Sunday, December 15, 2024

တောင်ကိုရီးယား ယာယီသမ္မတက ဘိုင်ဒင်နှင့် ဖုန်းပြော

တောင်ကိုရီးယားနိုင်ငံ ယာယီသမ္မတ ဟန်ဒပ်ခ်ဆိုးသည် တနင်္ဂနွေနေ့တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဖုန်းဆက်သွယ်ပြောဆိုခဲ့သည်ဟု ဟန်၏ရုံးက ထုတ်ပြန်ပြောဆိုသည်။ တောင်ကိုရီးယားနိုင်ငံသည် ၎င်း၏ နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒများကို...

သွင်းကုန်လိုင်စင် လျှောက်ထားမှုများကို စိစစ်ဆောင်ရွက်ပေးနေဟု စီမံ/ဘဏ္ဍာဝန်ကြီးပြော

ပြည်ပမှ တင်သွင်းရန် လုပ်ငန်းရှင်များက လျှောက်ထားရသည့် သွင်းကုန်လိုင်စင် လျှောက်ထားမှုများကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။ ရန်ကုန်မြို့၊အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်သည့် မြန်မာနိုင်ငံကုန်သည်များနှင့်...

ပထမအကြိမ် မြန်မာ-တရုတ်(ချုံချင့်) ယဉ်ကျေးမှု ဖလှယ်ပွဲကျင်းပ

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြူနီစီပယ်မြို့၊ ယွီကျုံးခရိုင်အစိုးရ တို့ပူးပေါင်း၍ ပထမအကြိမ် မြန်မာ-တရုတ်(ချုံချင့်)ယဉ်ကျေးမှု ဖလှယ်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့နှင့်...

MNDAA ၊ TNLA ၊...

MNDAA ၊ TNLA ၊ AA အဖွဲ့များ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်...
HomeNewsLocal Newsအာဆီယံ ကော်မတီ ဝါရှင်တန်...

အာဆီယံ ကော်မတီ ဝါရှင်တန် (ACW)၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်အား စင်ကာပူသံအမတ်ကြီးမှ ဆက်လက်တာဝန်ယူမည်

အာဆီယံကော်မတီဝါရှင်တန် (ACW)၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်အား အမေရိကန်နိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးမှ စင်ကာပူသံအမတ်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အာဆီယံကော်မတီဝါရှင်တန်၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ််သည့် အခမ်းအနားမှ သိရသည်။

ဝါရှင်တန်မြို့အခြေစိုက် အာဆီယံကော်မတီဝါရှင်တန် (ASEAN Committee in Washington, ACW) ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် အမေရိကန်နိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mr. Jose Manuel G. Romualdez က အာဆီယံကော်မတီ ဝါရှင်တန်၏ အလှည့်ကျဥက္ကဋ္ဌ ရာထူးလွှဲပြောင်းသည့် အခမ်းအနား ဒီဇင်ဘာ (၁၂)ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားနှင့်အတူ နှစ်သစ်ကူးအကြို ဧည့်ခံပွဲကို ဖိလစ်ပိုင်သံရုံး၌ ကျင်းပခဲ့ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်းသည် ဝါရှင်တန်မြို့အခြေ စိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီး အကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာတာဝန်ရှိသူများနှင့် အာဆီယံသံရုံးများနှင့် မိတ်ဆွေနိုင်ငံများမှ သံတမန်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖိလစ်ပိုင် သံအမတ်ကြီးက အာဆီယံကော်မတီ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း ဆောင်ရွက်ပြီးစီးမှုများနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသ ည်။

ထို့နောက် အာဆီယံကော်မတီ ဝါရှင်တန်၏ အလှည့်ကျဥက္ကဋ္ဌရာထူးအား ဆက်လက် တာဝန်ယူဆောင်ရွက်မည့် အမေရိကန် နိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး H.E. Mr. Lui Tuck Yew ထံသို့ တာဝန်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်လိုက်ပြီးနောက် စင်ကာပူသံအမတ်ကြီးက ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး နှစ်သစ်ကူးအကြိုဧည့်ခံပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်ကိုရီးယား ယာယီသမ္မတက ဘိုင်ဒင်နှင့် ဖုန်းပြော

