နူးဒေလီ၊ဒီဇင်ဘာ ၁
ဆိုက်ကလုန်းမုန်တိုင်းဖန်ဂယ်ကြောင့် အိန္ဒိယနှင့်သီရိလင်္ကာတို့တွင် လူ ၁၉ ဦးေ-သဆုံးခဲ့ပြီး တမီနာဒူးလ်ပြည်နယ်နှင့် ပါဒစ်ချရီဒေသများသို့လည်းဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့သည်ဟုလည်းသိရသည်။
ပါဒစ်ချရီသည် နှစ်ပေါင်း ၃၀ အတွင်း အပြင်းထန်ဆုံးမိုးသည်းထန်စွာရွာသွန်းမှုနှင့်ကြုံတွေ့ခဲ့ရပြီး ၂၄ နာရီပတ်လုံးမိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းလည်းဖြစ်သည်ဟုသိရသည်။
ယင်းနောက် အိန္ဒိယတောင်ပိုင်း ချန်နိုင်းမြို့၏အစိတ်အပိုင်းများတွင်လည်း ရေလွှမ်းမိုးခဲ့ပြီး လေကြောင်းခရီးစဉ်များကိုယာယီရပ်နားထားခဲ့သော်လည်း တနင်္ဂနွေနံနက်အစောပိုင်းက ခရီးစဉ်များကိုပြန်လည်စတင်ခဲ့ကြောင်းအိန္ဒိယနိုင်ငံလေဆိပ်အာဏာပိုင်များကပြောကြားခဲ့သည်။
ပြည်တွင်းမီဒီယာများ၏ဖော်ပြချက်အရ လေပြင်းတိုက်ခတ်မှုများနှင့်မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် လမ်းများလည်းရေနစ်မြုပ်နေပြီး လူများကိုကယ်ဆယ်ရေးအတွက် စက်လှေများကိုပါအသုံးပြုနေရသည်ဟုလည်းသိရသည်။
သီရိလင်္ကာ၌လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိသားစုပေါင်း ၁၃၈,၉၄၄ စုထိခိုက်ခံစားခဲ့ရပြီး လူ ၁၆ ဦးေ-သဆုံးခဲ့ကြောင်း ကိုလံဘိုမြို့ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက သတင်း ထုတ်ပြန်ကြေငြာခဲ့သည်။
Source : ရိုက်တာ/အာရ်ဂျေ