Tuesday, December 17, 2024

ရာသီဥတုအခြေအနေနှစ်ရပ်ကြောင့် ဒီဇင်ဘာ ၂၀ ရက်မှ...

ရာသီဥတုအခြေအနေနှစ်ရပ်ကြောင့် နေပြည် တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၈)ခု၌ လာမည့် ဒီဇင်ဘာ ၂၀ ရက်မှ ၂၃ ရက်အတွင်း မိုး သည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးဇလမှ...

အမေရိကန်စစ်သင်္ဘော ကမ္ဘောဒီးယားကို ရောက်လာ

အရှေ့တောင်အာရှတွင် တရုတ်နိုင်ငံ၏ အရင်းနှီးဆုံးမဟာမိတ်ဖြစ်သော ကမ္ဘောဒီးယားနိုင်ငံသို့ ၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တနင်္လာနေ့တွင် အမေရိကန်စစ်သင်္ဘောတစ်စီး ဆိုက်ရောက်လာခဲ့သည်။ ဆိပ်ကမ်းသို့ရောက် လာခြင်းသည် မကြာခဏဆိုသလို...

ထိုင်း-မလေးရှား နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်

ထိုင်းနှင့် မလေးရှားတို့သည် ၂၀၂၇ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ကို အမေရိကန်ဒေါ်လာ ၃၀ ဘီလျံ အထိ ရောက်ရှိရန် မျှော်မှန်းထားပြီး ကုန်သွယ်ရေး၊...

ထိုင်းရေလုပ်သား လေးဦးကို လွတ်လပ်ရေးနေ့တွင် ပြန်လွှတ်ပေးမည်ဟု...

ပြီးခဲ့သည့်လကုန်ပိုင်းက ရနောင်းပြည်နယ် ကမ်းလွန်ရှိ ငါးဖမ်းလှေတစ်စီးပေါ်မှ ဖမ်းဆီးရမိထားသည့် ထိုင်း ရေလုပ်သားလေးဦးကို မြန်မာအစိုးရက ဇန်နဝါရီ ၄ ရက်တွင် ပြန်လွှတ်ပေးမည်ဖြစ်သည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီး...
HomeNewsLocal Newsမြန်မာ-လာအို ပွဲစဉ်အပြီး ပွဲကြည့်ပရိတ်သတ်အတွက်...

မြန်မာ-လာအို ပွဲစဉ်အပြီး ပွဲကြည့်ပရိတ်သတ်အတွက် အခမဲ့ အိမ်ပြန်ခရီးစဉ် ဆောင်ရွက်ထား

အာဆီယံချန်ပီယံရှစ် မစ်ဆူဘီရှီဖလား ပြိုင်ပွဲ မြန်မာ-လာအို ပွဲစဉ်ကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းအတွင်း ဒီဇင်ဘာ (၁၈)ရက်၊ ည(၅) နာရီအချိန်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ၊ ပွဲစဉ်အပြီး ပရိတ်သတ်များ မြို့နယ်များအလိုက် အိမ်ပြန်ခရီးအတွက် အခမဲ့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပွဲကြည့်ပရိတ်သတ်များ အပြန်ခရီးအတွက် ယာဉ်များစီစဉ်ပေးရာ၌ အုပ်စု(၅) စု သတ်မှတ်ထားကာ အုပ်စု(၁) အနေဖြင့် ဘောလုံးကွင်း -ကျောက်တိုင်-သာကေတ- ဆူးလေးခရီး စဉ်အတွက် (၁၅) စီး၊ အုပ်စု(၂)ဘောလုံးကွင်း – စံပြဈေး – ဘေလီ-ပင်လုံ-ပြည်ထောင်စုလမ်း- ၇/၈ လမ်းဆုံ- ဒဂုံတက္ကသိုလ်(၁၅)စီး စုစုပေါင်း (၇၅)စီး စီစဉ်ထားရှိကြောင်း သိရသည်။

ထို့အတူ အုပ်စု (၃)ဘောလုံးကွင်း- တောင်မြောက်လမ်းဆုံ – လှော်ကားလမ်း – ၇၁ ဂိတ်ဆုံး(၁၅)စီး၊ အုပ်စု (၄) ဘောလုံးကွင်း – ဝေဇယန္တာ လမ်းအတိုင်း- ခြောက်ကွေ့-အဝေးပြေး (၁၅)စီး၊ အုပ်စု(၅) ဘောလုံးကွင်း – အရှေ့မြင်းပြိုင်ကွင်း – ရန်ကင်း – လှည်းတန်း- အင်းစိန်လမ်း-သမိုင်းလမ်းဆုံ(၁၅) စီး အသီးသီး စီစဉ်ထားရှိကြောင်း သိရသည်။