တောင်ကိုရီးယားနိုင်ငံ ယာယီသမ္မတ ဟန်ဒပ်ခ်ဆိုးသည် တနင်္ဂနွေနေ့တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဖုန်းဆက်သွယ်ပြောဆိုခဲ့သည်ဟု ဟန်၏ရုံးက ထုတ်ပြန်ပြောဆိုသည်။ တောင်ကိုရီးယားနိုင်ငံသည် ၎င်း၏ နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒများကို အနှောင့်အယှက်မရှိစေဘဲ အကောင်အထည်ဖော်သွားမည်ဖြစ်ကာ တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ပြုမှုကို ဆက်လက်ထိန်းသိမ်း၍ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းသွားမည်ဟု ယာယီသမ္မတဟန်က ပြောဆိုခဲ့သည်။ မငြိမ်သက်မှုများ ကြီးမားနေသည့်အချိန်တွင် စစ်အုပ်ချုပ်ရေးအမိန့်ကိုကြေညာကာ နိုင်ငံရေးမတည်ငြိမ်ဖြစ်အောင် ဖန်တီးသည်ဟု စွပ်စွဲခံခဲ့ရသည့် သမ္မတ ယွန်းဆွတ်ယိုးလ်ကို တောင်ကိုရီးယားလွှတ်တော်က စွပ်စွဲပြစ်တင်မှုလုပ်ခဲ့ပြီးနောက် ယခုဖြစ်ရပ်များပေါ်ပေါက်လာခြင်းဖြစ်သည်။ တောင်ကိုရီးယားကို အမေရိက,က ထောက်ခံကြောင်း သမ္မတဘိုင်ဒင်က ထပ်လောင်းပြောကြားခဲ့ပြီး မိမိတို့၏ ခိုင်မာသော...

သွင်းကုန်လိုင်စင် လျှောက်ထားမှုများကို စိစစ်ဆောင်ရွက်ပေးနေဟု စီမံ/ဘဏ္ဍာဝန်ကြီးပြော

ပြည်ပမှ တင်သွင်းရန် လုပ်ငန်းရှင်များက လျှောက်ထားရသည့် သွင်းကုန်လိုင်စင် လျှောက်ထားမှုများကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။ ရန်ကုန်မြို့၊အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်သည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ (၃၃) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သ ည်။ နိုင်ငံခြားသုံးငွေကြီးကြပ်ရေး၊ ကြီးကြပ်မှုကော်မတီနှင့် ကုန်သွယ်မှုဆိုင်ရာမူဝါဒများ ကုန်သွယ်မှု လျင်မြန်ချောမွေ့ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လုပ်ငန်းရှင်များက လျှောက်ထားရသည့် သွင်းကုန်လိုင်စင် လျှောက်ထားမှုများကို စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ ထို့ပြင် အခြေခံစားသောက်ကုန်စည်ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန်နှင့် ဈေးနှုန်းအဆမတန် မြင့်တက်မှုမရှိစေရေး...

ပထမအကြိမ် မြန်မာ-တရုတ်(ချုံချင့်) ယဉ်ကျေးမှု ဖလှယ်ပွဲကျင်းပ

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြူနီစီပယ်မြို့၊ ယွီကျုံးခရိုင်အစိုးရ တို့ပူးပေါင်း၍ ပထမအကြိမ် မြန်မာ-တရုတ်(ချုံချင့်)ယဉ်ကျေးမှု ဖလှယ်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြူနီစီပယ်မြို့၊ ယွီကျုံးခရိုင်အစိုးရ တို့ပူးပေါင်း၍ “အနုပညာဖြင့် ပေါင်းစည်းဆက်သွယ်- မြန်မာပြည်မှ ချုံချင့်သို့” ခေါင်းစဉ်ဖြင့် ပထမအကြိမ်မြန်မာ-တရုတ် (ချုံချင့်) ယဉ်ကျေးမှုဖလှယ်ပွဲအား ဒီဇင်ဘာ (၁၄) ရက်က ချုံချင့်မြို့ရှိ အနုပညာပြဇာတ်ရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။ ၎င်းအခမ်းအနား၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် ယွီကျုံးခရိုင် ဒုတိယမြို့တော်ဝန် Mr....

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071