Monday, December 16, 2024

တပ်မတော်(လေ)မှ ထုတ်လုပ်ထားသည့် MTX- 1A...

တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များစမ်းသပ်တီထွင်ထုတ်လုပ်ထားသည့် ကင်းထောက်လေယာဥ်အမျိုးအစားများဖြစ်သော MTX-1A နှင့် MTX-1B လေယာဉ်များသည် ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းကကျင်းပသည့် လေယာဥ်၊...

မျက်မှောက်ခေတ်စစ်ပွဲများ၌ လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက်...

မျက်မှောက်ခေတ်စစ်ပွဲများတွင် စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျသည့်အခန်းကဏ္ဍနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်(လေ)၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ယနေ့ ဒီဇင်ဘာ...

ထိုင်းပွဲတော် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ လူနှစ်ဦး ဖမ်းဆီး

လူသုံးဦးသေဆုံးကာ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရခဲ့သော မြန်မာနှင့်နယ်စပ်အနီးရှိ ပျော်ပွဲရွှင်ပွဲတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်များက အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၄...

အ.ထ.က (မော်လိုက်) နှစ်(၁၀၀) ရာပြည့်...

အ.ထ.က (မော်လိုက်) နှစ်(၁၀၀) ရာပြည့် ပွဲတော်အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း (မော်လိုက်) ကျောင်းဝင်း၌ ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း ပျော်ပွဲရွှင်ပွဲဖျော်ဖြေရေးပွဲများနှင့်အတူ ဆုပေးပွဲအခမ်းအနားကြီးကို ခမ်းနားထည်ဝါစွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အ.ထ.က...
HomeNewsLocal Newsအိန္ဒိယနိုင်ငံ၊ ရှေးဟောင်းသုတေသနဌာန(ASI) အဖွဲ့မှ...

အိန္ဒိယနိုင်ငံ၊ ရှေးဟောင်းသုတေသနဌာန(ASI) အဖွဲ့မှ ပြုပြင်ထိန်းသိမ်းခဲ့သည့် ရှေးဟောင်းအ ဆောက်အအုံ(၁၁)ဆူ၏ လုပ်ငန်းများပြီးစီး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ပုဂံရှေး ဟောင်းယဥ်ကျေးမှုနယ်မြေ၌ အိန္ဒိယနိုင်ငံ၊ ရှေး ဟောင်းသုတေသနဌာန(ASI)အဖွဲ့မှ ပြုပြင်ထိန်းသိမ်းခဲ့သည့် စီမံကိန်းပထမအဆင့် ရှေးဟောင်းအဆောက်အအုံ(၁၁)ဆူ၏ လုပ်ငန်း(၂၂)ခုမှာပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြီးစီးသွားခဲ့သဖြင့် လွှဲပြောင်းပေးအပ်ကို ဒီဇင်ဘာ ၁၃ ရက်နေ့လည် ၃ နာရီက ပုဂံရှေး ဟောင်းယဥ်ကျေးမှုနယ်မြေရှိ ရွာဟောင်းကြီးဘုရား၌ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Sh.Abhay Thakur နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့မှ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုမှတ် တမ်းကျောက်စာအား ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် ရှေးဟောင်းအဆောက်အအုံ(၁၁)ဆူ၏ အဆောက်အအုံပိုင်းဆိုင်ရာနှင့် နံရံဆေးရေးပန်းချီ၊ အင်္ဂတေပန်း၊ အနုလက်ရာပိုင်းဆိုင်ရာများ ပြုပြင်ထိန်းသိမ်းမှုမှတ်တမ်းဓာတ်ပုံများ၊ ASI မှ ပြုပြင်ထိန်းသိမ်းပြီးစီးခဲ့သည့် နတ်လျောင် ကျောင်းနှင့် သိကြားပုန်းဘုရားများကို ကြည့်ရှုခဲ့ကြသည်။

ပုဂံဒေသရှိ ငလျင်ဒဏ်သင့်ရှေးဟောင်းအ ဆောက်အအုံ(၇၂)ဆူ လုပ်ငန်း(၈၉)ခုအား ပြု ပြင်ထိန်းသိမ်းရေးအစီအစဉ်ကို မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နားလည်မှုသဝဏ်လွှာ(MOU)ကို ၂၀၁၈ ခုနှစ်တွင်ရေထိုးခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ၊ ရှေးဟောင်းသုတေသနဌာန(ASI)အဖွဲ့မှ ပြုပြင်ထိန်းသိမ်းမှုများကိုဆောင်ရွက်ခဲ့ကြသည်။

