Sunday, December 15, 2024

အ.ထ.က (မော်လိုက်) နှစ်(၁၀၀) ရာပြည့်...

အ.ထ.က (မော်လိုက်) နှစ်(၁၀၀) ရာပြည့် ပွဲတော်အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း (မော်လိုက်) ကျောင်းဝင်း၌ ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း ပျော်ပွဲရွှင်ပွဲဖျော်ဖြေရေးပွဲများနှင့်အတူ ဆုပေးပွဲအခမ်းအနားကြီးကို ခမ်းနားထည်ဝါစွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အ.ထ.က...

ထိုင်းရေပိုင်နက်အတွင်း မြန်မာငါးဖမ်းလှေတစ်စီး ဖမ်းဆီးခံရ

ပုဇွန်ချဉ် ၄၀,၀၀၀ ကီလိုဂရမ်တင်ဆောင်လာသော မြန်မာငါးဖမ်းလှေတစ်စီးနှင့် သင်္ဘောသားခြောက်ဦးကို မှောင်ခိုကုန်ကူးမှုဖြင့် ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ နိုင်ငံအတွင်း ရေထွက်ကုန်များ တရားမဝင်တင်သွင်းနေသည့် ရေယာဉ်တစ်စီးကို တွေ့ရှိထားသည်ဆိုသည့်...

စီးပွားရေးတိုးတက်မှုနှုန်းကို ၃ ဒသမ ၈...

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်းရရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က...

တောင်ကိုရီးယား ယာယီသမ္မတက ဘိုင်ဒင်နှင့် ဖုန်းပြော

တောင်ကိုရီးယားနိုင်ငံ ယာယီသမ္မတ ဟန်ဒပ်ခ်ဆိုးသည် တနင်္ဂနွေနေ့တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဖုန်းဆက်သွယ်ပြောဆိုခဲ့သည်ဟု ဟန်၏ရုံးက ထုတ်ပြန်ပြောဆိုသည်။ တောင်ကိုရီးယားနိုင်ငံသည် ၎င်း၏ နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒများကို...
HomeNewsLocal Newsခရီးရှည်အရည်အချင်းစစ် မြင်းစီးအားကစားပြိုင်ပွဲ ပုဂံရှေးဟောင်းယဉ်ကျေးမူနယ်မြေအတွင်း...

ခရီးရှည်အရည်အချင်းစစ် မြင်းစီးအားကစားပြိုင်ပွဲ ပုဂံရှေးဟောင်းယဉ်ကျေးမူနယ်မြေအတွင်း ပြုလုပ်မည်

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က ကျင်းပသည့် ခရီးရှည်အရည်အချင်းစစ် မြင်းစီးအားကစားပြိုင်ပွဲကို ပုဂံရှေးဟောင်းယဉ်ကျေးမူနယ်မြေအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ယခုလ ဒီဇင်ဘာ (၃၀) ရက်နေ့တွင် (၁၀၀) ကီလိုမီတာ ခရီးရှည်မြင်းစီးပြိုင်ရမည်ဖြစ်ကာ ၊ ပြိုင်ပွဲဝင်မြင်း နှင့် အားကစားသမားများ သတ်မှတ်အရည်အချင်းပြည့်မီပါက ကမ္ဘာ့မြင်းစီးအားကစားအဖွဲ့ချုပ်မှ ပြုလုပ်သည့် နိုင်ငံတကာပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

” ဒီပြိုင်ပွဲက နိုင်ငံတကာကိုထွက်ဖို့အတွက် မြင်းရော လူရော စတားရဖို့လိုပါတယ်။ နိုင်ငံတကာပြိုင်ပွဲထွက်ဖို့ စတားရဖို့ လေးပွဲစီး ရပါတယ်။ (၄)ပွဲစလုံးကို တဆင့်ပြီးတဆင့် အောင်ဖို့လိုပါတယ်။ အခုပြိုင်ပွဲက (၄)ပွဲမြောက်ပါ။ ဒီပွဲအတွက် ကမ္ဘာ့မြင်းစီးအားကစားအဖွဲ့ချုပ်က စိစစ်မယ် “ဟု ပြိုင်ပွဲကျင်းပရေးကော်မတီတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြိုင်ပွဲဝင်မည့် မြင်းနှင့် အားကစားသမားအတွက် ပြိုင်ပွဲမဝင်မီ တစ်ရက်အလို ဒီဇင်ဘာ (၂၉)ရက်တွင် ကျန်းမာရေးများ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအမှတ်တရအနေဖြင့် ထုတ်လုပ်သည့် MEF Logo ပါ Polo Shirt နှင့် ဦးထုပ်များအား မြင်းစီးအားကစားဝါသနာရှင်များအပြင် မည်သူမဆိုဝယ်ယူအားပေးနိုင်ရန် ကြိုတင်စာရင်းပေးသွင်းမှာယူနိုင်ကြောင်း အဖွဲ့ချုပ်က နှိုးဆော်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အ.ထ.က (မော်လိုက်) နှစ်(၁၀၀) ရာပြည့် ပွဲတော်အခမ်းအနားကို ဒီဇင်ဘာ ကျောင်းပိတ်ရက်အတွင်း ခမ်းနားစွာကျင်းပမည်

