Home News Local News ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့သယ်ဆောင်မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း(၂)တန်ခန့်ကို ရွာငံ၌ဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့သယ်ဆောင်မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း(၂)တန်ခန့်ကို ရွာငံ၌ဖမ်းမိ

0
112

ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့သယ်ဆောင်မည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း(၂)တန်ခန့်ကို ဒီဇင် ဘာ ၃ ရက်ညနေ ၅ နာရီက ရွာငံမြို့နယ်တွင် ဖမ်း ဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် သိန်းထိုက်အောင် မောင်းလာသည့် ISUZU ၁၂ ဘီးကားနှင့် ကျော်ဝင်း မောင်းလာသည့် FUSO ၁၂ ဘီးကားတို့ကို သတင်းအရရှာဖွေစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ကားနှစ်စီးပေါ်ရှိ နွားချေးမြေ ဩဇာများဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း(၂)တန်ခန့်ကို ဖမ်း ဆီးရမိခဲ့၍ စစ်ဆေးချက်အရ ကဖင်းများ တရား မဝင်သယ်ဆောင်ရောင်းဝယ်ရာတွင်ပါဝင်သော နေအောင်၊ ကဖင်းများအား မန္တလေးမှ ရှမ်းပြည် နယ်(မြောက်ပိုင်း)သို့သယ်ဆောင်ခိုင်းသူ အိုက်စိုးပေါက်(ခ) စိုင်းထွန်းထွန်းနှင့် ရင်အောင်သူ၊ ပူး ပေါင်းပါဝင်သူများဖြစ်သည့် အောင်စိုးလင်း(ခ) အောင်အောင်၊ စိုင်းသီဟငယ်(ခ)သီဟ(ခ)မောက်ဆိုင်၊ မန္တလေးမှ ကဖင်းအိတ်များသယ်ဆောင်ခဲ့သူ စိုင်းနေမင်းထွန်း၊ မန္တလေးမြို့၌ ကဖင်းအိတ်များသိုလှောင်ပေးခဲ့သော ဂိုဒေါင်ပိုင်ရှင် ချစ်စိန်တို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးချက်များအရ ထိန်းချုပ်ဓာ တုပစ္စည်း ကဖင်းများကို မူဆယ်မြို့၊ စွမ်စော်ရပ် ကွက်နေ ယုံကော ၏အစီအမံဖြင့် မန္တလေးတိုင်းမှတစ်ဆင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့ သယ် ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများနှင့်အတူ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစ ခန်းအသီးသီး၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအ ရအမှုဖွင့်ထားကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here