Thursday, December 12, 2024

ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ရန် ထရမ့်ပ်က ရှီကို...

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်သည် နောက်လတွင်ပြုလုပ်မည့် သူ၏ သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနားကို တက်ရောက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဖိတ်ကြားခဲ့သည်ဟု သတင်းရင်းမြစ်များစွာကို ကိုးကား၍ စီဘီအက်စ်သတင်းဌာနက...

မြန်မာ-တရုတ် ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ကူးလူးဖလှယ်ဆွေးနွေး

မြန်မာ-တရုတ် ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ကူးလူးဖလှယ်ဆွေးနွေးပွဲကို ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူး Mr....

ဦးဆောင်ဂိုးဖြင့် အဖွင့်လှခဲ့သော်လည်း မြန်မာ –...

ယနေ့ ဒီဇင်ဘာ (၁၂)ရက်တွင် ဖိလစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ဖိလစ်ပိုင်-မြန်မာ အာဆီယံမစ်ဆူဘီရှီဖလား ပွဲစဉ်တွင် မောင်မောင်လွင်၏ ဦးဆောင်ဂိုးဖြင့် မြန်မာအသင်းက ပထမပိုင်းပွဲချိန်အတွင်း အသာစီးကစားခဲ့ရသော်လည်း...

ဒီဇင်ဘာလအတွင်း ၃ ရက်ခန့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့်...

ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ၃ ရက်ခန့် မိုး သည်းထန်စွာရွာသွန်းခဲ့မှုကြောင့် သာစည်-ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်း၌ ရေတိုက်စား၍ ပျက်စီးမှုနှင့်မြေပြိ-ုကျမှုအချို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းပြီး...
HomeNewsFootballဖိလစ်ပိုင်-မြန်မာ ပွဲစဉ်အတွင်း မြန်မာအသင်းခေါင်းဆောင်...

ဖိလစ်ပိုင်-မြန်မာ ပွဲစဉ်အတွင်း မြန်မာအသင်းခေါင်းဆောင် အပြောင်းအလဲဖြစ်ဖွယ်ရှိနေ

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ(၅)နာရီတွင် ယှဉ်ပြိုင်ကစားကြမည့် အာဆီယံမစ်ဆူဘီရှီဖလား အုပ်စုအဆင့် ဒုတိယပွဲဖြစ်စဉ်၌ မြန်မာအသင်းခေါင်းဆောင် အပြောင်းအလဲဖြစ်ဖွယ်ရှိနေသည်ဟု သိရသော်လည်း အတည်ပြုနေဆဲဖြစ်သည်။

ဖိလစ်ပိုင်-မြန်မာ ပွဲစဉ်အတွက် ယမန်နေ့ ဒီဇင်ဘာ (၁၁)ရက်ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းနှင့် ကွင်းလယ်ကစားသမား လွင်မိုးအောင်တို့ တက်ရောက်ပြောကြားခဲ့ပြီး အသင်းခေါင်းဆောင် မောင်မောင်လွင် တက်ရောက်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။

မြန်မာအသင်းခေါင်းဆောင် မောင်မောင်လွင်အနေဖြင့် အင်ဒိုနီးရှားနှင့် ကစားသည့် ပွဲစဉ်အပြီး ပရိတ်သတ်အားရိုင်းစိုင်းစွာပြုမှု ဆက်ဆံခဲ့သည့်အပေါ်မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က အရေးယူပေးမည်ဟု ကွင်းအတွင်း ပရိသတ်တွေကို အသိပေးတောင်းပန်ခဲ့ရသေးသည်။

ယနေ့ပွဲစဉ်အတွင်း မြန်မာအသင်းအနေဖြင့် ဖိလစ်ပိုင်အသင်းအား အနိုင်ကစားရန် အရေးကြီးပြီး ရှုံးနိမ့်ခဲ့မည်ဆိုပါက အုပ်စုအဆင့်ကနေ ထွက်ရန် ရာခိုင်နှုန်းများနေသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ရန် ထရမ့်ပ်က ရှီကို ဖိတ်ကြား