အုပ်စု(၂)၊ (၃)ခရီးစဉ်အတွက် ဂိတ် (၆)နှင့် ဂိတ် (၇)အကြား ၌ သွားရောက်စီးနင်းရမည်ဖြစ်ပြီး၊ အုပ်စု(၁)၊(၄)၊(၅) အတွက် ဂိတ်(၂)နှင့် ဂိတ်(၉) အကြား၌ သွားရောက်စီးနင်းကြရမည် ဖြစ်ကြောင်း သိရသည်။

ယခုလ ဒီဇင်ဘာ (၉)ရက် မြန်မာ-အင်ဒိုနီးရှားပွဲစဉ်အပြီးတွင်လည်း ယင်းသို့ အခမဲ့ အိမ်ပြန်ခရီးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ပေးခဲ့သေးသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရာသီဥတုအခြေအနေနှစ်ရပ်ကြောင့် ဒီဇင်ဘာ ၂၀ ရက်မှ ၂၃ ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၈)ခု၌ မိုးသည်းထန်စွာရွာသွန်းနိုင်

ရာသီဥတုအခြေအနေနှစ်ရပ်ကြောင့် နေပြည် တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၈)ခု၌ လာမည့် ဒီဇင်ဘာ ၂၀ ရက်မှ ၂၃ ရက်အတွင်း မိုး သည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးဇလမှ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ည ၆ နာရီက အထူးမိုးလေဝသသတင်းအဖြစ် အသိပေးခဲ့သည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့်တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသောလေအေးများတွေ့ဆုံမှု၊ ဘင်္ဂလားပင်လယ် အော်အနောက်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှ ထွက်လာသော တိမ်တိုက်များဖြစ်ပေါ်နေသည်ဟု မိုးဇလကအ သိပေးခဲ့သည်။ ထို့ကြောင့် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေး တိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်...

အမေရိကန်စစ်သင်္ဘော ကမ္ဘောဒီးယားကို ရောက်လာ

အရှေ့တောင်အာရှတွင် တရုတ်နိုင်ငံ၏ အရင်းနှီးဆုံးမဟာမိတ်ဖြစ်သော ကမ္ဘောဒီးယားနိုင်ငံသို့ ၈ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တနင်္လာနေ့တွင် အမေရိကန်စစ်သင်္ဘောတစ်စီး ဆိုက်ရောက်လာခဲ့သည်။ ဆိပ်ကမ်းသို့ရောက် လာခြင်းသည် မကြာခဏဆိုသလို တင်းမာနေခဲ့သော ဆက်ဆံရေး ကို မြှင့်တင်ခြင်းပင် ဖြစ်သည်ဟု ကမ္ဘောဒီးယားအစိုးရက မှတ်ချက်ပြု ပြောကြားခဲ့သည်။ The USS Savannah သည် ငါးရက်ကြာခရီးအတွက် ထိုင်းပင်လယ်ကွေ့ရှိ Sihanoukville ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့သည်။ ကမ်းနီးတိုက်ခိုက်ရေးရေယာဉ် Littoral Combat Ship အမျိုးအစားဖြစ်သော The Savannah ၌ အမှုထမ်း ၁၀၃...

ထိုင်း-မလေးရှား နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်

ထိုင်းနှင့် မလေးရှားတို့သည် ၂၀၂၇ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ကို အမေရိကန်ဒေါ်လာ ၃၀ ဘီလျံ အထိ ရောက်ရှိရန် မျှော်မှန်းထားပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဆက်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းစသည့် အဓိကနယ်ပယ်များတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် နှစ်နိုင်ငံ သဘောတူညီခဲ့ကြသည်။ တနင်္လာနေ့တွင် ပြီးဆုံးခဲ့သော ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၏ နှစ်ရက်ကြာ မလေးရှားနိုင်ငံခရီးစဉ်အတွင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ၌ အဆိုပါကိစ္စရပ်များကို သဘောတူညီခဲ့ကြသည်။ ခရီးစဉ်အတွင်း မစ္စပေတုံတန်နှင့် မစ္စတာအန်ဝါတို့သည် ၇ ကြိမ်မြောက် နှစ်ပတ်လည် ညှိနှိုင်းဆွေးနွေးပွဲကို ပူးတွဲသဘာပတိအဖြစ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071