Tuesday, December 17, 2024

လာအိုနှင့်ထိုင်းတို့ပူးပေါင်း၍ ကျောက်ကပ်အစားထိုးကုသမှုပြုလုပ်ခဲ့

ဗီယန်ကျင်း၊ဒီဇင်ဘာ ၁၄ လာအိုနှင့်ထိုင်းတို့ပူးပေါင်း၍ ပထမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်မှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီး နှစ်နိုင်ငံရှိဆေးရုံများ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဆေးဘက်ဆိုင်ရာအောင်မြင်မှုမှတ်တိုင်တစ်ခုလည်းဖြစ်လာခဲ့သည်။ လာအိုနိုင်ငံရှိ Mittaphab ဆေးရုံနှင့် ထိုင်းနိုင်ငံ Ramathibodi ဆေးရုံတို့သည်...

အမျိုးသားအားကစားပွဲတော်၏ ဝန်ကြီးဌာနအဆင့်အားကစားပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီး ဌာနအသင်းမှ...

နေပြည်တော်၌ကျင်းပလျက်ရှိသည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်၏ ဝန်ကြီးဌာနအဆင့်အားကစားပြိုင်ပွဲတွင် ယမန်နေ့ ဒီဇင်ဘာ ၁၆ ရက်အထိ ကာကွယ်ရေးဝန်ကြီး ဌာနအသင်းမှ ဆုတံဆိပ်အများဆုံးရရှိထားကြောင်း သိရသည်။ ကာကွယ်ရေးဝန်ကြီးဌာနအသင်းသည် ရွှေတံဆိပ်...

ဘားအံတွင် တစ်ညတည်း မီး(၂) ကြိမ်လောင်

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ဈေးဆိုင်တန်းမီးလောင်မှုဖြစ်ပွားရာ အချိန် (၁)နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း ကရင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။ ယနေ့ ဒီဇင်ဘာ (၁၇)...

တောင်ကိုရီးယား ဆိုင်ရာ တရုတ် မူဝါဒပြောင်းလဲခြင်းမရှိ

ပေကျင်း၊ဒီဇင်ဘာ ၁၆ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကိုရီးယားသမ္မတနိုင်ငံ (ROK) ၏ပြည်တွင်းရေးကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံက မှတ်ချက်ပေးမည်မဟုတ်ကြောင်းပြောကြားခဲ့သည်။ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယော်အား စွပ်စွဲပြစ်တင်မှုနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုသည့် နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌...
HomeNewsLocal Newsနိုင်ငံခြားငွေရရှိရန် ချည်ထည်များကို ပြည်ပသို့တင်ပို့နိုင်ရေးဆောင်ရွက်ရန်...

နိုင်ငံခြားငွေရရှိရန် ချည်ထည်များကို ပြည်ပသို့တင်ပို့နိုင်ရေးဆောင်ရွက်ရန် နစက ဥက္ကဋ္ဌတိုက်တွန်း

နိုင်ငံတော်အတွက် နိုင်ငံခြားငွေရရှိရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းကကျင်းပသည့် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ(မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲဖွင့်ပွဲတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ဝါစိုက်ပျိုးရေးအောင်မြင်ရန် အခြေအနေကောင်းများရှိနေသော်လည်း ပြည်ပမှနှစ်စဉ်ချည်နှင့် ပိတ်ထည်များကို ပမာဏများစွာတင်သွင်းနေရသည်ဟု ဆိုသည်။

ဝါစိုက်ပျိုးရေးကိုအောင်မြင်အောင်ဆောင်ရွက်ပါက နိုင်ငံတကာအဆင့်မီချည်ထည်များထုတ်လုပ်နိုင်မည်ဖြစ်ကာ အထည်ချုပ်လုပ်ငန်းများ၌ဖြစ်စေ၊ ပြည်ပသို့ပြန်လည်တင်ပို့ခြင်းဖြစ်စေဆောင်ရွက်မှသာ နိုင်ငံခြားငွေသုံးစွဲမှုကိုလျှော့ချနိုင်ပြီး နိုင်ငံတော်အတွက် နိုင်ငံခြားငွေများရရှိနိုင်မည်ဟု ပြော သည်။

ထို့ပြင် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့်ပတ်သက်၍လည်း နစကဥက္ကဋ္ဌ က ” အဆင့်မြင့်ချည်ထည်တွေထုတ်လုပ်နိုင်တဲ့ ဝါမျိုးကောင်းမျိုးသန့်တွေကို စိုက်နည်းစနစ်မှန်အောင်စိုက်ပြီး ဝါအထွက်နှုန်းတိုးအောင် ဆောင်ရွက်ရပါမယ်။ တစ်ဖက်ကလည်း ဝါကြိတ်စက်ရုံတွေ၊ ချည်မျှင်နှင့်အထည်စက်ရုံတွေ အဆင့်မြှင့်တင်ပေးပြီး ဝါကိုအခြေခံတဲ့စက်မှုလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားကြရပါမယ်”ဟု ပြောသည်။

