Thursday, December 12, 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့သယ်ဆောင်မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း(၂)တန်ခန့်ကို ရွာငံ၌ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့သယ်ဆောင်မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း(၂)တန်ခန့်ကို ဒီဇင် ဘာ ၃ ရက်ညနေ ၅ နာရီက ရွာငံမြို့နယ်တွင် ဖမ်း ဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ...

တာချီလိတ်မြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် စျေးရောင်းချခွင့်မပြုတော့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် လမ်းဘေးစျေးသည်များအား စျေးရောင်းချခွင့်မပြုတော့ကြောင်း ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့လည်ပိုင်းကပြုလုပ်သည့် တာချီလိတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးမှ သိရသည်။ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် ယာဉ်...

ရုရှား နျူကလီးယားလက်နက် ဒါဇင်နှင့်ချီ၍ ဘီလာရုစ်...

ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ဒါဇင်နှင့်ချီသော ရုရှားနျူးကလီးယားလက်နက်များကို သူ့နိုင်ငံက လက်ခံထားသကဲ့သို့ မော်စကို၏ နောက်ဆုံးပေါ် အသံထက်မြန်သော ဒုံးကျည်များ ဖြန့်ကျက်ရေးအစီအစဉ်အတွက်လည်း အဆောက်အအုံများ...

တိုကျိုမြို့တွင် ပြုလုပ်ခဲ့သည့် အီကေဘားနား နိုင်ငံတကာပြပွဲနှင့်...

အီကေဘားနားနိုင်ငံတကာအဖွဲ့အစည်းမှ ကြီးမှူး၍ တိုကျိုမြို့အခြေစိုက် အီကေဘားနား နိုင်ငံတကာပြပွဲနှင့် ဈေးရောင်းပွဲတော် ပြုလုပ်ရောင်းချခဲ့ပြီး ရရှိသည့် အမြတ်ငွေများအား ဂျပန်နိုင်ငံတွင် သဘာဝဘေးကြောင့် ထိခိုက်ခံစားရသူများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း...
HomeNewsLocal Newsမုံရွာမြို့ ပထမလယ်တီဆရာတော်ဘုရားကြီး၏ (၁၁၄)ကြိမ်မြောက်...

မုံရွာမြို့ ပထမလယ်တီဆရာတော်ဘုရားကြီး၏ (၁၁၄)ကြိမ်မြောက် မွေးနေ့အထိမ်းအမှတ် ပူဇော်ပွဲကျင်းပ

မုံရွာမြို့၊ပထမလယ်တီဆရာတော်ဘုရားကြီး၏ (၁၁၄)ကြိမ်မြောက် မွေးနေ့အထိမ်းအမှတ် ပူဇော်ပွဲအဖြစ် နတ်တော်လဆန်း (၁၁)ရက် ၊ ဒီဇင်ဘာလ (၁၁)ရက်မှစတင်၍ လယ်တီကျောက်စာတိုက်ကြီးအတွင်း လယ်တီမဟာသရဏဂုမ်တော်ကြီး ပါဠိတော်များ ရွတ်ဖတ်ပူဇော်လျက်ရှိသည်။

၁၃၈၆ခု၊ နတ်တော်လဆန်း (၁၃)ရက် ၊ဒီဇင်ဘာလ (၁၃)ရက်တွင် ကျရောက်သော ကျေးဇူးတော်ရှင် ပထမလယ်တီဆရာတော်ဘုရားကြီး၏ (၁၁၄)ကြိမ်မြောက် မွေးနေ့အထိမ်း အမှတ်အဖြစ် နတ်တော်လဆန်း (၁၁)ရက်၊ (၁၂)ရက် နှင့် (၁၃) ရက်များတွင် နေ့စဥ် နံနက် (၇)နာရီမှ ည (၇)နာရီ အထိ မဟာလယ်တီကျောင်းတိုက် သံဃာတော်များက လယ်တီမဟာသရဏဂုမ်တော်ကြီး ပါဠိတော်များ ရွတ်ဖတ်ပူဇော်လျက်ရှိသည်။

