Tuesday, December 3, 2024

ထိုင်းငါးဖမ်းစက်လှေများသည် မြန်မာ့ရေပိုင်နက်အတွင်းဝင်ရောက်ငါးဖမ်းမှုကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ဖြစ်စဉ်ကို...

ထိုင်းငါးဖမ်းစက်လှေများအား မြန်မာ့တပ်မတော်(ရေ)မှ ထိုင်းရေပိုင်နက်အတွင်းဝင်ရောက်ဖမ်းဆီးခဲ့ခြင်းမဟုတ်ဘဲ မြန်မာ့ရေပိုင်နက်အတွင်းဝင်ရောက်၍ ငါးဖမ်းနေသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ထိခိုက်‌ေ-သဆုံးမှုမရှိခဲ့ကြောင်း၊ ဖမ်းဆီးရမိထားသူများမှာလည်း ကောင်းမွန်စွာရှိနေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဒီဇင်ဘာ...

ဒီဇင်ဘာလအတွက် ရန်ကုန်အထိုင် မြေဩဇာဈေးများသတ်မှတ်ထုတ်ပြန်

ယခု ဒီဇင်ဘာလအတွက် တောင်သူများ အဓိကသုံးစွဲနေသည့် မြေသြဇာ (၃) မျိုး၏ ရန်ကုန်အထိုင်ဈေးများကို သတ်မှတ်ထုတ်ပြန် မြန်မာနိုင်ငံမြေဩဇာ၊မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ သတ်မှတ်ထုတ်ပြန်ထားသည်။ ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး...

ဒေါ်လာ ၆၇ ဘီလျံတန် အမြန်ရထားလမ်းစီမံကိန်းကို...

နိုင်ငံစီးပွားရေး တိုးတက်မှု ရည်မှန်းချက်များကို အထောက်အကူပြုမည့် အရေးပါသော အခြေခံအဆောက်အဦစီမံကိန်းများဆိုင်ရာ အစိုးရအစီအစဉ်များအရ ဗီယက်နမ်သည် ၂၀၂၇ ခုနှစ်တွင် နိုင်ငံတောင်ပိုင်းနှင့် မြောက်ပိုင်းကို ချိတ်ဆက်ပေးမည့်...

အားကစားနည်း(၂၁)မျိုးကိုဝင်ရောက်ယှဥ်ပြိုင်မည့် စစ်ကိုင်းတိုင်းကိုယ်စားပြုအားကစားအဖွဲ့

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲ တော်အား နေပြည်တော်၌ကျင်းပမည်ဖြစ်ရာ စစ်ကိုင်းတိုင်းကိုယ်စားပြုအားကစားအဖွဲ့မှ အားကစားနည်း(၂၁)မျိုးကို ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် အုပ်ချုပ်၊ နည်းပြ၊ ဒိုင်၊ အားကစားသမား(၄၄၃)ဦးအား...
HomeNewsLocal Newsပုဇွန်တောင် သီတာဆိပ်ကမ်း၌ သင်္ဘောတစ်စီးမီးလောင်

ပုဇွန်တောင် သီတာဆိပ်ကမ်း၌ သင်္ဘောတစ်စီးမီးလောင်

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်ရှိ သီတာဆိပ် ကမ်းတွင် ယနေ့ ဒီဇင်ဘာ ၂ ရက်နံနက် ၈ နာရီ ၅၃ မိနစ်ခန့်က သင်္ဘောတစ်စီးမီးလောင်မှုဖြစ် ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ပုဇွန်တောင်မြို့နယ်၊ (၃)ရပ်ကွက်၊ အောက်ပုဇွန်တောင်လမ်းရှိ သီတာဆိပ်ကမ်းတွင် သင်္ဘောတစ်စီးမီးလောင်နေသဖြင့် တာမွေမြို့နယ်မီး သတ်စခန်း၊ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်း၊ ဒေါပုံမြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နံနက် ၉ နာရီ ၄ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၉ နာရီ ၇ မိနစ်၌ မီးငြိမ်းသွားခဲ့သဖြင့် စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်ကလည်း ရွှေပြည်သာမြို့နယ်၊ ၁၃ရပ်ကွက်၊ စစ်ကိုင်းလမ်း တွင် ကားတစ်စီးမီးလောင်မှုဖြစ်ပွား၍ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၆ နာရီ ၂၁ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထို့အတူ ဒီဇင်ဘာ ၁ ရက်ည ၁ နာရီ ၁၀ မိနစ်ခန့်က မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ စွယ်တော်လမ်းရှိ “ရွှေခြူး”ဂွမ်းဖက်စက်ရုံတွင် မီးလောင်နေသဖြင့် မုံရွာခရိုင်/မြို့နယ်မီးသတ်စခန်း၊ စက်မှုဇုန်အ ရန်မီးသတ်စခန်း၊ သလ္လာရပ်ကွက်အရန်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြ၍ ည ၁ နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၂ နာရီ ၄၀ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းငါးဖမ်းစက်လှေများသည် မြန်မာ့ရေပိုင်နက်အတွင်းဝင်ရောက်ငါးဖမ်းမှုကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ဖြစ်စဉ်ကို ထိုင်းတာဝန်ရှိသူများထံ တရားဝင်အကြောင်းကြားခဲ့ဟု နစက ပြောရေးဆိုခွင့်ရှိသူဆို

