄၄၃)ဦးအား...

ဆိုက်ကလုန်းဖန်ဂယ်ကြောင့် အိန္ဒိယနှင့်သီရိလင်္ကာတို့တွင် လူ ၁၉...

နူးဒေလီ၊ဒီဇင်ဘာ ၁ ဆိုက်ကလုန်းမုန်တိုင်းဖန်ဂယ်ကြောင့် အိန္ဒိယနှင့်သီရိလင်္ကာတို့တွင် လူ ၁၉ ဦး‌ေ-သဆုံးခဲ့ပြီး တမီနာဒူးလ်ပြည်နယ်နှင့် ပါဒစ်ချရီဒေသများသို့လည်းဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့သည်ဟုလည်းသိရသည်။ ပါဒစ်ချရီသည် နှစ်ပေါင်း ၃၀ အတွင်း အပြင်းထန်ဆုံးမိုးသည်းထန်စွာရွာသွန်းမှုနှင့်ကြုံတွေ့ခဲ့ရပြီး...

မြန်မာ့အရေးအလွတ်သဘောဆွေးနွေးမည်

ဗီယန်ကျင်း၊ဒီဇင်ဘာ ၁ ယခုလအတွင်း ဘန်ကောက်၌ကျင်းပရန်လျာထားသည့် မြန်မာ့အရေးအတွက် အလွတ်သဘောတွေ့ဆုံဆွေးနွေးမည့်ကိစ္စသည် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်ပတ်သက်၍ အဆင်ပြေအထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်ကြောင်း လာအိုအကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။ လာအိုနိုင်ငံ၌ မကြာသေးမီကကျင်းပခဲ့သည့် ရှစ်ကြိမ်မြောက်အာဆီယံမီဒီယာဖိုရမ်၌ လာအိုအာဆီယံဌာနညွှန်ကြားရေးမှူးချုပ်က...
HomeInternationalစစ်တပ် ဘတ်ဂျက်ကို သမ္မတပူတင်...

စစ်တပ် ဘတ်ဂျက်ကို သမ္မတပူတင် အတည်ပြု

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၂၀၂၅-၂၀၂၇ ခုနှစ်အတွက် စစ်ဖက်ဆိုင်ရာအသုံးစရိတ်ကို အတည်ပြုလိုက်သည်ဟု တနင်္ဂနွေနေ့က အစိုးရ၏ ဥပဒေပြုမှုဆိုင်ရာ ဝက်ဘ်ဆိုက်တွင် လွှင့်တင်ခဲ့သည့် စာရွက်စာတမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။

စစ်တပ်၏ အသုံးစရိတ်ကို ၂၅ ရာခိုင်နှုန်းတိုးမြှင့်ထားခြင်း ပါဝင်သော လာမည့်နှစ်အတွက် နိုင်ငံတော်အသုံးစရိတ်သည် ဆိုဗီယက်ခေတ်လွန်သမိုင်းတွင် လျှို့ဝှက်မှုအရှိဆုံးဖြစ်ပြီး အသုံးစရိတ်အားလုံး၏ သုံးပုံတစ်ပုံနီးပါးကို အများသူငှာက စိစစ်နိုင်ခြင်းမရှိပေ။

မော်စကိုက ယူကရိန်း အထူးစစ်ဆင်ရေးဟု သုံးနှုန်းသော စစ်ဆင်ရေးနှင့် စစ်တပ်အတွက် ထောက်ပံ့မှုလိုအပ်ချက်များကြောင့် လူမှုရေးလိုအပ်ချက်များနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်အတူ ဘတ်ဂျက်ဦးစားပေးအဖြစ် ဆက်ရှိနေမည်ဖြစ်သည်ဟု အစိုးရက ပြောကြားခဲ့သည်။

ဟန်ချက်ညီ ဘတ်ဂျက်မူကြမ်းအဖြစ် အစိုးရက တင်ပြခဲ့ပြီး ယခုနှစ်အတွက် လိုငွေပြမှုမှာ ၁ ဒဿမ ၇ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ၀ ဒဿမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်းနှင့် နောက်သုံးနှစ်အတွက် နိုင်ငံတော်ကြွေးမြီသည် ၂၀ ရာခိုင်နှုန်းအမှတ်အောက် ဆက်ရှိနေမည်ဖြစ်သည်ဟု ဆိုခဲ့သည်။

Ref: အိန္ဒိယတူဒေး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေါ်လာ ၆၇ ဘီလျံတန် အမြန်ရထားလမ်းစီမံကိန်းကို ဗီယက်နမ်ချမှတ်

