Tuesday, December 17, 2024

Tik Tok စီအီးအိုနှင့် ထရမ့်ပ်...

နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်ရသည်ဟု ဆိုကာ နာမည်ကျော် ဗီဒီယိုအက်ပ်ကို အမေရိကတွင် ပိတ်ပင်တားမြစ်ခံရနိုင်သည့်အရေးနှင့်ကြုံတွေ့ရန် သီတင်းပတ်မျှသာလိုတော့သည့် ဒီဇင်ဘာလ ၁၆ ရက် နေ့တွင် Tik...

(၁၁) လအတွင်း တနင်္သာရီတိုင်း ဒေသကြီးသို့...

၂၀၂၄ ခုနှစ်၏ (၁၁) လအတွင်း တနင်္သာရီတိုင်းဒေသကြီးသို့ ပြည်တွင်း၊ ပြည်ပခရီးသွား စုစုပေါင်း (၈)သိန်းခွဲအထိ ဝင်ရောက်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ထားဝယ်ရုံးခွဲမှ သိရသည်။ ပြီးခဲ့သည့်...

တရုတ်-မြန်မာ ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော် မာရသွန်...

တရုတ်-မြန်မာ ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော် မာရသွန် ပြေးပွဲကို လာမည့်နှစ် ဇန်နဝါရီလ (၅) ရက်တွင် စတင်ယှဉ်ပြိုင်ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ...

လွတ်လပ်ရေးနေ့ ကျင်းပရေး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့...

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ကဒီဇင်ဘာလ (၁၆) ရက်၊ မွန်းလွဲပိုင်းတွင် အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။ "နိုင်ငံတော်ရဲ့ ထူးခြားမွန်မြတ်လှတဲ့...
HomeNewsFootballယူ- ၁၅ လူငယ်လိဂ်ပြိုင်ပွဲ...

ယူ- ၁၅ လူငယ်လိဂ်ပြိုင်ပွဲ (၆) လ ကြာကျင်းပပြုလုပ်မည်

ယူ-၁၅ လူငယ်လိဂ်ပြိုင်ပွဲကို ယခုလ ဒီဇင်ဘာနောက်ဆုံးပတ်မှစတင်၍ (၆) လ ကြာ ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားသည်။

ပြိုင်ပွဲကို အပတ်စဉ် စနေနှင့် တနင်္ဂနွေ‌နေ့များတွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲကာလမှာ ပထမအကျော့ (၃) လ၊ ဒုတိယအကျော့ (၃)လဖြင့် စုစုပေါင်း (၆) လ ကြာ ကျင်းပသွားမည်ဖြစ်သည်။

FIFA-MFF U15 Boys Leagu2024-2025 ကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များတွင် ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး၊ ပြိုင်ပွဲဝင်ခွင့်ရအသင်းများအား ပြိုင်ပွဲစရိတ် ထောက်ပံ့သွားမည်ဖြစ်ကာ ပထမ၊ ဒုတိယ၊ တတိယ ဆုရအသင်းများအား ဆုကြေးငွေ၊ ဆုဖလားနှင့် ဆုတံဆိပ်များ ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က နှစ်စဉ်ကျင်းပပြုလုပ်ပေးလျက်ရှိပြီး၊ လူငယ်မျိုးဆက်သစ်များ ဘောလုံးလှုပ်ရှားမှုများတွင် ပါဝင်လာရေး၊ ပြည်တွင်း လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး၊ မျိုးဆက်သစ် လူငယ်ကစားသမားများ ပေါ်ထွက်လာရေး၊ FIFA, AFC, AFF လူငယ်ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများ အောင်မြင်မှု ရရှိရေးအတွက် ရည်ရွယ်၍ ဖီဖာလမ်းညွှန်ချက်များနှင့်အညီ အသက် (၁၅) နှစ်အောက် လူငယ်ဘောလုံး လိဂ်ပြိုင်ပွဲကျင်းပပေးလျက်ရှိသည်။