အ.ထ.က (မော်လိုက်) နှစ်(၁၀၀) ရာပြည့် ပွဲတော်အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း (မော်လိုက်) ကျောင်းဝင်း၌ ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း ပျော်ပွဲရွှင်ပွဲဖျော်ဖြေရေးပွဲများနှင့်အတူ ဆုပေးပွဲအခမ်းအနားကြီးကို ခမ်းနားထည်ဝါစွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အ.ထ.က (မော်လိုက်) ရာပြည့်ပွဲဖြစ်မြောက်ရေးကော်မတီမှ သိရသည်။ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်တွင် ၁၉၂၄ ခုနှစ်မှစတင်ဖွင့်လှစ်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင်၊ မော်လိုက်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတော်ကြီး၏ သက်တမ်းမှာ နှစ်(၁၀၀)ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဘဝတွင် တစ်ကြိမ်သာကြုံနိုင်သော အခွင့်အရေးကို ရရှိခဲ့ကြသည့် ကျောင်းတော်သူ/ ကျောင်းတော်သား အဟောင်း/အသစ်များ အားလုံးစုပေါင်းပါဝင်ကာ ရာပြည့်ပွဲတော်ကြီး စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီမံဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့စီမံဆောင်ရွက်ခဲ့ရာ ပွဲတော်ရည်ရွယ်ချက်(၃)ရပ်အတိုင်း...

ထိုင်းရေပိုင်နက်အတွင်း မြန်မာငါးဖမ်းလှေတစ်စီး ဖမ်းဆီးခံရ

ပုဇွန်ချဉ် ၄၀,၀၀၀ ကီလိုဂရမ်တင်ဆောင်လာသော မြန်မာငါးဖမ်းလှေတစ်စီးနှင့် သင်္ဘောသားခြောက်ဦးကို မှောင်ခိုကုန်ကူးမှုဖြင့် ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ နိုင်ငံအတွင်း ရေထွက်ကုန်များ တရားမဝင်တင်သွင်းနေသည့် ရေယာဉ်တစ်စီးကို တွေ့ရှိထားသည်ဆိုသည့် အကြောင်းကြားချက် ရရှိပြီးနောက် ရေတပ်အရာရှိများဦးဆောင်သော တာဝန်ရှိသူများသည် ရနောင်းမြို့နယ် Pak Nam ဆိပ်ကမ်းသို့ သောကြာနေ့ည ၉ နာရီတွင် သွားရောက်ခဲ့ကြသည်ဟု အမှတ် ၃ ထိုင်းရေကြောင်းထိန်းသိမ်းရေးဗဟိုဌာနက စနေနေ့တွင် ပြောဆိုခဲ့သည်။ သင်္ဘောပေါ်တွင် သင်္ဘောသားခြောက်ဦးပါရှိသည့် မြန်မာရေယာဉ်တစ်စင်းကို ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည်ကို တာဝန်ရှိသူများတွေ့ရှိခဲ့ပြီး အဆိုပါသင်္ဘောသည် ထိုင်းနိုင်ငံအတွင်းသို့ ရေထွက်ကုန်များ သယ်ဆောင်ခွင့်...

စီးပွားရေးတိုးတက်မှုနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်းရရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်နေဟု ဦးဝင်းရှိန်ပြော

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းကို ၃ ဒသမ ၈ ရာခိုင်နှုန်းရရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။ ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်သည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ရာဂီမုန်တိုင်းနှင့် နယ်မြေဒေသ အခြေအနေများကြောင့် အချို့ကဏ္ဍများ၌ ထိခိုက်မှုရှိခဲ့သော်လည်း ဧပြီလမှ စက်တင်ဘာလအထိ ပထမခြောက်လ ကုန်ဆုံးချိန်တွင် GDP တိုးတက်မှုနှုန်း ၂ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ကြောင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071