ထို့အတူ ယမန်နေ့ကဖွင့်လှစ်သည့် ၂/၈၀ ချည်ချောစက်ရုံသည် နိုင်ငံ၏အဝတ်အထည်လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှများစွာအထောက်အကူပြုစေမည်ဖြစ်သည်ဟုဆိုသည်။

ထို့ကြောင့် တစ်နိုင်ငံလုံး၊ ပြည်သူလူထုတစ်ရပ်လုံး၊ အထည်အလိပ်အထောက်အကူပြု MSME လုပ်ငန်းစဉ်များတစ်ခုလုံးကို ဦးတည်ဆောင်ရွက်ကြရန်လည်း နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာအိုနှင့်ထိုင်းတို့ပူးပေါင်း၍ ကျောက်ကပ်အစားထိုးကုသမှုပြုလုပ်ခဲ့

ဗီယန်ကျင်း၊ဒီဇင်ဘာ ၁၄ လာအိုနှင့်ထိုင်းတို့ပူးပေါင်း၍ ပထမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်မှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီး နှစ်နိုင်ငံရှိဆေးရုံများ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဆေးဘက်ဆိုင်ရာအောင်မြင်မှုမှတ်တိုင်တစ်ခုလည်းဖြစ်လာခဲ့သည်။ လာအိုနိုင်ငံရှိ Mittaphab ဆေးရုံနှင့် ထိုင်းနိုင်ငံ Ramathibodi ဆေးရုံတို့သည် လာအိုနိုင်ငံ၌ ဆေးကုသမှု အထူးသဖြင့် ကျောက်ကပ် အစားထိုးကုသမှုများတွင် ပူးတွဲအလုပ်ရုံဆွေးနွေးပွဲများ၊လေ့ကျင့်မှုများ နှင့် အဆင့်မြင့်နည်းပညာများဆည်းပူးခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်းသိရသည်။ အဆိုပါပူးပေါင်းဆောင်ရွက်မှုကို အဆင့်နှစ်ဆင့်ခွဲထားသည်ဟုသိရပြီး ပထမအဆင့်ကို ၂၀၂၃ ခုနှစ် နှစ်လယ်၌စတင်ကာ Mittaphab ဆေးရုံရှိ ကျောက်ကပ်အလှူရှင်နှင့်လက်ခံသူဝို့၏ ကို စစ်ဆေးခြင်း၊ကိုယ်ခံအား ၊အယောင်ကျဆေး အသုံးပြုခြင်း၊ခွဲစိတ်ပြီး နောက်ပိုင်း ကုသမှု၊ နောက်ဆက်တွဲ ပြသနာ များကို...

အမျိုးသားအားကစားပွဲတော်၏ ဝန်ကြီးဌာနအဆင့်အားကစားပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီး ဌာနအသင်းမှ ဆုတံဆိပ်အများဆုံးရရှိထား

နေပြည်တော်၌ကျင်းပလျက်ရှိသည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်၏ ဝန်ကြီးဌာနအဆင့်အားကစားပြိုင်ပွဲတွင် ယမန်နေ့ ဒီဇင်ဘာ ၁၆ ရက်အထိ ကာကွယ်ရေးဝန်ကြီး ဌာနအသင်းမှ ဆုတံဆိပ်အများဆုံးရရှိထားကြောင်း သိရသည်။ ကာကွယ်ရေးဝန်ကြီးဌာနအသင်းသည် ရွှေတံဆိပ် ၁၃ ခု၊ ငွေတံဆိပ် ၉ ခု၊ ကြေးတံဆိပ် ၉ ခု (စုစုပေါင်း ဆုတံဆိပ် ၃၁ ခု)ဖြင့် ဆုတံဆိပ်အများဆုံးရရှိကာ ထိပ်ဆုံးတွင်ရပ်တည်လျက်ရှိပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် ၇ ခု၊ ကြေးတံဆိပ် ၇ ခု (စုစုပေါင်း ဆုတံဆိပ်...

ဘားအံတွင် တစ်ညတည်း မီး(၂) ကြိမ်လောင်

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ဈေးဆိုင်တန်းမီးလောင်မှုဖြစ်ပွားရာ အချိန် (၁)နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း ကရင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။ ယနေ့ ဒီဇင်ဘာ (၁၇) ရက်၊ နံနက်အစောပိုင်း (၁)နာရီ (၃) မိ နစ်အချိန်က ဘားအံမြို့နယ်၊ ဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ဈေးဆိုင်တန်းမီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ကရင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ဘားအံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ဘားအံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ငြှိမ်းသတ်ခဲ့ရာ နံနက် (၂)နာရီအချိန်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071