Saturday, December 14, 2024

မြဝတီမြို့ သာယာလှပရေးနှင့် လုံခြုံမှုရှိစေရေးအတွက် Solar...

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ သာယာလှပရေးနှင့် လုံခြုံမှုရှိစေရေးအတွက် Solar မီးများအပါအဝင် CCTV တပ်ဆင်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အလားတူ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည်နှင့်အညီ နိုင်ငံ...

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးစဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်ရန် စီးပွားရေးပညာရှင်များသည်...

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးစဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်ရန် စီးပွားရေးပညာရှင်များသည် အဓိကအခန်းကဏ္ဍမှပါဝင်ကြောင်း နစက ဥက္က ဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်စီး ပွားရေးတက္ကသိုလ်နှစ်(၆၀)ပြည့်...

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာသည် လာမည့်ကြာသပတေးနေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကာ ထိုင်း ရေလုပ်သားလေးဦးအမြန် ပြန်လွှတ်ပေးရေးအတွက် မြန်မာ အရာရှိနှင့် ဆွေးနွေးမည်ဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ...

ပြည်တွင်း/ပြည်ပမှပြိုင်ပွဲဝင်(၁၄၀၀)ဦးကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် (၆)ကြိမ်မြောက် Bagan Race...

မန္တလေးတိုင်း၊ ညောင်ဦးမြို့ရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၆ နာရီမှစတင်ကာ Resourses Venture International Publication...
HomeNewsLocal Newsဆွမ်းဦးပုညရှင် စေတီလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး...

ဆွမ်းဦးပုညရှင် စေတီလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး အလှူတော်ငွေပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး အလှူတော်ငွေပေးအပ်ပွဲကို ဒီဇင်ဘာလ (၁၂) ရက်၊ နံနက်ပိုင်းက စေတီတော်ကြီးရှိ ပုညရှင်သာသနာ့ဗိမာန်တော်ကြီးတွင်ကျင်းပသည်။

စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းတော် ကပ်လှူပူဇော်နိုင်ရန်အတွက် ငှက်ပျောဖူးတော်မှ ပထမပဉ္စယံအထိ (၉)လက်မပတ်လည် ကြေးပြားအချပ်ရေပေါင်း (၂၂၇၀၀)ချပ်ခန့်နှင့် (၂) လက်မ ပတ်လည်ရွှေဆိုင်း (၆၀၀၀) ကျော် အသုံးပြုကာ ငွေကျပ်သိန်းပေါင်း (၂၀၀၀၀)ကျော်အကုန်အကျခံကာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များကပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်ချီးမြင့်တော်မူကြပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များက စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံ အလှူငွေ (၃၇၈,၀၆၈,၀၀၀)ကျပ်ကို ပေးအပ်လှူဒါန်းကြသည်။

ထို့နောက် သီတဂူဆရာတော်ကြီးထံမှ သြဝါဒကထာ နာယူကြည်ညိုကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ပင့်သံဃာဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ဘသီတဂူဆရာတော်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ဆွမ်း ဦးပုညရှင်စေတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် စေတီတော်ကြီး ပတ်လည်အား လိုက်လံကြည့်ရှုခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြဝတီမြို့ သာယာလှပရေးနှင့် လုံခြုံမှုရှိစေရေးအတွက် Solar မီး နှင့် CCTV များတပ်ဆင်သွားမည်

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ သာယာလှပရေးနှင့် လုံခြုံမှုရှိစေရေးအတွက် Solar မီးများအပါအဝင် CCTV တပ်ဆင်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အလားတူ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည်နှင့်အညီ နိုင်ငံ ၏ ဂုဏ်သိက္ခာမြှင့်တင်ရန်အတွက် တစ်ရက်လျှင် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် နိုင်ငံတော်အလံလွှင့်ထူ၍ နိုင်ငံတော် သီချင်းကို ဖွင့်လှစ်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်များကို ဒီဇင်ဘာ (၁၅)ရက်မှစတင်၍ လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်သွားကြမည်ဖြစ်ပြီး၊ ယာဉ်စည်းကမ်းလမ်း စည်းကမ်းချိုးဖောက်မှုမရှိစေရေးအတွက်လည်း တစ်လတာ ပညာပေးကာလသတ်မှတ်၍ ဒေသခံပြည်သူများအကြား အသိပညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ "ကျွန်တော်တို့မြို့ရွာတွေ မပျက်စီးဖို့နဲ့ တစ်ဘက်ကလည်း ထိုင်းနိုင်ငံရှိနေတော့ ကျွန်တော်တို့...

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးစဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်ရန် စီးပွားရေးပညာရှင်များသည် အဓိကအခန်းကဏ္ဍမှပါဝင်

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးစဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်ရန် စီးပွားရေးပညာရှင်များသည် အဓိကအခန်းကဏ္ဍမှပါဝင်ကြောင်း နစက ဥက္က ဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်စီး ပွားရေးတက္ကသိုလ်နှစ်(၆၀)ပြည့် အထိမ်းအမှတ်အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ စီးပွားရေးပညာရပ်များကို ဖြန့်ဖြူးရာတစ်ခုတည်းသော အသက်မွေးဝမ်းကျောင်းတက္ကသိုလ်အဖြစ်ရပ်တည်ခဲ့သည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ သမိုင်းကြောင်းကိုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ ထို့အတူ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ရည်ရွယ်၍ စီးပွားရေးတက္ကသိုလ်များအား နှစ်အလိုက်တိုးချဲ့ဖွင့်လှစ်ခဲ့မှု၊ ပါရဂူဘွဲ့(Ph.D)ဘွဲ့သင်တန်းများအပါအဝင် နှစ်အလိုက်ဘာသာရပ်သင်တန်းများတိုးချဲ့ဖွင့်လှစ်သင်ကြားပေးနေမှုနှင့် မွေးထုတ်ပေးနိုင်ခဲ့သော သက်ဆိုင်ရာဘာသာရပ်များအလိုက် ဘွဲ့ရဦးရေများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ စီး ပွားရေးပညာတွေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင်ဖြန့်ဖြူးပေးနိုင်ဖို့လိုပါတယ်။...

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာသည် လာမည့်ကြာသပတေးနေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကာ ထိုင်း ရေလုပ်သားလေးဦးအမြန် ပြန်လွှတ်ပေးရေးအတွက် မြန်မာ အရာရှိနှင့် ဆွေးနွေးမည်ဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ထိုင်းနိုင်ငံသားလေးဦး နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်သည် ဆက်လက်ဆောင်ရွက်ဆဲအခြေအနေတွင် ရှိနေသည်ဟု ထိုင်း-မြန်မာ နယ်ခြားကော်မတီ(TBC) ကို ကိုးကား၍ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Thanathip Sawangsaeng က ပြောဆိုခဲ့သည်။ ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာသည် ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာ ဒုတိယဝန်ကြီးချုပ်အပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်လည်း ဆွေးနွေးခဲ့ပြီး ထိုင်းလေးဦး ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071