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်သည် နောက်လတွင်ပြုလုပ်မည့် သူ၏ သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနားကို တက်ရောက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဖိတ်ကြားခဲ့သည်ဟု သတင်းရင်းမြစ်များစွာကို ကိုးကား၍ စီဘီအက်စ်သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။ နိုဝင်ဘာ ၅ ရက် သမ္မတရွေးကောက်ပွဲအပြီး သိပ်မကြာခင် နိုဝင်ဘာလအစောပိုင်းကပင် ဇန်နဝါရီ ၂၀ ရက်တွင် ဝါရှင်တန်၌ ပြုလုပ်မည့် ကျမ်းသစ္စာဆိုပွဲတက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်းနှင့် ဖိတ်ကြားချက်ကို လက်ခံခဲ့သလားဆိုသည်ကိုမူ ရှင်းလင်းစွာမသိရကြောင်း စီဘီအက်စ်က ဆိုခဲ့သည်။ ယင်းသတင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ဝါရှင်တန်ရှိ တရုတ်သံရုံးကို တောင်းဆိုခဲ့သော်လည်း လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း...

မြန်မာ-တရုတ် ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ကူးလူးဖလှယ်ဆွေးနွေး

မြန်မာ-တရုတ် ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ကူးလူးဖလှယ်ဆွေးနွေးပွဲကို ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူး Mr. Li Qianguo နှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ ၎င်းတို့မှ တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်၊တရုတ်ပြည်သူများ၏ ရိုးရာနှစ်သစ်ကူးပွဲတော်ဂုဏ်ပြုကျင်းပသည့် လူမှုလှုပ်ရှားမှုများ၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်အား ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် လူသားတစ်ရပ်လုံးအတူမျှဝေသော ယဉ် ကျေးမှုအမွေအနှစ်အနေဖြင့် အဆိုပါရိုးရာပွဲတော်နှစ်ခုကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အောင်မြင်စွာထည့်သွင်းနိုင်ခဲ့၍ နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့်အာရုံစိုက်ခြင်းခံခဲ့ရခြင်းတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့အတူ ယင်း အောင်မြင်မှုအတွေ့အကြုံများကိုပေါင်းစပ်၍...

ဦးဆောင်ဂိုးဖြင့် အဖွင့်လှခဲ့သော်လည်း မြန်မာ – ဖိလစ်ပိုင် ပွဲစဉ် သရေရလဒ်သာ ထွက်ပေါ်

ယနေ့ ဒီဇင်ဘာ (၁၂)ရက်တွင် ဖိလစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ဖိလစ်ပိုင်-မြန်မာ အာဆီယံမစ်ဆူဘီရှီဖလား ပွဲစဉ်တွင် မောင်မောင်လွင်၏ ဦးဆောင်ဂိုးဖြင့် မြန်မာအသင်းက ပထမပိုင်းပွဲချိန်အတွင်း အသာစီးကစားခဲ့ရသော်လည်း ဒုတိယပိုင်းပွဲပြီးခါနီးတွင် ခြေပဂိုးပေးရပြီး သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ မြန်မာအသင်းအနေဖြင့် ပထမပိုင်းပွဲစဉ် (၂၅) မိနစ်အချိန်၌ ပင် မောင်မောင်လွင်၏ ဖရီးကစ်ဖြင့် အဖွင့်ဂိုး ရရှိခဲ့ပြီး ဒုတိယပိုင်း ပွဲချိန် မိနစ် (၆၀) ကျော်တွင် ရဲရင့်အောင်၏ သွင်းဂိုးကို ကွင်းလယ်ဒိုင်က လူကျွံဘောသတ်မှတ်ခဲ့သည့်အတွက် အနိုင်ဂိုး (၁) ဂိုး နစ်နာခဲ့ရသည်။ ထို့နောက် ဒုတိယပိုင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071