ထိုင်းငါးဖမ်းစက်လှေများအား မြန်မာ့တပ်မတော်(ရေ)မှ ထိုင်းရေပိုင်နက်အတွင်းဝင်ရောက်ဖမ်းဆီးခဲ့ခြင်းမဟုတ်ဘဲ မြန်မာ့ရေပိုင်နက်အတွင်းဝင်ရောက်၍ ငါးဖမ်းနေသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ထိခိုက်‌ေ-သဆုံးမှုမရှိခဲ့ကြောင်း၊ ဖမ်းဆီးရမိထားသူများမှာလည်း ကောင်းမွန်စွာရှိနေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဒီဇင်ဘာ ၂ ရက်က ရှင်းလင်းပြောကြားခဲ့ပြောသည်။ ဖြစ်စဥ်မှာ နိုဝင်ဘာ ၃၀ ရက်နံနက် ၂ နာရီ ၄၀ မိနစ်ခန့်က ကော့သောင်းမြို့နယ်ရှိ မြန်မာ့ရေပိုင်နက်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် မြန်မာ့စစ်ရေယာဥ်တစ်စီးသည် လှုပ်ရှားနေသော မသင်္ကာဖွယ်လှုပ်ရှားမှု(၅)ခုအား ရေဒါမှတစ်ဆင့်တွေ့ရှိခဲ့သဖြင့် ယင်းနေရာအားသွားရောက်စစ်ဆေးရာ ငါးဖမ်းစက်လှေများဖြစ်ကြောင်းတွေ့ရှိရ၍စစ်ဆေးရန် မီးအချက်ပြရာ ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ကြသည်ဟု ဆိုသည်။ ထို့ကြောင့် နံနက် ၃ နာရီ...

ဒီဇင်ဘာလအတွက် ရန်ကုန်အထိုင် မြေဩဇာဈေးများသတ်မှတ်ထုတ်ပြန်

ယခု ဒီဇင်ဘာလအတွက် တောင်သူများ အဓိကသုံးစွဲနေသည့် မြေသြဇာ (၃) မျိုး၏ ရန်ကုန်အထိုင်ဈေးများကို သတ်မှတ်ထုတ်ပြန် မြန်မာနိုင်ငံမြေဩဇာ၊မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ သတ်မှတ်ထုတ်ပြန်ထားသည်။ ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက တောင်သူတွေ အဓိကသုံးစွဲနေသည့် မြေသြဇာ (၃) မျိုးအတွက် ဒီဇင်ဘာလ (၁) ရက်မှ (၃၁) ရက်အထိ ရန်ကုန်အထိုင်ဈေးများကို သတ်မှတ်ထုတ်ပြန်ခဲ့ပြီး ‌ဈေးနှုန်းအပြောင်းအလဲမရှိကြောင်း ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။ ၎င်းတို့မှာ ယူရီးယားမြေသြဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် (၉၇,၀၀၀)ကျပ်၊ Rock Phosphate အခြေခံ ၁၅...

ဒေါ်လာ ၆၇ ဘီလျံတန် အမြန်ရထားလမ်းစီမံကိန်းကို ဗီယက်နမ်ချမှတ်

နိုင်ငံစီးပွားရေး တိုးတက်မှု ရည်မှန်းချက်များကို အထောက်အကူပြုမည့် အရေးပါသော အခြေခံအဆောက်အဦစီမံကိန်းများဆိုင်ရာ အစိုးရအစီအစဉ်များအရ ဗီယက်နမ်သည် ၂၀၂၇ ခုနှစ်တွင် နိုင်ငံတောင်ပိုင်းနှင့် မြောက်ပိုင်းကို ချိတ်ဆက်ပေးမည့် ဒေါ်လာ ၆၇ ဘီလျံတန် အမြန်ရထားလမ်းကွန်ရက် တည်ဆောက်မှုများကို စတင်တော့မည်ဖြစ်သည်။ တစ်နာရီ ၃၅၀ ကီလိုမီတာခန့်အမြန်နှုန်းဖြင့် ခုတ်မောင်းရန်ရည်ရွယ်ထားပြီး မြို့ကြီးများနှင့် ပြည်နယ် ၂၀ ကိုဖြတ်သန်းမည့် ၁,၅၄၁ ကီလိုမီတာအရှည်ရှိ အမြန်ရထားလမ်းတည်ဆောက်ရန် အစိုးရ၏ အဆိုပြုချက်ကို အမျိုးသားလွှတ်တော်က စနေနေ့တွင် အတည်ပြုပေးခဲ့သည်။ အဆိုပါ စီမံကိန်းသည် ၂၀၃၅ ခုနှစ်တွင် အလုံးစုံပြီးမြောက်မည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071