Wednesday, December 18, 2024

မြန်မာ-ကိုရီးယားနှစ်နိုင်ငံ အနာဂတ်တွင်ဦးစားပေးသင့်သည့် စီးပွားရေးဈေးကွက်ကဏ္ဍများအပေါ် သုတေသနပြုရန်...

မြန်မာ-ကိုရီးယားနှစ်နိုင်ငံ အနာဂတ်တွင်ဦးစားပေးသင့်သည့် စီးပွားရေးဈေးကွက်ကဏ္ဍများအပေါ် သုတေသနပြုရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံအမတ်ကြီးဦးသန့်စင်က အလေးပေးပြောကြားသည်။ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ဒီဇင်ဘာ ၁၄ ရက်ကပြုလုပ်ခဲ့သည့် “အာဆီယံ-ကိုရီးယား...

တာချီလိတ်မြို့တွင် ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲသူများကိုဖမ်းဆီးရမိထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲခေါ်ဆောင်သွားသူများကို ယနေ့ ဒီဇင်ဘာ ၁၈ ရက်ညနေပိုင်းကဖမ်းဆီးရမိထားကြောင်း ကနဦးသိရသည်။ တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ...

အာဆီယံဖလား တတိယအကျော့ မြန်မာ –...

အာဆီယံဖလား တတိယအကျော့ပွဲစဉ်အား မြန်မာ-လာအို အသင်းတို့ ယနေ့ ဒီဇင်ဘာ (၁၈)ရက် ညနေ(၅)အချိန်တွင် ရန်ကုန်မြို့ ၊ သုဝဏ္ဏအမျိုးသားအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက...

ဓာတ်သတ္တု(ရွှေ)ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်လျှောက်ထားပါက လုပ်ငန်းပမာဏ၏ (၂၅)ရာခိုင်နှုန်းကို...

ဓာတ်သတ္တု(ရွှေ)ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းပမာဏ၏ (၂၅) ရာခိုင်နှုန်းကို တင်ပြရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ထု တ်ပြန်ထားသည်။ လျှောက်ထားရာတွင် သတ္တုတွင်းက ထုတ်ပေးသည့် ပုံစံ(၂) ဖောင်ကို...
HomeInternationalအာကာသအမှိုက်ရှင်းလင်းရေး ဂျပန်နှင့် အိန္ဒိယ...

အာကာသအမှိုက်ရှင်းလင်းရေး ဂျပန်နှင့် အိန္ဒိယ ပူးပေါင်းလေ့လာမည်

ကမ္ဘာပတ်လမ်းကြောင်း ပိတ်ဆို့မှုဆိုင်ရာ ပြဿနာကြီးမားလာမှုကို ဖြေရှင်းရန် စမ်းသပ်နည်းလမ်းတစ်ခုအဖြစ် ပတ်လမ်းအတွင်းရှိ အပျက်အစီးအပိုင်းအစများကို လေဆာတပ်ဆင်ထားသော ဂြိုဟ်တုများသုံး၍ ဖယ်ရှားခြင်းကို ပူးတွဲလေ့လာရန် သဘောတူညီခဲ့သည်ဟု ဂျပန်နှင့် အိန္ဒိယ အာကာသကုမ္ပဏီသစ်များက ပြောကြားလိုက်သည်။

