Saturday, April 12, 2025

တရုတ်-အာဆီယံမီဒီယာနှင့်ဉာဏ်ကြီးရှင်ဖိုရမ် မလေးရှားတွင်ကျင်းပ

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ မီဒီယာကိုယ်စားလှယ်များနှင့် ဉာဏ်ကြီးရှင်များသည် တရုတ်-အာဆီယံ မီဒီယာနှင့် ဉာဏ်ကြီးရှင်ဖိုရမ်အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ...

မြန်မာ့ငလျင်အတွက် ကုလကဒေါ်လာ(၂၇၅) သန်း အကူအညီတောင်းခံပြီ

ကုလသမဂ္ဂ၊ဧပြီ ၁၁ ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ်အကူအညီ‌ ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ (၂၇၅) သန်းအကူအညီတောင်းခံမှုကို စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါရန်ပုံငွေသည် အရေးပေါ်အကူအညီများလိုအပ်လျက်ရှိသည့် လူပေါင်း ၁...

မဟာမုနိဘုရားကြီး၏ မကိုဋ်တော်အားပြန်လည်တည့်မတ်ပြီးစီး

မန္တလေးငလျင်ကြီးလှုပ်ခတ်ချိန်တွင် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ မဟာမုနိဘုရားကြီး၏ မ ကိုဋ်တော်မှာတိမ်းစောင်းသွားခဲ့သဖြင့် ပြန်လည်တည့်မတ်နိုင်ရန် ပညာရှင်များကဆောင်ရွက်ခဲ့ကြ၍ ယနေ့ ဧပြီ ၁၂ ရက်(တန်ခူးလပြည့်နေ့)တွင် မကိုဋ်တော်အားပြည်လည်တည့်မတ်ပြီးခဲ့သည်ကို...

ပါကစ္စတန်တွင် ပြင်းအား (၅) အဆင့်ရှိ...

ပါကစ္စတန်နိုင်ငံတွင် စနေနေ့က ပြင်းအား ၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း ဥရောပ မြေထဲပင်လယ် ငလျင်စင်တာ(EMSC) က ပြောကြားခဲ့သည်။ ငလျင်သည် အနက်...
HomeInternationalတရုတ်တက္ကသိုလ်များ၌ ချစ်မှုရေးရာသင်ခန်းစာများသင်ကြားရန်တောင်းဆို

တရုတ်တက္ကသိုလ်များ၌ ချစ်မှုရေးရာသင်ခန်းစာများသင်ကြားရန်တောင်းဆို

နိုင်ငံတွင် မွေးဖွားနှုန်းကျဆင်းနေမှုကို မြှင့်တင်နိုင်ရေးကြိုးပမ်းချက်အဖြစ် လက်ထပ်ထိမ်းမြားခြင်း၊ ချစ်ချင်းမေတ္တာ၊ မျိုးပွားခြင်း နှင့် မိသားစု တို့နှင့်ပတ်သက်၍ အပေါင်းလက္ခဏာဆောင်သော အမြင်များကို အလေးပေးစေရေးအတွက် တက္ကသိုလ်၊ ကောလိပ်များတွင် ချစ်မှုရေးရာသင်ခန်းစာများ ကို ထည့်သွင်းသင်ကြားပေးရန် တရုတ်က တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ၂ နှစ်ဆက်တိုက် လူဦးရေကျဆင်းမှုကို ကြုံတွေ့ခဲ့ရပြီးနောက် ရင်သွေးယူကြရေးအတွက် လူငယ်ဇနီးမောင်နှံများကို ပိုမိုဆွဲဆောင်နိုင်ရန် ပေကျင်းက အစီအမံအမျိုးမျိုးကို ချမှတ်ဖော်ဆောင်နေခဲ့သည်။

