Home News Local News မြန်မာ့စီးပွါးရေး လာမည့်နှစ်တွင် အနုတ် ထပ်ကျမည်ဟု ကမ္ဘာ့ဘဏ်ဆို

မြန်မာ့စီးပွါးရေး လာမည့်နှစ်တွင် အနုတ် ထပ်ကျမည်ဟု ကမ္ဘာ့ဘဏ်ဆို

0
67

လာမယ့်ဘဏ္ဍာနှစ်ကုန် ၂၀၂၅ မတ်လအထိ မြန်မာ့စီးပွါးရေးခန့်မှန်းချက်သည် အနုတ် ၁ ရာခိုင်နှုန်း အထိဖြစ်သွားနိုင်ကြောင်း ဒီဇင်ဘာ ၁၁ရက်တွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် မြန်မာ့စီးပွါးရေးတိုးတက်မှုသည် ဆက်လက်နှေးကွေးနေပြီး မြန်မာ့စီးပွါးရေးသည် ယခင်ကထက် ကျဆင်းသွားသည့် အခြအနေတွင် ရှိနေကြောင်း ပြောသည်။

ကုန်ကြမ်းပြတ်လပ်မှု၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် ပြည်တွင်းဝယ်လိုအားနည်းမှုတို့ကြောင့် စိုက်ပျိုးရေး၊ ကုန်စည်ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှု ကဏ္ဍအသီးသီးတွင် တိုးတက်မှုမရှိဘဲ ဆက်လက်ကျဆင်းနေမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်
ကျ‌ရောက်မှု အပါအဝင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံတွင်းပဋိပက္ခအခြေအနေများကြောင့်လည်း စီးပွားရေးမျှော်မှန်းချက်မှာ အားရစရာမရှိကြောင်းလည်း ကမ္ဘာ့ဘဏ်က ထူတ်ပြန်
ချက်တွင် ပြောထားသည်။

ယင်းအခြေအနေများ၌ ထိခိုက်လွယ်မှုအရှိဆုံးဖြစ်သည့် ပြည်သူများ၏ ဘဝများ ပြန်လည် ထူထောင်ရေး အရေးတကြီးလျင်လျင်မြန်မြန် ပံ့ပိုးဆောင်ရွက်ပေးရမည်ဟုလည်း ကမ္ဘာဘဏ်၏ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး မာလင်ဒါဂွတ်က ပြောထားသည်။

ထို့အပြင် ပြည်ပထွက် ရွှေပြောင်းအလုပ်လုပ်ကိုင်ခြင်းသည် အရေးပါသည့် နည်းလမ်းတစ်ခု ဖြစ်လာကာ မြန်မာနိုင်ငံရှိ အိမ်ထောင်စုများ၏ ၇ဒဿမ၅ ရာခိုင်နှုန်းအတွက် အဓိကဝင်ငွေဖြစ်လာသည်ဟုလည်း ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဖော်ပြထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here