တိုကျိုအခြေစိုက် Orbital Lasers နှင့် အိန္ဒိယစက်ရုပ်ကုမ္ပဏီ InspeCity တို့က ၎င်းတို့အနေဖြင့် ဂြိုဟ်တုပျက်များက ပတ်လမ်းကြောင်းကိုပိတ်ခြင်းနှင့် အာကာသယာဉ်၏သက်တမ်းကို တိုးမြှင့်ခြင်းကဲ့သို့ အာကာသတွင်းဝန်ဆောင်မှုများအတွက် စီးပွားရေးအခွင့်အလမ်းများကို လေ့လာသွားမည်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ယခုနှစ်တွင် ဂျပန်ဂြိုဟ်တုကုမ္ပကြီး Sky Perfect JSAT မှ ခွဲထုတ်လိုက်သည့် Orbital Lasers သည် လေဆာစွမ်းအင်ကို အသုံးပြုကာ အပျက်အစီးပိုင်းအစများ၏ မျက်နှာပြင်ရှိ သေးငယ်သောအစိတ်အပိုင်းများကို အငွေ့ပျံစေခြင်းဖြင့် အာကာသအမှိုက်များ၏ လှည့်ပတ်မှုကို ရပ်တန့်စေမည့် စနစ်တစ်ခုတည်ဆောက်နေသည်။

Orbital Lasers သည် အာကာသတွင်း သရုပ်ပြစနစ်တစ်ခုကို ၂၀၂၇ ခုနှစ်နောက်ပိုင်းတွင် အော်ပရေတာများသို့ ထောက်ပံ့ပေးရန် စီစဉ်နေကြောင်း ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဦးဆောင်သူ Aditya Baraskar က ပြောဆိုခဲ့သည်။ ကုမ္ပဏီများသည် အိန္ဒိယနှင့် ဂျပန်ရှိ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို လိုက်နာနိုင်ပါက InspeCity ဂြိုဟ်တုများတွင် အဆိုပါစနစ်ကို တပ်ဆင်နိုင်မည်ဖြစ်သည်ဟု Baraskar က ဆက်လက်ပြောဆိုခဲ့သည်။

ပူးပေါင်းဆောင်ရွက်မှုကို စတင်ရန်အတွက် ပဏာမသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု ကုမ္ပဏီများက ပြောကြားခဲ့သည်။ InspeCity ကို ၂၀၂၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် ဒေါ်လာ ၁ဒဿမ ၅ သန်းရရှိခဲ့ကာ ဇန်နဝါရီလကမှ ထူထောင်ခဲ့သော Orbital Lasers သည် ယန်းသန်း ၉၀၀ (ဒေါ်လာ ၅ ဒဿမ ၈ သန်း) ရရှိခဲ့သည်။

ဂြိုဟ်တုများနှင့် အာကာသအမှိုက်များ အလျင်အမြန် တိုးလာမှုကြောင့် ကမ္ဘာပတ်လမ်းအနိမ့်ပိုင်းရှိ အရာဝတ္ထု့များကို ခြေရာခံ စီမံကိုင်တွယ်ရန် အရေးတကြီးလိုအပ်လာသည်ဟု ကုလသမဂ္ဂ၏ အာကာသယာဉ်သွားလာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့က အောက်တိုလအနှောင်းပိုင်းတွင် ပြောဆိုခဲ့သည်။

Ref: ဂျပန်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ကိုရီးယားနှစ်နိုင်ငံ အနာဂတ်တွင်ဦးစားပေးသင့်သည့် စီးပွားရေးဈေးကွက်ကဏ္ဍများအပေါ် သုတေသနပြုရန် မြန်မာသံအမတ်ကြီးပြော

