တိုကျို၊ဒီဇင်ဘာ ၁၄
ဂျပန်နိုင်ငံ၌ လာမည့်ဘဏ္ဍာေရးနှစ်မှစတင်ကာ ခရိုင်တိုင်းတွင် သဘာဝဘေးကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရေးအရာရှိများကို ခန့်အပ်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံအစိုးရအဖွဲ့ရုံး၏ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနကပြောကြားခဲ့သည်။
တာဝန်ရှိသူများအနေဖြင့် ခရိုင်အသီးသီး၌ အရာရှိ ၅၀ ခန့်ကို တာဝန်ပေးအပ်မည့်အစီအစဉ်ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး စေတနာ့ဝန်ထမ်းများနှင့်ပါပူးပေါင်းကာ ပျက်စီးဆုံးရှုံးမှုအကဲဖြတ် ဆန်းစစ်ခြင်းနှင့် ဘေးအန္တရာယ်ကြုံနေရစဉ်ကာလအတွင်း ဘေးကင်းရာသို့ပြောင်းရွှေ့အခြေချနေထိုင်ခြင်းများအတွက်လည်း စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။
အစိုးရအဖွဲ့ရုံးအနေဖြင့် လက်ရှိဝန်ထမ်း ၁၁၀ ဦးကို ထပ်တိုးကာ နှစ်ဆအထိတိုးမြှင့်ရန်စီစဉ်နေပြီး လာမည့်ဘဏ္ဍာရေးနှစ်၌ ဘတ်ဂျက်ငွေကိုပါ တိုးမြှင့်သုံးစွဲရန် ကြိုးပမ်းနေကြောင်း နိုင်ငံပိုင်မီဒီယာဖြစ်သည့် NHK သတင်းဌာနတွင်ဖော်ပြခဲ့သည်။
မကြာသေးမီကာလများအတွင်းကဖြစ်ပွားခဲ့သည့် နိုတိုကျွန်းဆွယ်ငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်များက ဂျပန်နိုင်ငံခရိုင်များအတွင်းရှိ အကန့်သတ်ဖြင့် သာရှိနေသည့် ထောက်ပံ့မှုများနှင့် ယာယီရွှေ့ပြောင်းခိုလှုံရန်နေရာများစီစဉ်ရာ၌ နှောင့်နှေးကြန့်ကြာမှုဖြစ်ရပ်များကို မီးမောင်းထိုးပြနေခဲ့သည်။
Source : ရှင်းဟွာ