Tuesday, December 17, 2024

ဘားအံတွင် တစ်ညတည်း မီး(၂) ကြိမ်လောင်

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ဈေးဆိုင်တန်းမီးလောင်မှုဖြစ်ပွားရာ အချိန် (၁)နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း ကရင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။ ယနေ့ ဒီဇင်ဘာ (၁၇)...

တောင်ကိုရီးယား ဆိုင်ရာ တရုတ် မူဝါဒပြောင်းလဲခြင်းမရှိ

ပေကျင်း၊ဒီဇင်ဘာ ၁၆ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကိုရီးယားသမ္မတနိုင်ငံ (ROK) ၏ပြည်တွင်းရေးကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံက မှတ်ချက်ပေးမည်မဟုတ်ကြောင်းပြောကြားခဲ့သည်။ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယော်အား စွပ်စွဲပြစ်တင်မှုနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုသည့် နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌...

တစ်ရက်ချည်ပေါင်ချိန်(၄၈၄၀)ထုတ်လုပ်နိုင်မည့် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ) ၂/၈ဝ ချည်ချောစက်ရုံခွဲစတင်ဖွင့်လှစ်

တစ်ရက်ချည်ပေါင်ချိန်(၄၈၄၀)ထုတ်လုပ်နိုင်မည့် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ) ၂/၈ဝ ချည်ချောစက်ရုံခွဲကို ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂/၈၀...

နိုင်ငံခြားငွေရရှိရန် ချည်ထည်များကို ပြည်ပသို့တင်ပို့နိုင်ရေးဆောင်ရွက်ရန် နစက...

နိုင်ငံတော်အတွက် နိုင်ငံခြားငွေရရှိရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းကကျင်းပသည့် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲဖွင့်ပွဲတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်...
HomeNewsLocal Newsနိုင်ငံကျော်တေးသံရှင်များစွာသီဆိုဖျော်ဖြေမည့် နေပြည်တော်နှစ်သစ်ကူးည

နိုင်ငံကျော်တေးသံရှင်များစွာသီဆိုဖျော်ဖြေမည့် နေပြည်တော်နှစ်သစ်ကူးည

နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(၁၊၂) တွင် Myanmar Countdown 2025 အား ဒီဇင် ဘာ ၂၉ ရက်မှ ၃၁ ရက်အထိ နိုင်ငံကျော်တေးသံရှင်များစွာ၏ ဖျော်ဖြေမှုများနှင့်အတူ (၃)ရက်ကြာစည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။

နိုင်ငံကျော်တေးသံရှင်များဖြစ်သည့် Bobby Soxer ၊ ပုံရိပ်၊ လွှမ်းပိုင်၊ ချမ်းမြေ့မောင်ချို၊ ထက်ယံ၊ Examplez ၊ Double J နှင့် Team 143 တို့မှ ဒီဇင်ဘာ ၂၉ ရက်ညပိုင်းတွင် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။

ထို့ပြင် ဒီဇင်ဘာ ၃၀ ရက်ည၌ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်၊ ဖြိုးပြည့်စုံ၊ Jewel ၊ နေမင်းအိမ်၊ ဝေလ၊ ဘိုဖြူ၊ ဟဲလေး၊ နေနော်တို့က ဖျော်ဖြေတင်ဆက်သွားကြမည်ဖြစ်သည်။

ထို့အတူ ဒီဇင်ဘာ ၃၁ ရက်(နိုင်ငံတကာနှစ်သစ်ကူးည)တွင် အိုင်းရစ်ဇင်မာမြင့်၊ ရဲရင့်အောင်၊ ယွန်းမြတ်သူ၊ ရတနာမိုင်၊ J Fire ၊ အစ္စဏီ၊ သိန်းလင်းစိုး၊ အောင်ထက်၊ Jason Ace ၊ မဟော်၊ ချစ်ကောင်း၊ Project K နှင့် Awasome Boyz တို့က ဖျော်ဖြေတင်ဆက်သွားကြမည်ဖြစ်သည်။

