ကျင်းပနေသည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရှမ်းပြည်နယ်မှ ကစားသမား နိုင်လင်းထွန်းသည် ပြီးခဲ့သည့် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲက ရွှေတံဆိပ်ရခဲ့သည့် စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။
အသက်(၂၁)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ၏ ပထမနေ့တွင် နိုင်လင်းထွန်း က (၃၂)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ရွှေတံဆိပ်စံချိန် (၁:၄၀.၄၂) ထက်သာလွန်ကောင်းမွန်ပြီး (၁:၃၆.၁၀)စံ ချိန် ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် Essential Naypyitaw Auto Co.,Ltd နှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ညှိနှိုင်းသဘောတူညီမှု ရယူ၍ မြန်မာကျပ်ငွေ ကာလပေါက်ဈေး (၄၃၈၀၀၀၀) တန်ဖိုးရှိ သော Homa – 2024 Model (Auto Click) ဆိုင်ကယ်အား ဂုဏ်ယူစွာ ချီးမြှင့်ဂုဏ်ပြုခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် ယခုကျင်းပလျက်ရှိသည့် ကျန်ပြိုင်ပွဲများတွင်လည်း (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ရွှေစံချိန်ထက်သာလွန်ကောင်းမွန်သော စံချိန်များ ဆွတ်ခူးရရှိခဲ့ပါက အခြားအလားတူဆိုင်ကယ်အား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ဂုဏ်ပြု ချီးမြှင့်သွားမည်ဖြစ်သည်ဟု သိရသည်။