မြန်မာ-တရုတ် ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ကူးလူးဖလှယ်ဆွေးနွေးပွဲကို ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူး Mr. Li Qianguo နှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ပါမောက္ခချုပ် ဒေါက်တာကေသီထွေးနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
၎င်းတို့မှ တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်၊တရုတ်ပြည်သူများ၏ ရိုးရာနှစ်သစ်ကူးပွဲတော်ဂုဏ်ပြုကျင်းပသည့် လူမှုလှုပ်ရှားမှုများ၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်အား ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် လူသားတစ်ရပ်လုံးအတူမျှဝေသော ယဉ် ကျေးမှုအမွေအနှစ်အနေဖြင့် အဆိုပါရိုးရာပွဲတော်နှစ်ခုကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အောင်မြင်စွာထည့်သွင်းနိုင်ခဲ့၍ နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့်အာရုံစိုက်ခြင်းခံခဲ့ရခြင်းတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ယင်း အောင်မြင်မှုအတွေ့အကြုံများကိုပေါင်းစပ်၍ နှစ်နိုင်ငံဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ၏ ထူးခြားမှု၊ ထိန်းသိမ်းကာကွယ်အသုံးပြုမှုနှင့် တရုတ်-မြန်မာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်ဆိုင်ရာပူးပေါင်းဆောက်ရွက်မှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။