တရုတ်နိုင်ငံသည် လူဦးရေ ၁ ဒဿမ ၄ ဘီလျံဖြင့် ကမ္ဘာပေါ်တွင် ဒုတိယမြောက်လူဦးရေအများဆုံးနိုင်ငံဖြစ်သော်လည်း သက်ကြီးရွယ်အိုဦးရေ အလျင်မြန်တိုးပွားနေမှုသည် အနာဂတ်တွင် အစိုးရအသုံးစရိတ်လိုအပ်ချက်တိုးမြင့်လာကာ စီးပွားရေးအပေါ် ဖိအားဖြစ်လာစေနိုင်သည်။

ကောလိပ်ကျောင်းသားများသည် ကလေ-းမွေးဖွားမှုအတွက် အကြီးမားဆုံး မောင်းနှင်အားဖြစ်လာနိုင်သော်လည်း အိမ်ထောင်ရေးနှင့် အချစ်ရေးတို့အပေါ် ၎င်းတို့၏ အမြင်များသည် သိသိသာသာ ပြောင်းလဲလာသည်ဟု ကျင်းစုနှင့် ရှင်းဟွာသတင်းစာအုပ်စုက လူဦးရေဆိုင်ရာ တရားဝင်ထုတ်ပြန်ချက်တစ်ခုဖြစ်သည့် China Population News ကို ကိုးကား၍ ဖော်ပြခဲ့သည်။

တက္ကသိုလ်နှင့် ကောလိပ်များသည် အိမ်ထောင်ရေးနှင့် ချစ်မှုရေးရာ သင်ခန်းစာများကို ထည့်သွင်းသင်ကြားပေးခြင်းဖြင့် ကောလိပ်ကျောင်းသားများကို အိမ်ထောင်ရေး၊ အချစ်ရေးဆိုင်ရာ ပညာပေးမှုများလုပ်ဆောင်ပေးရန် တာဝန်ရှိသည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အဆိုပါအစီအစဉ်သည် ကျန်းမာပြီး၊ အပြုသ‌ေဘာဆောင်သော အိမ်ထောင်ရေးနှင့် ကလေးမွေးဖွားခြင်းဆိုင်ရာ ဝန်းကျင်အခြေအနေတစ်ရပ်ကို ဖန်တီးရန် အထောက်အကူဖြစ်လိမ့်မည်ဟု ဆိုသည်။

နိုင်ငံတော်ကောင်စီသည် နိုဝင်ဘာလတွင် ဒေသဆိုင်ရာ အစိုးရများကို ဆင့်ခေါ်၍ တရုတ်နိုင်ငံ၏ လူဦးရေကျဆင်းမှုကို ထိန်းညှိရန်နှင့် အရွယ်ကောင်းအခါကောင်းတွင် အိမ်ထောင်သားမွေးပြုမှုကို အလေးထားကြစေရန်အတွက် အရင်းအမြစ်များကို အသုံးပြုရန် ညွှန်ကြားခဲ့သည်။ သို့သော်လည်း အဆိုပါ လှုပ်ရှားမှုသည် တရုတ်လူငယ်များအတွင်း စိတ်ဝင်စားဖွယ်မရှိဟု လူဦးရေစာရင်းအင်း ပညာရှင်များက သုံးသပ်သည်။

China Population News က စစ်တမ်းကောက်ယူခဲ့သော ကောလိပ်ကျောင်းသားများ၏ ၅၇ ရာခိုင်နှုန်းက သူတို့အနေဖြင့် အချစ်ရေးကိစ္စကို မလိုလားကြောင်း ဖြေကြားခဲ့ကြပြီး အဓိကအားဖြင့် အချစ်ရေးနှင့် ပညာရေးအကြား ဟန်ချက်ညီစေရန် မည်သို့အချိန်ခွဲဝေသုံးစွဲရမည်ကို မသိ၍ဖြစ်ကြောင်း ဆိုခဲ့ကြသည်။

Ref: ယူအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်-အာဆီယံမီဒီယာနှင့်ဉာဏ်ကြီးရှင်ဖိုရမ် မလေးရှားတွင်ကျင်းပ

တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ မီဒီယာကိုယ်စားလှယ်များနှင့် ဉာဏ်ကြီးရှင်များသည် တရုတ်-အာဆီယံ မီဒီယာနှင့် ဉာဏ်ကြီးရှင်ဖိုရမ်အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ မြှင့်တင်ရန် ရည်ရွယ်ကာ မလေးရှားနိုင်ငံတွင် သောကြာနေ့တွင် တက်ရောက်ခဲ့ကြသည်။ "အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေခြင်း" ခေါင်းစဉ်ဖြင့် တက်ရောက်လာသူများက တရုတ်နှင့် အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှု ရရှိခဲ့သော လုပ်ဆောင်မှုအကြောင်းအရာများကို ပြောကြားရေးကို ပူးပေါင်းကြိုးပမ်းကြရန် တိုက်တွန်းခဲ့ကြသည်။ မလေးရှား နိုင်ငံဒုတိယဝန်ကြီးချုပ် ဖာဒီလာ ယူဆုဖ်က ၎င်း၏အဖွင့်မိန့်ခွန်းတွင် ဒေသတွင်းတည်ငြိမ်ရေးနှင့် ကမ္ဘာ့စီးပွားရေး ရုန်းပြန်ထနိုင်စွမ်းကို အထောက်အကူ...

မြန်မာ့ငလျင်အတွက် ကုလကဒေါ်လာ(၂၇၅) သန်း အကူအညီတောင်းခံပြီ

ကုလသမဂ္ဂ၊ဧပြီ ၁၁ ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာ့ငလျင်ဘေးအတွက် အရေးပေါ်အကူအညီ‌ ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ (၂၇၅) သန်းအကူအညီတောင်းခံမှုကို စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါရန်ပုံငွေသည် အရေးပေါ်အကူအညီများလိုအပ်လျက်ရှိသည့် လူပေါင်း ၁ ဒသမ ၁ သန်းထံရောက်ရှိစေမည့် ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်အတွက် အစီအစဉ်တစ်ခုဖြစ်ကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်ကပြောကြားခဲ့သည်။ ကုလသမဂ္ဂအနေဖြင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံအတွက် ဆေးဝါးကုသရေး၊ အမိုးအကာ၊ ရေနှင့်စားနပ်ရိက္ခာများပါဝင်သည့် အကူအညီများ အလျင်အမြန်ရရှိရန်လည်း အင်တိုက်အားတိုက်လှုံ့ဆော်ပေးနေကြောင်းလည်း ၄င်းက‌ပြောကြားခဲ့သည်။ မြေပြင်ကယ်ဆယ်ရေးကြိုးပမ်းအားထုတ်မှုများ ပိုမိုအားကောင်းလာစေရန်အတွက်လည်း ကုလ၏ဗဟိုအရေးအပေါ်အခြေအနေတုန့်ပြန်ရေးရန်ပုံငွေမှ အမေရိကန်ဒေါ်လာ (၅) သန်းကိုလည်း ကနဦးထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ မတ်လ...

မဟာမုနိဘုရားကြီး၏ မကိုဋ်တော်အားပြန်လည်တည့်မတ်ပြီးစီး

မန္တလေးငလျင်ကြီးလှုပ်ခတ်ချိန်တွင် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ မဟာမုနိဘုရားကြီး၏ မ ကိုဋ်တော်မှာတိမ်းစောင်းသွားခဲ့သဖြင့် ပြန်လည်တည့်မတ်နိုင်ရန် ပညာရှင်များကဆောင်ရွက်ခဲ့ကြ၍ ယနေ့ ဧပြီ ၁၂ ရက်(တန်ခူးလပြည့်နေ့)တွင် မကိုဋ်တော်အားပြည်လည်တည့်မတ်ပြီးခဲ့သည်ကို ဖူးမြှော်ကြည်ညိုနိုင်ကြစေရန်ရည်သန်၍ ဖော်ပြလိုက်ရပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071