ယခင်နှစ် ၂၀၂၃-၂၀၂၄ ပြိုင်ပွဲတွင် ရှမ်း (တောင်)အသင်းက အနိုင်ရဗိုလ်စွဲထားပြီး ယူ-၁၅ လိဂ်ပြိုင်ပွဲ၏ ပထမဆုံး ချန်ပီယံအသင်းအဖြစ် မှတ်တမ်း ရေးထိုးထားနိုင်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Tik Tok စီအီးအိုနှင့် ထရမ့်ပ် တွေ့ဆုံ

နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်ရသည်ဟု ဆိုကာ နာမည်ကျော် ဗီဒီယိုအက်ပ်ကို အမေရိကတွင် ပိတ်ပင်တားမြစ်ခံရနိုင်သည့်အရေးနှင့်ကြုံတွေ့ရန် သီတင်းပတ်မျှသာလိုတော့သည့် ဒီဇင်ဘာလ ၁၆ ရက် နေ့တွင် Tik Tok စီအီးအို Chew Shou Zi သည် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် Mar-a-Lago တွင် တွေ့ဆုံခဲ့သည်။ လူငယ်မဲဆန္ဒရှင်များကို စည်းရုံးရာတွင် သူ အသုံးပြုခဲ့သော Tik Tok ဆက်လက်ရပ်တည်နိုင်ရေးအတွက် တားမြစ်ချက်ကို တနည်းတဖုံ ပြောင်းပြန်လှန်ရန် ထရမ့်ပ်က သဘောထားပေးခဲ့ပြီး နာရီပိုင်းအကြားတွင် အဆိုပါ သီးသန့်တွေ့ဆုံမှုဖြစ်ပေါ်ခဲ့ခြင်းဟု...

(၁၁) လအတွင်း တနင်္သာရီတိုင်း ဒေသကြီးသို့ ပြည်တွင်း၊ ပြည်ပခရီးသွား စုစုပေါင်း (၈)သိန်းခွဲအထိ ဝင်ရောက်ထား

၂၀၂၄ ခုနှစ်၏ (၁၁) လအတွင်း တနင်္သာရီတိုင်းဒေသကြီးသို့ ပြည်တွင်း၊ ပြည်ပခရီးသွား စုစုပေါင်း (၈)သိန်းခွဲအထိ ဝင်ရောက်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ထားဝယ်ရုံးခွဲမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း၊ ပြည်ပခရီးသွား စုစုပေါင်း (၁)သန်းကျော်ဝင်ရောက်ထားပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ ပြည်တွင်း၊ ပြည်ပ ခရီးသွား (၈)သိန်းခွဲအထိ ဝင်ရောက်ထားကြောင်း သိရသည်။ ယင်းဒေသတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ခွင့်ပြုထားသည့် လိုင်စင်ရ ဟိုတယ်စုစုပေါင်း (၆၄) လုံးရှိပြီး လက်ရှိတွင် (၄၅) လုံးဖွင့်လှစ်ထား‌ကြောင်း သိရသည်။ ကျွန်းပေါင်း (၈၀၀)...

တရုတ်-မြန်မာ ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော် မာရသွန် ပြေးပွဲ ပြုလုပ်မည်

တရုတ်-မြန်မာ ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော် မာရသွန် ပြေးပွဲကို လာမည့်နှစ် ဇန်နဝါရီလ (၅) ရက်တွင် စတင်ယှဉ်ပြိုင်ပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အမျိုးသား အားကစားသမား (၁၂) ဦးအပါအဝင် အယောက် (၁၀၀၀) ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံသားများ မာရသွန်ပြိုင်ပွဲ၊ မြန်မာနိုင်ငံသားများအဆွက် မာရသွန်ပြိုင်ပွဲဆုများလည်း သီးသန့်စီစဉ်ထားကာ တရုတ်-မြန်မာနှစ်နိုင်ငံမှ မူလတန်းကျောင်းသားများ၊ ဒေသခံတိုင်းရင်းသားလူမျိုး (၅) ခု စသည့် လူပေါင်း (၁၂၀၀) ကျော်ဖြင့် ပန်းဖွားအကအဖွဲ့ဖွဲ့စည်းကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071