Saturday, December 14, 2024

ယူကရိန်းကိစ္စ နိုင်ငံရေးအရဖြေရှင်းရန်အခြေအနေအတွက်ကြိုးပမ်း–ရှီ

အန်ကာရာ၊ဒီဇင်ဘာ ၁၃ တရုတ်သမ္မတရှီကျင့်ဖျင်က ၎င်းတို့အနေဖြင့် ရုရှား - ယူကရိန်းအရေးအတွက် နိုင်ငံရေးနည်းအရဖြေရှင်းရန်အ‌ေခြအ‌ေနအတွက်ကြိုးပမ်းမည်ဖြစ်‌ကြောင်း ပြောကြားခဲ့သည်ဟုသိရသည်။ ပေကျင်းရှိ အာဏာရ ယူနိုက်တက်ရုရှားပါတီ ဥက္ကဌလည်းဖြစ်သည့် ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗီဒက်နှင့်တွေ့ဆုံစဉ်...

၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲအတွက် ပဏာမကစားသမားများစာရင်းထုတ်ပြန်

မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းသည် လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၅ အာရှဖလား...

ဘားအံမြို့ရှိ ကျောက်ကလပ်စေတီတော်ပရဝုဏ်အား ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေအဖြစ်သတ်မှတ်

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အထင်ကရစေတီတော်တစ်ဆူဖြစ်သော ကျောက်ကလပ်စေတီတော်ပရဝုဏ်အား ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေအဖြစ် ယနေ့ ဒီဇင်ဘာ ၁၃ ရက်နံနက်ပိုင်းမှစတင်ကာသတ်မှတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ သတ်မှတ်ရာ၌ "ဆေးလိပ်ငွေ့ကင်းစင်ကျောက်ကလပ်စေတီတော်ပရဝုဏ်တခွင်"ဆိုင်းဘုတ်အား ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက...

နေပြည်တော်၊ ရန်ကုန် အပါအဝင် တိုင်းနှင့်...

နောက် (၂)ရက်အတွင်း နေပြည်တော်၊ ရန်ကုန် အပါအဝင် တိုင်းနှင့် ပြည်နယ် (၉)ခုတွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်သေးကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏...
HomeNewsLocal Newsလူသားချင်းစာနာမှု အကျပ်အတည်းတိုးမြင့်လာမည့် နိုင်ငံ(၅)...

လူသားချင်းစာနာမှု အကျပ်အတည်းတိုးမြင့်လာမည့် နိုင်ငံ(၅) နိုင်ငံတွင် မြန်မာပါဝင်လာ

လူသားချင်းစာနာမှု အကျပ်အတည်း တိုးမြင့်လာမည့် နိုင်ငံ(၅)နိုင်ငံတွင် မြန်မာပါဝင်လာသည်ဟု နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (IRC)က အသိပေးထုတ်ပြန်ထားသည်။ 

အဆိုပါ (၅)နိုင်ငံမှာ ပထမ‌နေရာတွင် ဆူဒန်၊ ဒုတိယနေရာတွင် ပါလက်စတိုင်း၊တတိယနေရာတွင်မြန်မာ၊ စတုတ္ထနေရာတွင် ဆီးရီးယား နှင့် ပဉ္စနေရာတွင် တောင် ဆူဒန် တို့ဖြစ်ကြကြောင်း သိရသည်။

ယင်းအနက် မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း လူသားချင်းစာနာမှုအကျပ်အတည်း တိုးမြှင့်လာမည်ဖြစ်သည်ဟု IRC ၏ အသိပေးချက်တွင်ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လူပေါင်း (၉) သိန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး၊ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ထက် (၃၇) ရာခိုင်နှုန်း တိုးလာကြောင်း IRC က အသိပေးဖော်ပြချက်အရ သိရသည်။

“စောင့်ကြည့်စာရင်းဝင် နိုင်ငံတွေဟာ ပုံမှန်အတိုင်းဆို စီးပွားရေးလမ်းကြောင်းက ပြောင်းပြန်လှန်နိုင်မှာ မဟုတ်ဘူး။ လက်ရှိအနေအထားကို မကြည့်ဘူးဆိုရင် အရပ်သားပြည်သူတွေဟာ ကြီးထွားနေတဲ့ ပြဿနာနဲ့ အဆိုးရွားဆုံး သက်ရောက်မှုတွေကို ဆက်လက်ခံစားရနိုင်တယ်” ဟု IRC ဥက္ကဌနှင့် CEO ဖြစ်သူ David Miliband က ပြောကြားထားသည်။ 

လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများမှုကို ဖြေရှင်းရန် လူသားချင်းစာနာမှု အကူအညီပေးရေး စနစ်ကို ပြုပြင်ပြီး စီးပွားရေးတည်ငြိမ်မှုကို မြှင့်တင်ရန်လိုအပ်ကြောင်း IRC ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ယင်းအပြင် ဗီတိုအာဏာသုံးမှုကို ဆိုင်းငံ့ထားရန်၊ အရပ်သားများအား အကာအကွယ်ပေးရန်၊ ဒုက္ခသည်များ အတွက် ဘေးကင်းသော လမ်းကြောင်းများနှင့် အကူအညီများ ချဲ့ထွင်ပေးရန်လိုအပ်ကြောင်း ဆိုသည်။ 

