ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တ လေးရထားလမ်းပိုင်းတွင် ဒီဇင်ဘာ ၁၃ ရက်ည ၁၁ နာရီ ၄၀ မိနစ်ခန့်က မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားခရီးစဥ်(၆)ခုကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေး ရ ထားလမ်းပိုင်း၏ အစုန်ရထားလမ်းပေါ် တော်ဝိဘူတာနှင့် ပိန်းဇလုပ်ဘူတာကြား ရထားလမ်းမိုင် တိုင်အမှတ် ၉၉/၆ နှင့် ၉၉/၇ ရထားလမ်းပေါ်၌ မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ ရထားသံလမ်း(၂) ချောင်းသည် (၁)ပေခွဲခန့်စီပြတ်တောက်ခဲ့ပြီး ရထားလမ်းအောက်ခံမြေသား(၆)ပေပတ်လည်ခန့် “ကျင်း”ဖြစ်ပေါ်ခဲ့ရာ တော်ဝိနှင့်ပိန်းဇလုပ် ရထားလမ်းပိုင်းအား ဒီဇင်ဘာ ၁၄ ရက်နံနက် ၆ နာ ရီ ၂၀ မိနစ်တွင်ယာယီပိတ်ခဲ့ရကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် အမှတ်(၉၂၃-A)အဆန်ကုန်ရ ထား၊ အမှတ်(၉၉၃)အဆန်ကုန်ရထား၊ အမှတ် (၉၂၃-B)အဆန်ကုန်ရထား၊ မန္တလေး-ရန်ကုန်အ စုန်အထူးလူစီးရထား၊ အမှတ်(၁၁)အဆန်လူစီးအမြန်ရထား၊ အမှတ်(၂)အစုန်စာပို့ရထားတို့ ယာယီရပ်တန့်ခဲ့ရသဖြင့် ကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာ့မီးရထားမှဝန်ထမ်းများက ဒီ ဇင်ဘာ ၁၄ ရက်နံနက် ၆ နာရီခွဲတွင် တော်ဝိ-ပိန်းဇလုပ် အဆန်လမ်းပိုင်းအား ဧကလမ်းစနစ်ကျင့် သုံး၍ ရထားများကိုဖြတ်သန်းခွင့်ပြုခဲ့ပြီး ပျက် စီးသွားသည့် အစုန်ရထားလမ်းနေရာအား ပြန် လည်ပြုပြင်ခဲ့ကြ၍ မွန်းလွဲ ၂ နာရီခွဲတွင် လမ်းပိုင်းအားပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန် အ ထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့်ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခံရမှု(၇၉)ကြိမ်၊ ရထားတံ တား/သံလမ်းများမိုင်းခွဲဖျက်ဆီးခံရမှု(၁၇၄) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များမီးရှို့ဖျက်ဆီးခံရမှု(၁၆)ကြိမ်ရှိခဲ့ကြောင်း သိရသည်။