Monday, December 9, 2024

တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ကျောင်းသား/သူ...

၂၀၂၅ ခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန်ကျောင်းသား၊ကျောင်းသူ (၂၂၀,၀၀၀) ဝန်းကျင် စာရင်းပေးသွင်းထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ၂၀၂၅ ခုနှစ်မတ်လ (၁၇)ရက်မှစတင်ကာ မတ်လ...

တရုတ်က အာဖဂန်ရှိ လူပေါင်း ၁၇၅,၀၀၀...

ကဘူးလ်၊ဒီဇင်ဘာ ၉ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး က လာမည့်သီတင်းပတ်များအတွင်း အာဖဂန်နိုင်ငံတစ်ဝန်းရှိ ပဋိပက္ခဒဏ်ခံခဲ့ရသော အာဖဂန်နိုင်ငံသား ၁၇၅,၀၀၀ ကျော်ကို တရုတ်နိုင်ငံက လှူဒါန်းသည့် ကယ်ဆယ်ရေးပစ္စည်းများကို ဖြန့်ဝေပေးသွားမည်ဟု...

ဆရာစံလမ်းမပေါ်တွင် လမ်းဖြတ်ကူးသူ အမျိုးသားအား ယာဉ်တို-က်ခံရကာ...

ရန်ကုန်တိုင်းဒေသကြီး၊ ဆရာစံလမ်းမပေါ်တွင် လမ်းဖြတ်ကူးသူ အသက် (၅၀)နှစ်ခန့်ရှိ အမျိုးသား တစ်ဦးအား ဟိုက်ဂျက်ယာဉ်တစ်စီးမှ ဝင်ရောက်တို-က်မိမှုဖြစ်ပွားခဲ့ပြီး အတို-က်ခံရသူ အမျိုးသားမှာ နေရာ၌ပင် အသက်ဆုံးရှုံးခဲ့ရကြောင်း...

အနှိပ်ခန်း သုံးကြိမ်ဝင်ပြီးနောက် ထိုင်းအဆိုတော် ‌ေ-သဆုံး

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ် ဥထုံသနီရှိ ထိုင်းဆိုင်တစ်ဆိုင်တွင် လည်ပင်းအနှိပ်ခံမှု နှစ်ကြိမ်အပါအဝင် အနှိပ်ခန်းသုံးကြိမ်ဝင်ခဲ့သော အဆိုတော်တစ်ဦးသည် တနင်္ဂနွေနေ့(နိုဝင်ဘာ ၈) မနက်ပိုင်းတွင် ‌ေ-သဆုံးခဲ့ကြောင်း သိရသည်။ Guitar...
HomeNewsLocal Newsမြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုမြှင့်တင်ရန်ဆွေးနွေး

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုမြှင့်တင်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဟနွိုင်းမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နစက ဥက္ကဋ္ဌမှ ယနေ့ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီးအား နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၌လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဥ် ကာကွယ်ရေးဆိုင်ရာများတွင် ပူး ပေါင်းဆောင်ရွက်မှုများအား ပိုမိုမြှင့်တင်ရန်၊ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးနှင့်ကုန်သွယ်မှုများမြှင့်တင်ဆောင်ရွက်ရေး၊ ပညာ ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆေးဝါး၊ စက်မှုနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ အခြား နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်ရေး၊ ကျောင်းသား၊ ကျောင်းသူများအား လေ့လာရခရီးစဥ်စေလွှတ်ရာတွင်သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပညာတော်သင်များကိုစေလွှတ်နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ကျောင်းသား/သူ (၂၂၀,၀၀၀) ဝန်းကျင် စာရင်းပေးသွင်းထား

၂၀၂၅ ခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန်ကျောင်းသား၊ကျောင်းသူ (၂၂၀,၀၀၀) ဝန်းကျင် စာရင်းပေးသွင်းထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ၂၀၂၅ ခုနှစ်မတ်လ (၁၇)ရက်မှစတင်ကာ မတ်လ (၂၂) ရက်အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ/ပထဝီဝင်၊ ရူပဗေဒ/သမိုင်း၊ ဇီဝဗေဒ/ဘောဂဗေဒတို့ကို တစ်ရက်တစ်ဘာသာနှုန်းဖြင့် နံနက် (၉) နာရီမှ (၁၂) နာရီအထိ ပိတ်ရက်မရှိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုခွင့်လျှောက်လွှာများကို ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်မှ စတင်၍ ရောင်းချပေးခဲ့ပြီး စနစ်ဟောင်း နဝမတန်း...

