တောင်ကိုရီးယားနိုင်ငံ ယာယီသမ္မတ ဟန်ဒပ်ခ်ဆိုးသည် တနင်္ဂနွေနေ့တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဖုန်းဆက်သွယ်ပြောဆိုခဲ့သည်ဟု ဟန်၏ရုံးက ထုတ်ပြန်ပြောဆိုသည်။
တောင်ကိုရီးယားနိုင်ငံသည် ၎င်း၏ နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒများကို အနှောင့်အယှက်မရှိစေဘဲ အကောင်အထည်ဖော်သွားမည်ဖြစ်ကာ တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ပြုမှုကို ဆက်လက်ထိန်းသိမ်း၍ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းသွားမည်ဟု ယာယီသမ္မတဟန်က ပြောဆိုခဲ့သည်။
မငြိမ်သက်မှုများ ကြီးမားနေသည့်အချိန်တွင် စစ်အုပ်ချုပ်ရေးအမိန့်ကိုကြေညာကာ နိုင်ငံရေးမတည်ငြိမ်ဖြစ်အောင် ဖန်တီးသည်ဟု စွပ်စွဲခံခဲ့ရသည့် သမ္မတ ယွန်းဆွတ်ယိုးလ်ကို တောင်ကိုရီးယားလွှတ်တော်က စွပ်စွဲပြစ်တင်မှုလုပ်ခဲ့ပြီးနောက် ယခုဖြစ်ရပ်များပေါ်ပေါက်လာခြင်းဖြစ်သည်။
တောင်ကိုရီးယားကို အမေရိက,က ထောက်ခံကြောင်း သမ္မတဘိုင်ဒင်က ထပ်လောင်းပြောကြားခဲ့ပြီး မိမိတို့၏ ခိုင်မာသော မဟာမိတ်ပြုမှုသည် အပြောင်းအလဲမရှိကြောင်း ပြောသည်။ မိမိတို့၏ မိတ်ဖက်ဆက်ဆံရေးနှင့် တောင်ကိုရီးယား၊ ဂျပန်၊ အမေရိက သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကိုခိုင်မာတိုးတက်စေရန်အတွက် အမေရိကသည် တောင်ကိုရီးယားနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဘိုင်ဒင်က ပြေဆိုခဲ့သည်။
သူ၏ အချိန်တို စစ်အုပ်ချုပ်ရေးဥပဒေကို လွှတ်တော်အမတ်များက တားမြစ်ပယ်ချခဲ့ပြီးနောက် ယွန်ဆွတ်ယိုးလ်ကို ဒုတိယမြောက် စွပ်စွဲပြစ်တင်ခြင်းအဆိုကို လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့သည်။ ယွန်း၏သမ္မတအာဏာ ကိုဆက်လက်ရပ်ဆိုင်းထားမည်ဖြစ်ပြီး ဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်က သမ္မတတာဝန် လွှဲပြောင်းယူထားစဉ်တွင် ယင်းကို ကျင့်သုံးနိုင်မည်မဟုတ်ပေ။
Ref: အင်းဒီးယန်းအိတ်စ်ပရက်စ်