“မွေးနေ့အထိမ်းအမှတ်ပွဲကို မဟာလယ်တီတိုက်အတွင်းကစာချ၊ ကျောင်းသံဃာတော်တွေ၊ စာသင်သားတွေ၊ ကိုရင်တွေအပါအဝင် ရွတ်ဖတ်နိုင်တဲ့ရဟန်းသာမဏေမှန်သမျှ စာရင်းကောက်ပြီး အဖွဲ့(၅)ဖွဲ့ခွဲ ရွတ်ဖတ်ပူဇော်ကြတာပါ။ ၂၄နာရီရွတ်ဖတ်တာမဟုတ်ဘဲ မနက် (၇)နာရီကနေ ည(၇) နာရီအထိ ရွတ်ဖတ်တာ။ အရင်ဝတ်အသင်းတွေတုန်းကမဟာသရဏဂုံသီးသန့်ရွတ်ဖတ်ကြခဲ့ပေမယ့် အခုရဟန်းသံဃာတွေ ရွတ်ဖတ်ကြတော့ နတ်တော်လဆန်း (၁၃)ရက် နောက်ဆုံးအချိန်ညနေ (၆)နာရီရွတ်ဖတ်ပူဇော်တဲ့အလှည့်မှာ ရဟန်းတော်တွေအားလုံး စုပြီး မြတ်စွာဘုရားရဲ့ပရိတ်ဓမ္မစက်တော်တွေ၊ ပထမလယ်တီဆရာတော်ကြီးရေးသားစီရင်တော်မူခဲ့တဲ့ အန္တရာယ်ကင်းဂါထာတွေ၊ ပထမလယ်တီဆရာ တော်ကြီး ပုလိပ်ကပ်ရောဂါ ဖြစ်စဥ်တုန်းက ရေးသားတော်မူခဲ့တဲ့ အမိန့်တော်ပြန်တမ်းကြီး၊ ဘေးဥပါဒ်အန္တရာယ်ရန်အသွယ်သွယ်တွေ တွေ့ကြုံရင်သံဃာတော်တွေရွတ်ဖတ်တဲ့
ပဘာစနိယကမ္မဝါစာ တွေရွတ်ဖတ်ပူဇော်ကြပါတယ်။”ဟုမဟာလယ်တီကျောင်းတိုက် နာယကစာချဆရာတော် ဦးဥဇ္ဇောတ ကမိန့်သည်။

နတ်တော်လဆန်း (၁၂)ရက်ညတွင် ကျောက်စာတိုက်ဂေါ ပကအဖွဲ့နှင့် ဒါယကာ ဒါယိကာမများကလည်းကောင်း၊ နတ်တော်လဆန်း (၁၃)ရက် ညတွင် မဟာလယ်တီကျောင်းတိုက် ဒသမပဓာနနာယကဆရာတော်နှင့် မဟာလယ်တီ စာချနာ ယက စာချဘုန်းကြီး ကျောင်းဘုန်းကြီးများက လည်းကောင်း မဟာလယ်တီ ကျောက်စာတိုက် ဓမ္မစေတီများကို ဆီမီး (၅၀ ၀၀)ထွန်းညှိပူဇော်ကြမည်ဖြစ်သည်။

ပထမလယ်တီ ဆရာတော်ဘုရားကြီး၏ (၁၁၄)ကြိမ်မြောက် မွေးနေ့ အထိမ်းအမှတ် ဆွမ်းဆန်တော်လောင်းလှူပွဲကိုအကြောင်းအမျိုးမျိုးကြောင့် ယခုနှစ်တွင်လည်းမကျင်းပဖြစ်သေးကြောင်း မုံရွာမြို့မဟာလယ်တီကျောင်းတိုက် ဒသမပဓာနနာယကဆရာတော်ဘုရားနှင့် မဟာလယ်တီ စာချနာ ယက စာချဘုန်းကြီးကျောင်းဘုန်းကြီးများ၏ နိုဝင်ဘာလ (၃၀) ရက် ညနေ (၄)နာရီအချိန် အစည်းအဝေးဆုံးဖြတ်ချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့သယ်ဆောင်မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း(၂)တန်ခန့်ကို ရွာငံ၌ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့သယ်ဆောင်မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း(၂)တန်ခန့်ကို ဒီဇင် ဘာ ၃ ရက်ညနေ ၅ နာရီက ရွာငံမြို့နယ်တွင် ဖမ်း ဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် သိန်းထိုက်အောင် မောင်းလာသည့် ISUZU ၁၂ ဘီးကားနှင့် ကျော်ဝင်း မောင်းလာသည့် FUSO ၁၂ ဘီးကားတို့ကို သတင်းအရရှာဖွေစစ်ဆေးခဲ့ကြသည်။ ထိုသို့ စစ်ဆေးရာ ကားနှစ်စီးပေါ်ရှိ နွားချေးမြေ ဩဇာများဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း(၂)တန်ခန့်ကို ဖမ်း ဆီးရမိခဲ့၍ စစ်ဆေးချက်အရ ကဖင်းများ...