မြန်မာ-ကိုရီးယားနှစ်နိုင်ငံ အနာဂတ်တွင်ဦးစားပေးသင့်သည့် စီးပွားရေးဈေးကွက်ကဏ္ဍများအပေါ် သုတေသနပြုရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံအမတ်ကြီးဦးသန့်စင်က အလေးပေးပြောကြားသည်။ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ဒီဇင်ဘာ ၁၄ ရက်ကပြုလုပ်ခဲ့သည့် “အာဆီယံ-ကိုရီးယား အကြံပေးအဖွဲ့ဝင်များ စားပွဲဝိုင်းဆွေးနွေးပွဲသို့ မြန်မာသံအမတ်ကြီးတက်ရောက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာသံအမတ်ကြီးမှ မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ကုန်သွယ်မှုကိစ္စနှင့် အနာဂတ်တွင်ဦးစားပေးသင့်သည့် စီးပွားရေးဈေးကွက်ကဏ္ဍများအပေါ် သုတေသနပြုရေးတို့ကို အလေးပေးပြောကြားခဲ့သည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲအား ကိုရီးယားနိုင်ငံရှိ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနက အိမ်ရှင်အဖြစ်လက်ခံ၍ ကိုရီးယားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ စီစဉ်ကျင်းပပေးခြင်းဖြစ်ကာ စီးပွားရေးမူဝါဒဆိုင်ရာအကြံပေးအဖွဲ့ဆွေးနွေးပွဲ၏ ရည်မှန်းချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများနှင့် လုပ်ငန်းစဉ်များ၊ အာဆီယံနှင့် တောင်ကိုရီးယားနိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်း...

တာချီလိတ်မြို့တွင် ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲသူများကိုဖမ်းဆီးရမိထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲခေါ်ဆောင်သွားသူများကို ယနေ့ ဒီဇင်ဘာ ၁၈ ရက်ညနေပိုင်းကဖမ်းဆီးရမိထားကြောင်း ကနဦးသိရသည်။ တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နံနက် ၆ နာရီခွဲခန့်က ဆိုင်ရှေ့ထွက်၍လမ်းအားရေဖြန်းနေသည့် "OK"ငွေလဲဆိုင်ပိုင်ရှင်ဖြစ်သူ အသက်(၈၀)နှစ်နီးပါးခန့်ရှိ အမျိုးသားကြီးတစ်ဦးအား အိမ်စီးကားတစ်စီးဖြင့်ရောက်ရှိလာကာ သေနတ်များကိုင်ဆောင်ထားသည့် အမျိုးသား (၃)ဦးက အတင်းအကြပ်ပြန်ပေးဆွဲခေါ်ဆောင် သွားခဲ့ကြကြောင်း သိရသည်။ ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲခေါ်ဆောင်စဉ် နေအိမ်အတွင်းမှ အမျိုးသမီးတစ်ဦးထွက်လာ၍ ပြန်ဆွဲမှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ပြစ်မှုကျူးလွန်သူများသည် ကားဖြင့်မောင်းနှင်ထွက်ပြေးရာ အမျိုးသမီးဖြစ်သူမှာ တရွတ်တိုက်ပါသွားပြီးနောက် ပြုတ်ကျကျန်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့်...

အာဆီယံဖလား တတိယအကျော့ မြန်မာ – လာအိုပွဲစဉ်တွင် မြန်မာအသင်း (၃)ဂိုး (၂) ဂိုးဖြင့် အနိုင်ရ

အာဆီယံဖလား တတိယအကျော့ပွဲစဉ်အား မြန်မာ-လာအို အသင်းတို့ ယနေ့ ဒီဇင်ဘာ (၁၈)ရက် ညနေ(၅)အချိန်တွင် ရန်ကုန်မြို့ ၊ သုဝဏ္ဏအမျိုးသားအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက (၃)ဂိုး(၂)ဂိုးဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။ ယနေ့ ပွဲစဉ်တွင် ကျောနံပါတ်(၇) လွင်မိုးအောင်က အဖွင့်ဂိုး (၁)ဂိုး စတင် သွင်းယူခဲ့ပြီး ၊ ကျောနံပါတ် (၅) နန္ဒကျော်က (၁)ဂိုး၊ ကျောနံပါတ် (၂၂) ဇော်ဝင်းသိန်းတို့က အသီးသီး သွင်းယူပေးခဲ့ကြခြင်းဖြစ်သည်။ ယနေ့ပွဲစဉ်အတွင်း ယခင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်ပွဲစဉ်အတွင်း ပါဝင်ခြင်းမရှိသည့် မြန်မာ့လက်ရွေးစင်အသင်း၏ အမာခံ တိုက်စစ်မှူး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071