နိုင်ငံစီးပွားရေး တိုးတက်မှု ရည်မှန်းချက်များကို အထောက်အကူပြုမည့် အရေးပါသော အခြေခံအဆောက်အဦစီမံကိန်းများဆိုင်ရာ အစိုးရအစီအစဉ်များအရ ဗီယက်နမ်သည် ၂၀၂၇ ခုနှစ်တွင် နိုင်ငံတောင်ပိုင်းနှင့် မြောက်ပိုင်းကို ချိတ်ဆက်ပေးမည့် ဒေါ်လာ ၆၇ ဘီလျံတန် အမြန်ရထားလမ်းကွန်ရက် တည်ဆောက်မှုများကို စတင်တော့မည်ဖြစ်သည်။ တစ်နာရီ ၃၅၀ ကီလိုမီတာခန့်အမြန်နှုန်းဖြင့် ခုတ်မောင်းရန်ရည်ရွယ်ထားပြီး မြို့ကြီးများနှင့် ပြည်နယ် ၂၀ ကိုဖြတ်သန်းမည့် ၁,၅၄၁ ကီလိုမီတာအရှည်ရှိ အမြန်ရထားလမ်းတည်ဆောက်ရန် အစိုးရ၏ အဆိုပြုချက်ကို အမျိုးသားလွှတ်တော်က စနေနေ့တွင် အတည်ပြုပေးခဲ့သည်။ အဆိုပါ စီမံကိန်းသည် ၂၀၃၅ ခုနှစ်တွင် အလုံးစုံပြီးမြောက်မည်ဟု...

အားကစားနည်း(၂၁)မျိုးကိုဝင်ရောက်ယှဥ်ပြိုင်မည့် စစ်ကိုင်းတိုင်းကိုယ်စားပြုအားကစားအဖွဲ့

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲ တော်အား နေပြည်တော်၌ကျင်းပမည်ဖြစ်ရာ စစ်ကိုင်းတိုင်းကိုယ်စားပြုအားကစားအဖွဲ့မှ အားကစားနည်း(၂၁)မျိုးကို ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် အုပ်ချုပ်၊ နည်းပြ၊ ဒိုင်၊ အားကစားသမား(၄၄၃)ဦးအား နိုဝင်ဘာ ၂၈ ရက်မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်မှတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး အောင်နိုင်ရေးအလံပေးအပ်ခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားအနေဖြင့် အားကစားနည်းများအလိုက် အနိုင်မခံအရှုံးမပေးစိတ်ဓာတ် မလျှော့သောဇွဲ၊ လုံ့လ၊ ကြိုးစားမှုများဖြင့် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ရန်မှာကြားခဲ့သည်။ " အခုပြိုင်ပွဲကြီးဟာ အားကစားမောင်မယ်များတွေနဲ့ မိမိတို့တိုင်းအတွက် အားကစားလူချွန်လူ ကောင်းတွေဖြစ်ကြောင်းပြသနိုင်မယ့် အခွင့်အ လမ်းကောင်းတစ်ရပ်ဖြစ်သလို နိုင်ငံ့လက်ရွေး စင်အဆင့်ရွေးချယ်ခံရမယ့် အခွင့်အလမ်းလည်းဖြစ်တာကြောင့် ရရှိလာတဲ့ အခြေအနေအချိန်...

ဆိုက်ကလုန်းဖန်ဂယ်ကြောင့် အိန္ဒိယနှင့်သီရိလင်္ကာတို့တွင် လူ ၁၉ ဦး‌ေ-သဆုံးခဲ့

နူးဒေလီ၊ဒီဇင်ဘာ ၁ ဆိုက်ကလုန်းမုန်တိုင်းဖန်ဂယ်ကြောင့် အိန္ဒိယနှင့်သီရိလင်္ကာတို့တွင် လူ ၁၉ ဦး‌ေ-သဆုံးခဲ့ပြီး တမီနာဒူးလ်ပြည်နယ်နှင့် ပါဒစ်ချရီဒေသများသို့လည်းဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့သည်ဟုလည်းသိရသည်။ ပါဒစ်ချရီသည် နှစ်ပေါင်း ၃၀ အတွင်း အပြင်းထန်ဆုံးမိုးသည်းထန်စွာရွာသွန်းမှုနှင့်ကြုံတွေ့ခဲ့ရပြီး ၂၄ နာရီပတ်လုံးမိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းလည်းဖြစ်သည်ဟုသိရသည်။ ယင်းနောက် အိန္ဒိယတောင်ပိုင်း ချန်နိုင်းမြို့၏အစိတ်အပိုင်းများတွင်လည်း ရေလွှမ်းမိုးခဲ့ပြီး လေကြောင်းခရီးစဉ်များကိုယာယီရပ်နားထားခဲ့သော်လည်း တနင်္ဂနွေနံနက်အစောပိုင်းက ခရီးစဉ်များကိုပြန်လည်စတင်ခဲ့ကြောင်းအိန္ဒိယနိုင်ငံလေဆိပ်အာဏာပိုင်များကပြောကြားခဲ့သည်။ ပြည်တွင်းမီဒီယာများ၏ဖော်ပြချက်အရ လေပြင်းတိုက်ခတ်မှုများနှင့်မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် လမ်းများလည်းရေနစ်မြုပ်နေပြီး လူများကိုကယ်ဆယ်ရေးအတွက် စက်လှေများကိုပါအသုံးပြုနေရသည်ဟုလည်းသိရသည်။ သီရိလင်္ကာ၌လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိသားစုပေါင်း ၁၃၈,၉၄၄ စုထိခိုက်ခံစားခဲ့ရပြီး လူ ၁၆ ဦး‌ေ-သဆုံးခဲ့ကြောင်း ကိုလံဘိုမြို့ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက သတင်း ထုတ်ပြန်ကြေငြာခဲ့သည်။ Source : ရိုက်တာ/အာရ်ဂျေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071