အဆိုပါ (၃)ရက်ကြာကျင်းပမည့် Myanmar Countdown 2025 အားလာရောက်ကြည့်ရှုလိုသူများကို အခမဲ့ဝင်ရောက်ကြည့်ရှုခွင့်ပြုသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘားအံတွင် တစ်ညတည်း မီး(၂) ကြိမ်လောင်

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ဈေးဆိုင်တန်းမီးလောင်မှုဖြစ်ပွားရာ အချိန် (၁)နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း ကရင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။ ယနေ့ ဒီဇင်ဘာ (၁၇) ရက်၊ နံနက်အစောပိုင်း (၁)နာရီ (၃) မိ နစ်အချိန်က ဘားအံမြို့နယ်၊ ဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ဈေးဆိုင်တန်းမီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ကရင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ဘားအံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ဘားအံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ငြှိမ်းသတ်ခဲ့ရာ နံနက် (၂)နာရီအချိန်တွင်...

တောင်ကိုရီးယား ဆိုင်ရာ တရုတ် မူဝါဒပြောင်းလဲခြင်းမရှိ

ပေကျင်း၊ဒီဇင်ဘာ ၁၆ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကိုရီးယားသမ္မတနိုင်ငံ (ROK) ၏ပြည်တွင်းရေးကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံက မှတ်ချက်ပေးမည်မဟုတ်ကြောင်းပြောကြားခဲ့သည်။ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယော်အား စွပ်စွဲပြစ်တင်မှုနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုသည့် နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ လင်ချန်က ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသည် အရေးကြီးသော အိမ်နီးချင်းနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံဖြစ်ကာ တရုတ်-ကိုရီးယားဆက်ဆံရေး ကောင်းမွန်ပြီး တည်ငြိမ်သည့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်းကသာ နှစ်ဖက်လုံး၏ ဘုံအကျိုးစီးပွားကို ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။ တောင်ကိုရီးယားအပေါ် တရုတ်၏မူဝါဒသည် တသမတ်တည်းရှိပြီး တည်ငြိမ်နေဆဲဖြစ်သည်ဟု ၎င်းကဆိုကာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုနှင့်...

တစ်ရက်ချည်ပေါင်ချိန်(၄၈၄၀)ထုတ်လုပ်နိုင်မည့် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ) ၂/၈ဝ ချည်ချောစက်ရုံခွဲစတင်ဖွင့်လှစ်

တစ်ရက်ချည်ပေါင်ချိန်(၄၈၄၀)ထုတ်လုပ်နိုင်မည့် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ) ၂/၈ဝ ချည်ချောစက်ရုံခွဲကို ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂/၈၀ ချည်ချောစက်ရုံခွဲကို ဖွင့်လှစ်နိုင်သည့်အတွက် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) အနေဖြင့် ပြည်တွင်း၌ လိုအပ်နေဆဲဖြစ်သည့် အရည်အသွေးကောင်းမွန်သည့် နိုင်ငံတကာအဆင့်မီ ချည်ချောများကို ထုတ်လုပ်နိုင်တော့မည်ဖြစ်သည်ဟု ပြောသည်။ ၂/၈ဝ ချည်ချောစက်ရုံခွဲသည် စက်စွမ်းအားပြည့်လည်ပတ်ပါက တစ်ရက် ချည်ပေါင်ချိန် (၄၈၄၀)ထုတ်လုပ်နိုင်မည်ဖြစ်ကာ ထွက်ရှိလာသည့် ၂/၈၀ ချည်ချောများဖြင့် လုံချည်နှင့်ပိတ်များရက်လုပ်ပြီး ပိုလျှံချည်များကို ပြင်ပဈေး ကွက်သို့ ဈေးနှုန်းသက်သာစွာဖြန့်ဖြူးရောင်းချ ပေးသွားမည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071