Friday, December 27, 2024

ပြည်သူချင်းချစ်ကြည်ရင်းနှီးမှုမြှင့်တင်ဖို့ တရုတ်နှင့်ဂျပန်သဘောတူခဲ့ကြ

ပေကျင်း၊ဒီဇင်ဘာ ၂၆ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တကဲရှိအီဝယတို့သည် ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံပြည်သူများအကြားချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟုသိရသည်။ တရုတ်နှင့်ဂျပန်ဆက်ဆံရေးကောင်းမွန်ခြင်းသည် သက်ဆိုင်ရာနှစ်နိုင်ငံအကျိုးအတွက်သာမကဘဲ ၎င်းတို့၏ဆက်ဆံရေးက တည်ငြိမ်မှသာ အာရှလည်းပိုမိုတည်ငြိမ်လာမည်ဖြစ်ကြောင်း...

ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို...

နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ကယားပြည်နယ်ပြည်သူ့ပါတီ (Ky SPP)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ဒီဇင်ဘာ (၂၆)...

အလောင်းအစားဖြင့် အရက်စိန်ခေါ်သောက်သည့် ထိုင်းလူငယ် သေဆုံး

ဆိုရှယ်မီဒီယာတွင် လူသိများသော ထိုင်းလူငယ်တစ်ဦးသည် ဘတ် ၃၀,၀၀၀ အလောင်းအစားကြေးခေါ်မှုအတွက် ၃၅၀ မီလီလီတာ ဝီစကီပုလင်းကို တကြိုက်တည်းသောက်ခဲ့ပြီးနောက် မကြာမီတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ပန်းကုံးများရောင်းချ၍...

စမ်းချောင်း ဟုမ်းလမ်းဘူတာရပ်ကျေးအုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအ တွင်း...

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်...
HomeNewsLocal Newsအာဆီယံကော်မတီ (အော်တာဝါ) ၏...

အာဆီယံကော်မတီ (အော်တာဝါ) ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား ထိုင်းသံအမတ်ကြီး ဆက်လက်တာဝန်ယူမည်

အာဆီယံကော်မတီ (အော်တာဝါ)၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား ဖိလစ်ပိုင်သံအမတ်ကြီးမှ ထိုင်းသံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်သံ အမတ်ကြီး Maria Andrelita S. Austria ဦးဆောင်၍ ဒီဇင်ဘာ (၁၂) ရက်တွင် အော်တာဝါမြို့ရှိ Fairmont Chate au Laurier Hotel ၌ ကျင်းပခဲ့သည်။

အဆိုပါ အာဆီယံကော်မတီ (အော်တာဝါ) သံရုံးအကြီးအကဲများ၏ (၂၈၈) ကြိမ်မြောက် အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းသည့် အခမ်းအနားသို့ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းလည်း တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အာဆီယံသံရုံးအကြီးအကဲများက အော်တာဝါမြို့သို့ ပြောင်းရွှေ့ ရောက်ရှိလာသည့် မလေးရှားသံ အမတ်ကြီးအသစ်ဖြစ်သူ Dr. Shazelina Zainul Abidin အား ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကနေဒါကုန်သွယ်ရေးအဖွဲ့၏ အင်ဒိုနီးရှားနိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံခရီးစဉ် အပါအဝင် အာဆီယံ-ကနေဒါမဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးခဲ့ပြီးနောက် ဖိလစ်ပိုင်သံအမတ်ကြီးက အာဆီယံကော်မတီ (အော်တာဝါ) ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ထိုင်းသံအမတ်ကြီး Kallayana Vipattipumiprates ထံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။

၎င်းအစည်းအဝေးအပြီးတွင် အာဆီယံသံရုံးအကြီးအကဲများနှင့် အာရှ-ပစိဖိတ် ဖောင်ဒေးရှင်း(ကနေဒါ) ဒုတိယဥက္က ဋ္ဌ Ms. Vina Nadjibulla တို့၏ အလုပ်သဘော နေ့လယ်စာစားပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူချင်းချစ်ကြည်ရင်းနှီးမှုမြှင့်တင်ဖို့ တရုတ်နှင့်ဂျပန်သဘောတူခဲ့ကြ

