Tuesday, December 17, 2024

နိုင်ငံခြားငွေရရှိရန် ချည်ထည်များကို ပြည်ပသို့တင်ပို့နိုင်ရေးဆောင်ရွက်ရန် နစက...

နိုင်ငံတော်အတွက် နိုင်ငံခြားငွေရရှိရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းကကျင်းပသည့် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲဖွင့်ပွဲတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်...

နိုင်ငံကျော်တေးသံရှင်များစွာသီဆိုဖျော်ဖြေမည့် နေပြည်တော်နှစ်သစ်ကူးည

နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁၊၂) တွင် Myanmar Countdown 2025 အား ဒီဇင် ဘာ ၂၉ ရက်မှ ၃၁ ရက်အထိ...

နယ်စပ်ရေးရာကိစ္စများကိုဆွေးနွေးမည့် အလွတ် သဘောဆွေးနွေးပွဲ(၂)ခုသို့ ဝန်ကြီးဦးသန်းဆွေတက်ရောက်မည်

ထိုင်းနိုင်ငံတွင် လာမည့် ဒီဇင်ဘာ ၁၉ ရက်၌ပြု လုပ်မည့် အလွတ်သဘောဆွေးနွေးပွဲ(၂)ခုသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေတက်ရောက်မည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။ ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် မြန်မာနိုင်ငံနှင့်...

မြန်မာ့အရေးအစည်းအဝေးနှစ်ခုယခုတပတ်အတွင်းထိုင်းတွင်ပြုလုပ်မည်

ယခုသီတင်းပတ်အတွင်း မြန်မာ့အရေး အစည်းအဝေးနှစ်ခုကို လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံက တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး ယင်းတွင် အနည်းဆုံးအစည်းအဝေးတစ်ခု၌ နစက ကိုယ်စားလှယ်များပါဝင်မည်ဖြစ်သည်ဟု ဆိုခဲ့သည်။ မလေးရှားဝန်ကြီးချုပ်ကလည်း...
HomeNewsLocal Newsအချောသတ်လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်သည့် ရန်ကုန်မြို့မှ မြေအောက်လမ်းကူးလူသွားဥမင်...

အချောသတ်လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်သည့် ရန်ကုန်မြို့မှ မြေအောက်လမ်းကူးလူသွားဥမင် Underpass

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နှင့်ပြည်သူ့ရင် ပြင်သို့ ဖြတ်သန်းသွားလာသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေပြီး သက်သောင့်သက်သာဖြစ်စေရန်ဆောက်လုပ်နေသည့် မြေအောက်လမ်းကူးလူသွားဥမင် Underpass ၏အချောသတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင် Underpass အား ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံကြားတွင်တည်ဆောက်လျက်ရှိခြင်းဖြစ်သည်။

ထိုသို့ တည်ဆောက်ခဲ့ရာမှ လက်ရှိအချိန်တွင် အချောသတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိခြင်းအား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်အား အပိုင်း(၁)လမ်းလယ်ကျွန်းလုပ်ငန်းပြီးစီးမှု၊ အပိုင်း(၂)ဘုရားဘက်ခြမ်းလုပ်ငန်းပြီးစီးမှု၊ အပိုင်း(၃)ပြည်သူ့ရင်ပြင်ဘက်ခြမ်းလုပ်ငန်းပြီးစီးမှု၊ မီးလုပ်ငန်း၊ ရေလုပ်ငန်း၊ လေသန့်လုပ်ငန်း၊ Automation လုပ်ငန်းများပြီးစီးဖြစ်၍ လုပ်ငန်းတစ်ရပ်လုံး၏ အချောသပ်လုပ်ငန်းဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။

မြေအောက်လမ်းကူးလူသွားဥမင် Underpass သည် ၂၃ ပေအကျယ်ရှိ မြေအောက်လမ်းကူးလူသွားဥမင်ဖြစ်ကာ တစ်နာရီလျှင် လူဦးရေ (၁၄၀၀၀)ဦးဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး ရွေ့လျားစက်လှေကား(၄)စင်း၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများအသုံးပြုရန် ဓာတ်လှေကား(၁၀)ယောက်စီး(၂)စင်းပါရှိပြီး မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံခြားငွေရရှိရန် ချည်ထည်များကို ပြည်ပသို့တင်ပို့နိုင်ရေးဆောင်ရွက်ရန် နစက ဥက္ကဋ္ဌတိုက်တွန်း

