မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ပြီးခဲ့သည့်နှစ်ထက် လျော့ကျလာခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှုခင်းဆိုင်ရာရုံး(UNODC)၏ အစီရင်ခံစာ ဖော်ပြချက်အရ သိရသည်။
ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်၌ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းအများဆုံး ထုတ်လုပ်သည့်နိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး ဘိန်းဖြူနှင့် မူးယစ်ဆေးဝါး တန်ချိန် (၁၀၈၀) ထုတ်လုပ်ခဲ့ကြောင်း ဖော်ပြသည်။
သိူ့သော် ယခုနှစ်တွင် ဘိန်းဖြူထုတ်လုပ်မှု လျော့ကျလာခဲ့ပြီး ဘိန်းဖြူတန်ချိန် (၉၉၅) တန်သာ ထုတ်လုပ်ခဲ့ကြောင်း အစီရင်ခံစာတွငိလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကို ရှမ်းပြည်နယ်ရှိ နေရာအများအပြားမှာ စိုက်ပျိုး ထုတ်လုပ်ခြင်းဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။