တရုတ်က အာဖဂန်ရှိ လူပေါင်း ၁၇၅,၀၀၀ ခန့်အတွက် အကူအညီပေးအပ်

ကဘူးလ်၊ဒီဇင်ဘာ ၉ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး က လာမည့်သီတင်းပတ်များအတွင်း အာဖဂန်နိုင်ငံတစ်ဝန်းရှိ ပဋိပက္ခဒဏ်ခံခဲ့ရသော အာဖဂန်နိုင်ငံသား ၁၇၅,၀၀၀ ကျော်ကို တရုတ်နိုင်ငံက လှူဒါန်းသည့် ကယ်ဆယ်ရေးပစ္စည်းများကို ဖြန့်ဝေပေးသွားမည်ဟု တနင်္ဂနွေနေ့ကပြောကြားခဲ့သည်။ UNHCR ၏အဆိုအရ အဆိုပါပစ္စည်းများတွင်မီးဖိုချောင်သုံးပစ္စည်းများ၊စောင်များ၊လောင်စာဆီထည့် (ဂျယ်ရီ) ဗူးများနှင့် ပလပ်စတစ်တာပေါ်လင်များပါဝင်ပြီး နိုင်ငံတစ်ဝန်းရှိ အိမ်ထောင်စု ၂၇,၅၀၀ ကျော် သို့မဟုတ် အာဖဂန်နစ္စတန်နိုင်ငံတစ်ဝှမ်းရှိ စစ်ဘေးသင့်ပြည်သူ ၁၇၅,၀၀၀ ကျော်ထံ ပေးအပ်ဖြန့်ဝေသွားမည်ဖြစ်သည်ဟုလည်းသိရသည်။ တရုတ်နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ကြိုဆိုသည့်အနေဖြင့် အာဖဂန်ရှိ UNHCR ကိုယ်စားလှယ်က "တရုတ်ရဲ့ အရေးကြီးတဲ့ပံ့ပိုးကူညီမှုကြောင့် ကျွန်တော်တို့ UNHCR...

ဆရာစံလမ်းမပေါ်တွင် လမ်းဖြတ်ကူးသူ အမျိုးသားအား ယာဉ်တို-က်ခံရကာ အသက်ဆုံးရှုံး

ရန်ကုန်တိုင်းဒေသကြီး၊ ဆရာစံလမ်းမပေါ်တွင် လမ်းဖြတ်ကူးသူ အသက် (၅၀)နှစ်ခန့်ရှိ အမျိုးသား တစ်ဦးအား ဟိုက်ဂျက်ယာဉ်တစ်စီးမှ ဝင်ရောက်တို-က်မိမှုဖြစ်ပွားခဲ့ပြီး အတို-က်ခံရသူ အမျိုးသားမှာ နေရာ၌ပင် အသက်ဆုံးရှုံးခဲ့ရကြောင်း ဖြစ်စဉ်ကို သွားရောက်ကူညီပေးခဲ့သည့် ကိုပူတူးနှင့်ဘော်ဒါများအဖွဲ့မှ သိရသည်။ ယမန်နေ့ ဒီဇင်ဘာ (၈)ရက်၊ ည (၁၀)နာရီခွဲဝန်းကျင်အချိန်က ဟိုက်ဂျက်ယာဉ်မှ လမ်းဖြတ်ကူးသူအား ဝင်တို-က်မိခဲ့ကြောင်း ပတ်ဝန်းကျင်မှ ဆက်သွယ်ကူညီတောင်းခံလာချက်အရ ကိုပူတူးနှင့်ဘော်ဒါများအဖွဲ့မှ ကူညီရန် သွားရောက်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နေရာအရောက် အမည်မသိ၊ အသက် (၅၀)နှစ် ဝန်းကျင်ရှိ ယာဉ်တို-က်ခံရသူ အမျိုးသားမှာ အခင်းဖြစ်ပွားရာနေရာတွင် ထိခိုက်ဒဏ်ရာများရရှိပြီး ေ-သဆုံးနေသည်ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071