နိုင်ငံတော်အတွက် နိုင်ငံခြားငွေရရှိရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းကကျင်းပသည့် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲဖွင့်ပွဲတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဝါစိုက်ပျိုးရေးအောင်မြင်ရန် အခြေအနေကောင်းများရှိနေသော်လည်း ပြည်ပမှနှစ်စဉ်ချည်နှင့် ပိတ်ထည်များကို ပမာဏများစွာတင်သွင်းနေရသည်ဟု ဆိုသည်။ ဝါစိုက်ပျိုးရေးကိုအောင်မြင်အောင်ဆောင်ရွက်ပါက နိုင်ငံတကာအဆင့်မီချည်ထည်များထုတ်လုပ်နိုင်မည်ဖြစ်ကာ အထည်ချုပ်လုပ်ငန်းများ၌ဖြစ်စေ၊ ပြည်ပသို့ပြန်လည်တင်ပို့ခြင်းဖြစ်စေဆောင်ရွက်မှသာ နိုင်ငံခြားငွေသုံးစွဲမှုကိုလျှော့ချနိုင်ပြီး နိုင်ငံတော်အတွက် နိုင်ငံခြားငွေများရရှိနိုင်မည်ဟု ပြော သည်။ ထို့ပြင် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့်ပတ်သက်၍လည်း နစကဥက္ကဋ္ဌ က " အဆင့်မြင့်ချည်ထည်တွေထုတ်လုပ်နိုင်တဲ့ ဝါမျိုးကောင်းမျိုးသန့်တွေကို စိုက်နည်းစနစ်မှန်အောင်စိုက်ပြီး ဝါအထွက်နှုန်းတိုးအောင် ဆောင်ရွက်ရပါမယ်။ တစ်ဖက်ကလည်း ဝါကြိတ်စက်ရုံတွေ၊ ချည်မျှင်နှင့်အထည်စက်ရုံတွေ...

နိုင်ငံကျော်တေးသံရှင်များစွာသီဆိုဖျော်ဖြေမည့် နေပြည်တော်နှစ်သစ်ကူးည

နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁၊၂) တွင် Myanmar Countdown 2025 အား ဒီဇင် ဘာ ၂၉ ရက်မှ ၃၁ ရက်အထိ နိုင်ငံကျော်တေးသံရှင်များစွာ၏ ဖျော်ဖြေမှုများနှင့်အတူ (၃)ရက်ကြာစည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။ နိုင်ငံကျော်တေးသံရှင်များဖြစ်သည့် Bobby Soxer ၊ ပုံရိပ်၊ လွှမ်းပိုင်၊ ချမ်းမြေ့မောင်ချို၊ ထက်ယံ၊ Examplez ၊ Double J နှင့် Team 143 တို့မှ ဒီဇင်ဘာ ၂၉ ရက်ညပိုင်းတွင် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။ ထို့ပြင် ဒီဇင်ဘာ ၃၀ ရက်ည၌ ဝိုင်းစုခိုင်သိန်း၊...

နယ်စပ်ရေးရာကိစ္စများကိုဆွေးနွေးမည့် အလွတ် သဘောဆွေးနွေးပွဲ(၂)ခုသို့ ဝန်ကြီးဦးသန်းဆွေတက်ရောက်မည်

ထိုင်းနိုင်ငံတွင် လာမည့် ဒီဇင်ဘာ ၁၉ ရက်၌ပြု လုပ်မည့် အလွတ်သဘောဆွေးနွေးပွဲ(၂)ခုသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေတက်ရောက်မည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။ ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ အလွတ်သဘောဆွေးနွေးပွဲအား လာမည့် ဒီဇင်ဘာ ၁၉ ရက်၌ကျင်းပသွားမည်ဖြစ်ကာ မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ လာအို၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ဝန်ကြီးအဆင့်ရှိသူများ၊ ဒု-ဝန်ကြီးအဆင့်ရှိသူများနှင့် တာဝန်ရှိသူများတက်ရောက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။ " အဓိကကတော့ နယ်စပ်ရေးရာကိစ္စတွေ၊ နယ် စပ်ဖြတ်ကျော်မှုခင်းကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားကြမှာပါ။ နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ပူးပေါင်းတိုက်ဖျက်ရေးအတွက်ဆောင်ရွက်သွားမှာပါ"ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071