တာချီလိတ်မြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် စျေးရောင်းချခွင့်မပြုတော့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် လမ်းဘေးစျေးသည်များအား စျေးရောင်းချခွင့်မပြုတော့ကြောင်း ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့လည်ပိုင်းကပြုလုပ်သည့် တာချီလိတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးမှ သိရသည်။ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် ယာဉ် ကြောပိတ်ဆို့မှုလျော့ချနိုင်စေရန်ရည်ရွယ်၍ တာချီလိတ်မြို့နယ်တွင်းရှိ လမ်းမများဘေးတစ်လျှောက်တွင် စျေးရောင်းချနေသည့် လမ်းဘေးစျေးသည်များကို စျေးရောင်းချခွင့်မပြုတော့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ လမ်းဘေးတွင်စျေးရောင်းချခွင့်မပြုတော့သဖြင့် လမ်းဘေးစျေးသည်များ စျေးရောင်းချနိုင်ရန် ညစျေးနေရာသတ်မှတ်ပေး၍ ရောင်းချစေမည်ဖြစ်ကာ လမ်းဘေးတွင်စျေးရောင်းချခွင့်မပြုတော့ခြင်းအား လာမည့်ရက်ပိုင်းအတွင်း၌ သတိပေးနှိုးဆော်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အစည်းအဝေး၌ တာချီလိတ် ရွှေတိဂုံစေတီတော် အတက်အဆင်းလမ်းဘေးတွင် ဈေးဆိုင်ခန်းများ စနစ်တကျဆောက်လုပ်နိုင်ရေး၊ ဗိုလ်ချုပ်လမ်းမတစ်လျှောက် ပလက်ဖောင်းများပေါ်တွင် လမ်းဘေးဈေးသည်များစနစ်တကျရောင်းချမှုမရှိခြင်းအပေါ် ရပ်ကွက်အလိုက်အသိပေးဖယ်ရှားနိုင်ရေးနှင့် နယ်စပ်မြို့ဖြစ်၍...

ရုရှား နျူကလီးယားလက်နက် ဒါဇင်နှင့်ချီ၍ ဘီလာရုစ် လက်ခံရရှိထား

ဘီလာရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ဒါဇင်နှင့်ချီသော ရုရှားနျူးကလီးယားလက်နက်များကို သူ့နိုင်ငံက လက်ခံထားသကဲ့သို့ မော်စကို၏ နောက်ဆုံးပေါ် အသံထက်မြန်သော ဒုံးကျည်များ ဖြန့်ကျက်ရေးအစီအစဉ်အတွက်လည်း အဆောက်အအုံများ ပြင်ဆင်နေသည်ဟု အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ မည်သည့် ရန်စောင်လာမှုမျိုးကိုမဆို တွန်းလှန်ရာတွင် အထောက်အကူပြုရန်အတွက် ရုရှားနျူကလီးယားလက်နက်များကို အသုံးပြုနိုင်ခြေအပါအဝင် မော်စကို၏ အရင်းနှီးဆုံး မဟာမိတ် ဘီလာရုစ်ကို လုံခြုံရေးအာမခံချက်ပေးသည့် စာချုပ်ကို ပြီးခဲ့သည့် သီတင်းပတ်တွင် သမ္မတ ဗလာဒီမာပူတင်နှင့် လက်မှတ်ရေးထိုးခဲ့ပြီးနောက် လူကာရှန်ကိုက ယင်းသို့ ပြောဆိုလာခြင်းဖြစ်သည်။ ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ အနောက်နိုင်ငံများနှင့် တင်းမားမှုမြင့်တက်နေစဉ် ပထမဆုံးအကြိမ်အဖြစ် ဘီလာရုစ်ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071