ပြုပြင်ထိန်းသိမ်းရာ၌ Phase-1, Phase-2, Phase-3 (၃)ပိုင်းခွဲ၍ (၁၀)နှစ်စီမံကိန်းဖြင့် အ ဆောက်အအုံပိုင်းနှင့် အနုလက်ရာပိုင်းထိန်း သိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းစဥ်များချမှတ်ပြီးနောက် ၂၀၂၀ ပြည့်နှစ်မှ စတင် ၍ Phase-1 အဖြစ် ရှေးဟောင်းအဆောက်အအုံ (၁၂)ဆူ၏ အဆောက်အအုံပိုင်းဆိုင်ရာပြုပြင်ထိန်းသိမ်းခြင်း၊ နံရံပန်းချီနှင့် အင်္ဂတေပန်းကြံ့ခိုင် ထိန်းသိမ်းခြင်းများကို အိန္ဒိနိုင်ငံအစိုးရအကူအညီဖြင့် အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာနမှ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ခဲ့သဖြင့် ရှေးဟောင်းအ ဆောက်အအုံ(၁၁)ဆူ၏ (လုပ်ငန်း ၂၂ ခု)မှာ ပြု ပြင်ထိန်းသိမ်းမှုများ ရာနှုန်းပြည့်ပြီးစီးခဲ့ကာ ကျန်ရှိသည့် ရှေးဟောင်းအဆောက်အအုံ(၁)ဆူအား ဆက်လက်ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်လျက်ရှိသည်။

ထို့ပြင် Phase-2 တွင် ရှေးဟောင်းအဆောက်အအုံပေါင်း(၂၇)ဆူ (လုပ်ငန်း ၃၂ ခု)နှင့် Phase-3 တွင် ရှေးဟောင်းအဆောက်အအုံပေါင်း (၃၃)ဆူ (လုပ်ငန်း ၃၃ ခု)တို့ကိုလည်း အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာနမှ ပညာရှင်များက ပြု ပြင်ထိန်းသိမ်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တပ်မတော်(လေ)မှ ထုတ်လုပ်ထားသည့် MTX- 1A နှင့် MTX-1B လေယာဉ်များ တပ်တော်ဝင်ရာတွင် ပါဝင်ပျံသန်းခဲ့

တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်များစမ်းသပ်တီထွင်ထုတ်လုပ်ထားသည့် ကင်းထောက်လေယာဥ်အမျိုးအစားများဖြစ်သော MTX-1A နှင့် MTX-1B လေယာဉ်များသည် ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းကကျင်းပသည့် လေယာဥ်၊ ရဟတ်ယာဥ်များ တပ်တော်ဝင်ရာတွင်ပါဝင်ပျံသန်းခဲ့ကြောင်း သိရသည်။ တပ်မတော်(လေ)၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် လေယာဉ်၊ ရဟတ်ယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားကို မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတက်သင်လေတပ်စခန်းဌာနချုပ်၌ကျင်းပခဲ့ခြင်းဖြစ်သည်။ ကင်းထောက်လေယာဉ်အမျိုးအစားဖြစ်သည့် အဆိုပါလေယာဉ်များကို Reverse Engineering နည်းလမ်းဖြင့် လေယာဉ်ထုတ်လုပ်မှုနည်းပညာနှင့် အတွေ့အကြုံများရရှိရန်ရည်ရွယ်၍ စမ်းသပ်ထုတ်လုပ် တပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ MTX-1A လေယာဥ်အား ၂၀၂၁ ခုနှစ်၊ မတ် ၂၅ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပြီး...

မျက်မှောက်ခေတ်စစ်ပွဲများ၌ လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကအရေးပါဟု တပ်ချုပ်ပြော

မျက်မှောက်ခေတ်စစ်ပွဲများတွင် စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျသည့်အခန်းကဏ္ဍနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်(လေ)၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ယနေ့ ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းက မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတက်သင်လေတပ်စခန်းဌာနချုပ်၌ နှစ်ပတ်လည်နေ့အခမ်းအနားကိုကျင်းပခဲ့ပြီး နိုင်ငံတော်နှင့်တပ်မတော်၏ လေကြောင်း စွမ်းပကားမြင့်မားစေရန် လေယာဉ်၊ ရဟတ်ယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနားကိုလည်း ကျင်းပခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မျက်မှောက်ခေတ် ကမ္ဘာတစ်လွှား၌ဖြစ်ပွားနေသည့် စစ်ပွဲများနှင့် လက်နက်ကိုင်ပဋိပက္ခများတွင် လေကြောင်းနှင့် အာကာသစွမ်းအားသည် စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍမှပါဝင်သည်ဟု ပြောသည်။ " လေကြောင်းစွမ်းအားသာလွန်ကောင်းမွန်ရင် ရန်သူအပေါ် လွှမ်းမိုးထိန်းချုပ်ချေမှုန်းနိုင်ပြီး မိမိတပ်ဖွဲ့တွေရဲ့...

ထိုင်းပွဲတော် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ လူနှစ်ဦး ဖမ်းဆီး

လူသုံးဦးသေဆုံးကာ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရခဲ့သော မြန်မာနှင့်နယ်စပ်အနီးရှိ ပျော်ပွဲရွှင်ပွဲတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်များက အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၄ ရက်တွင် ပြောဆိုသည်။ ဒီဇင်ဘာ ၁၃ ရက်ညက တာ့ခ်ပြည်နယ် Umphang ခရိုင်တွင် ပြုလုပ်ခဲ့စသည့် ပွဲတော်၏ ကပွဲနေရာတွင် လက်လုပ်ဗုံးပေါက်ကွဲခဲ့သည် ဟု ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဖြစ်စဉ်အတွင်း လူနှစ်ဦးသည် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး နောက်ပိုင်းတွင် ဆေးရုံ၌ နောက်ထပ်တစ်ဦး သေဆုံးခဲ့သည်ဟု ရဲက ပြောသည်။ ပွဲတော်လာသူ ၈,၀၀၀...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071