ကမ္ဘာတစ်ဝှမ်းတွင် လူပေါင်း (၃၀၅ )သန်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေပြီး စောင့်ကြည့်စာရင်းဝင်နိုင်ငံများ၏ အကျပ်အတည်းကြောင့် ကမ္ဘာ့နေရပ်စွန့်ခွာသူ (၇၇) ရာခိုင်နှုန်းရှိကြောင်း IRC ၏ ထုတ်ပြန်ချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူကရိန်းကိစ္စ နိုင်ငံရေးအရဖြေရှင်းရန်အခြေအနေအတွက်ကြိုးပမ်း–ရှီ

အန်ကာရာ၊ဒီဇင်ဘာ ၁၃ တရုတ်သမ္မတရှီကျင့်ဖျင်က ၎င်းတို့အနေဖြင့် ရုရှား - ယူကရိန်းအရေးအတွက် နိုင်ငံရေးနည်းအရဖြေရှင်းရန်အ‌ေခြအ‌ေနအတွက်ကြိုးပမ်းမည်ဖြစ်‌ကြောင်း ပြောကြားခဲ့သည်ဟုသိရသည်။ ပေကျင်းရှိ အာဏာရ ယူနိုက်တက်ရုရှားပါတီ ဥက္ကဌလည်းဖြစ်သည့် ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗီဒက်နှင့်တွေ့ဆုံစဉ် ရှီက ယခု ကဲ့သို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV သတင်းဌာနကဖော်ပြခဲ့သည်။ ရှီက ရုရှားနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည်ဟုကတိပြုခဲ့ပြီး ယူကရိန်းစစ်ပွဲနှင့်ပတ်သက်သည့် ပေကျင်း၏ရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့သည်ဟုလည်းသိရသည်။ တရုတ်နိုင်ငံအနေဖြင့် မူဝါဒသုံးရပ်ကို လိုက်နာမည်ဖြစ်ပြီး ၎င်းတို့မှာ စစ်မြေပြင်များချဲ့ထွင်ခြင်းမပြုရန်၊ ရန်လိုမှုများကိုအရှိန်မမြှင့်ရန်နှင့် မီးလောင်ရာလေပင့် လုပ်ရပ်မျိုး မလုပ်ရန် တို့ ဖြစ်သည်ဟုလည်းထပ်လောင်းပြောကြားခဲ့သည်။ မော်စကိုနှင့်တရုတ်တို့သည်လည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ၌ ပိုမိုနီးကပ်စွာဆောင်ရွက်သင့်ပြီး နှစ်ဖက်ပြည်သူများ၏အကျိုးစီးပွားအတွက်...

၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲအတွက် ပဏာမကစားသမားများစာရင်းထုတ်ပြန်

မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းသည် လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်ရန် ပဏာမကစားသမားများစာရင်းကိုထုတ်ပြန်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်း ၏ နည်းပြချုပ် Mr. Bunlert Charoenwong မှ ပဏာမကစားသမား(၁၉)ဦးပါဝင်သည့် စာရင်းကိုအသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ သုဝဏ္ဏဘောလုံးကွင်း၌ စခန်းသွင်းလေ့ကျင့်မှုများ၊ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမှုများပြုလုပ်သွားမည်ဖြစ်သည်။ ပဏာမမြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းအား YRG FC , DIVINE FC , Pacific Sun Far...

ဘားအံမြို့ရှိ ကျောက်ကလပ်စေတီတော်ပရဝုဏ်အား ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေအဖြစ်သတ်မှတ်

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အထင်ကရစေတီတော်တစ်ဆူဖြစ်သော ကျောက်ကလပ်စေတီတော်ပရဝုဏ်အား ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေအဖြစ် ယနေ့ ဒီဇင်ဘာ ၁၃ ရက်နံနက်ပိုင်းမှစတင်ကာသတ်မှတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ သတ်မှတ်ရာ၌ "ဆေးလိပ်ငွေ့ကင်းစင်ကျောက်ကလပ်စေတီတော်ပရဝုဏ်တခွင်"ဆိုင်းဘုတ်အား ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်မှ ဆေးလိပ်ငွေ့ကင်းစင်ဘားအံတစ်ခွင်မှသည် ဆေးလိပ်ငွေ့ကင်းစင် ကရင်ပြည်နယ်တစ်ခွင်ဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေသတ်မှတ်ခြင်းဖြင့် ကျန်းမာသောနေထိုင်မှုဘဝကိုရရှိသည့် အပြင် ပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးစေသည့် အန္တရာယ်ဖြစ်စေသောဓာတုပစ္စည်းများ၊ အဆိပ်အတောက်များဘေးမှ ကာကွယ်ခြင်းဖြင့် လာရောက်လည်ပတ်သောခရီးသွားများတိုးပွားလာပြီး စီးပွားရေးတိုးတက်လာခြင်းအကျိုးကျေးဇူးများကိုရရှိခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071