ပေကျင်း၊ဒီဇင်ဘာ ၂၆ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တကဲရှိအီဝယတို့သည် ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံပြည်သူများအကြားချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟုသိရသည်။ တရုတ်နှင့်ဂျပန်ဆက်ဆံရေးကောင်းမွန်ခြင်းသည် သက်ဆိုင်ရာနှစ်နိုင်ငံအကျိုးအတွက်သာမကဘဲ ၎င်းတို့၏ဆက်ဆံရေးက တည်ငြိမ်မှသာ အာရှလည်းပိုမိုတည်ငြိမ်လာမည်ဖြစ်ကြောင်း ဝမ်ယိကဆိုခဲ့သည်။ ဂျပန်အနေဖြင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့်ဆက်ဆံရေး၏ မှန်ကန်သောလမ်းကြောင်းကို ထိန်းသိမ်းရန်ဆန္ဒရှိလိမ့်မည်မျှော်လင့်ကာ နှစ်နိုင်ငံဆက်ဆံရေးသည် မိတ်ဖက်ဆက်ဆံရေးသာဖြစ်သင့်ပြီး ရန်ဘက်ဆက်ဆံရေးမျိုးမဖြစ်စေလိုကြောင်းလည်းဝမ်ကပြောကြားခဲ့သည်။ ယင်းနောက် ဝမ်က တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍လည်း အပြုသဘောဆောင်သောအမြင်မျိုးဖြင့် ဂျပန်ကကြည့်မြင်ပေးသင့်ပြီး ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုအားကောင်းစေကာမိတ်ဖက်ဆက်ဆံရေးအတွက် လူထုထောက်ခံမှုခိုင်မာစေပြီး အငြင်းပွားမှုများနှင့်ကွဲလွဲမှုများကို စနစ်တကျကိုင်တွယ်သင့်သည်ဟုလည်း ဝမ်က ထပ်လောင်းပြောကြားခဲ့သည်။ Source : ရှင်းဟွာ

ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို ခွင့်ပြု

နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ကယားပြည်နယ်ပြည်သူ့ပါတီ (Ky SPP)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ဒီဇင်ဘာ (၂၆) ရက်တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။ နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့် အဖွဲ့ (၁၈) ဖွဲ့ရှိပြီး ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ပါတီတည်ထောင်ခွင့်ရရှိသော ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP)သည် ခွင့်ပြုချက်ရရှိသည့် နေ့မှစ၍...

အလောင်းအစားဖြင့် အရက်စိန်ခေါ်သောက်သည့် ထိုင်းလူငယ် သေဆုံး

ဆိုရှယ်မီဒီယာတွင် လူသိများသော ထိုင်းလူငယ်တစ်ဦးသည် ဘတ် ၃၀,၀၀၀ အလောင်းအစားကြေးခေါ်မှုအတွက် ၃၅၀ မီလီလီတာ ဝီစကီပုလင်းကို တကြိုက်တည်းသောက်ခဲ့ပြီးနောက် မကြာမီတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ပန်းကုံးများရောင်းချ၍ အသက်မွေးဝမ်းကျောင်းပြုသော အဆိုပါလူငယ်သည် ရက်ပ်သီချင်းများဆိုကာ ဖောက်သည်များကို ဆွဲဆောင်လေ့ရှိသူဖြစ်သည်။ သူသည် ငွေကြေးအတွက် အရက်ကို တကြိုက်တည်း အမြန်သောက်ပြသည့် အလောင်းအစားဗီဒီယိုများစွာတွင် ပါဝင်ခဲ့သည်။ ပါတီပွဲတစ်ခုတွင် အားပေးအားမြှောက်လုပ်နေသည့် လူအုပ်ကြား၌ ထာနာကမ်က ဝီစကီပုလင်းသေးတစ်လုံးကို အမြန်မော့သောက်ပြနေသည့် ဗီဒီယိုဖိုင်သည် အင်တာနက်တွင် ပျံ့နှံ့ခဲ့သည်။ ပါတီပွဲတက်သူအချို့က မိုဘိုင်းလ်ဖုန်းများဖြင့် သူ့ကို ဗီဒီယိုရိုက်နေခဲ့ကြသည်။ အလောင်းအစားဖြင့် အရက်သောက်ပြခဲ့ပြီးနောက် ထာနာကမ်သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071