ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ဈေးဆိုင်တန်းမီးလောင်မှုဖြစ်ပွားရာ အချိန် (၁)နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း ကရင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
ယနေ့ ဒီဇင်ဘာ (၁၇) ရက်၊ နံနက်အစောပိုင်း (၁)နာရီ (၃) မိ နစ်အချိန်က ဘားအံမြို့နယ်၊ ဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ဈေးဆိုင်တန်းမီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ကရင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ဘားအံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ဘားအံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ငြှိမ်းသတ်ခဲ့ရာ နံနက် (၂)နာရီအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာ (၁၆) ရက်၊ ည(၈)နာရီ အချိန်ခန့်ကလည်း ဘားအံ့မြို့နယ်၊ သာမညအပိုင်၊ ဝင်းစိန်ကျေးရွာ၊ ရာဘာမှိုင်းခံရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဘားအံ့ခရိုင်၊ မြို့နယ်နှင့် သက်ဆိုင်ရာ နယ်မြေခံ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ရေသယ်ယာဉ်များ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရရာ ည (၉)နာရီ (၁၀)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ည (၉)နာရီ မိနစ် (၅၀) အချိန် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။